×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Tuesday, 03 July 2018
သဒ္ဒါနှင့်ဆိုင်၍ အမှားများလေ့ရှိသော အချက် (၁၀) ချက်
သဒ္ဒါနှင့်ဆိုင်၍ အမှားများလေ့ရှိသော အချက် (၁၀) ချက် google.com
၁။ ဝါကျ ၂ကြောင်းခွဲသင့်လျှက် မခွဲဘဲ တစ်ကြောင်းတည်းပူးရေးထားသော ဝါကျပူးဆိုသည်မှာ ဝါကျရှည်ဖြစ်သည်ဟု ထင်တတ်ပါသည်။ မဟုတ်ပါ။ ဝါကျ တိုသော်လည်း ဝါကျပူး ဖြစ်နိုင်ပါသည်။
ဝါကျပူး တစ်ကြောင်းတွင် စာကြောင်းအစိတ်အပိုင်းများကို ပုြဒ်ဖတ် ပုဒ်မ မသုံးဘဲ သို့မဟုတ် စကားဆက် မပါဘဲ ပူးတွဲ၍ ရေးထားခြင်း ဖြစ်ပါသည်။ “I am short he is tall” (ကျွန်တော်အရပ်ပု သူအရပ်ရှည်သည်) ဟု ရေးလှ ျင် စကားလုံး ၆လုံးမျှသာ ရှိသော်လည်း သီးခြားရပ်တည်နိုင်သော ဝါကျ အစိတ်အပိုင်းများအကြား semicolon, colon သို့မဟုတ် dash မပါသဖြင် ဝါကျပူးပင် ဖြစ်ပါသည်။
၂။ ဝါကျကို “however” “သို့သော် ” ဖြင့် စတင်၍ မရေးသင့် ဆိုသည်မှာ မမှန်ပါ။ သို့သော်ဟု ဆိုလိုပါက ဝါကျကို “however” ဖြင့် စတင်နိုင်ပါသည်။ “however” ပြီးနောက် ကော်မာ ပါရှိရန်သာ လိုပါသည်။
၃။ “Irregardless” သည် စကားလုံးမဟုတ်ဆိုသည်မှာ မှားပါသည်။ “Irregardless” သည် ကောငးမွန်သော စကားလုံး မဟုတ်ပါ။ မသုံးပါ။ သို့သော် စကားလုံး တစ်လုံး အမှန်ပင် ဖြစ်ပါသည်။ “Floogetyflop” သည် စကားလုံး မဟုတ်ပါ။ စာရေးသူ ယခုပင် ပေါင်းစပ်ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။ မည်သည့်အဓိပ္ပါယ် ရှိမည်ကို မည်သူမှ ျ သိမည်မဟုတ်ပါ။ သို့ရာတွင်“Irregardless” သည် အဘိဓာန်တိုင်း လိုလိုတွင ် ပါရှိပြီး စံသတ်မှတ်ထားသော အင်္ဂလိပ်ဘာသာဝေါဟာရ မဟုတ်ဟု ဖော်ပြထားပါသည်။ အခြားသူများက သင့်ကို အလေးအနက် သဘောထားစေလိုလျှင် ယင်းစာလုံးကို မသုံးသင့်ပါ။ သို့ရာတွင် အသုံးပြုမှု အတော်အတန် ကျယ်ပြန့်သောကြောင့် စကားလုံးအနေဖြင့် သတ်မှတ်နိုင်ပါသည်။
၄။ “s” နှင့် ဆုံးသော စကားလုံးတစ်လုံး၏ ပိုင်ဆိုင်မှုပြ possessive form ပုံစံကို နည်းလမ်း တစ်မျ ိုးတည်း ဖြင့်သာ ရေး
သားနိုင်သည်ဟု ယူဆခြင်းမှာ မမှန်ပါ။ နှစ်သက်ရာ အသုံးအနှုန်းကို ရွေးချယ် သုံးနှုန်း နိုင်ပါသည်။ ဥပမာ “Kansas's
statute” ကင်းဆပ်ပြည်နယ်၏ ဥပဒေဆိုရာ၌ Kansas' သို့မဟုတ် Kansas's နှစ်သက်သလို ရေးသားနိုင်ပါသည်။ ၂မျ ိုးစ
လုံးကို လက်ခံနိုင်ပါသည်။
၅။ Passive voice ကို အမြဲတစေ ရှောင်ရှားသင့်သည်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ ပြုလုပ်သူကို မဖော်ပြလိုသည့်အခါ Passive voice ကို သုံးရပါသည်။ ဥပမာ မည်သူ မှားသည်ကို မဖော်ပြဘဲ အမှားအယွင်းများ ရှိခဲကြောင်းကိုသာ ဖော်ပြလိုပါက "Mistakes were made." ဟု ဆိုနိုင်ပါသည်။ ပြုလုပ်သူကို မသိပါကလည်း Passive voice ကို ရွေးချယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။
၆။ “e.g.” နှင့် “i.e. ” ကို အဓိပ္ပါယ်တူတူထား၍ သုံးခြင်းမှာ မှားယွင်းပါသည်။ “e.g.” သည် ဥပမာဟု အဓိပ္ပါယ် ရပါသည်။“i.e.” သည် တစ်နည်းအားဖြင့်ဟု အဓိပ္ပါယ် ရပါသည်။ အပြည့်အစုံ မဟုတ်သော ဥပမာ အချ ို့ကို စာရင်းပြုလုပ်ဖော်ပြလိုပါက “e.g.” ကိုအသုံးပြုပြီး ရှင်းလင်းဖော်ပြချက် အပြည့်အစုံကို ဖော်ပြရန် သို့မဟုတ် စာရင်းပြုလုပ်ရေးသားရန် “i.e.” ကိုအသုံးပြုရပါသည်။
၇။ ဗျည်းနှင့်စသော စကားလုံးများရှေ့တွင် “a” ကို သုံးနိုင်ပြီး သရနှင့် စသော စကားလုံးများရှေ့တွင် “an” ကို သုံးနိုင်သည် ဆိုခြင်းမှာ မဟုတ်ပါ။ ဗျည်းသံနှင့်စသော စကားလုံးမျ ားရှေ့တွင် “a” ကို သုံးနိုင်ပြီး သရသံနှင့် စသော စကားလုံးများရှေ့တွင် “an” ကို သုံးနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် has a MBA ဟု မသုံးရပါ။ has an MBA ဟု သုံးရပါသည်။“MBA”သည် အက္ခရာအားဖြင့် ဗျည်းဖြစ်သော “m” နှင့် စသော်လည်း အသံအားဖြင့် သရသံ “e” နှင့် စ ပါသည်။
၈။ "How are you?" ဟူသော မေးခွန်းကို "I'm good." ဟု ဖြေကြားပါက မှားယွင်းသည်ဟု ယူဆခြင်းသည် မမှန်ပါ။“am” သည် ချိတ်ဆက်သော ကြိယာဖြစ်ပြီး ၎င်း၏နောက်တွင်“good” ကဲ့သို့သော နာမဝိသေသန လိုက်နိုင်ပါသည်။ “well” သည်လည်း နာမဝိသေသန ဖြစ်နိုြင်ခင်းကြောင့် "I'm well." ဟု ဖြေကြားနိုင်ပါသည်။ သို့ရာတွင် သဒ္ဒါပညာရှင် အခ ျို့က အထွေထွေအခြေအနေကို ဖော်ပြရန် "I'm well" ကို မသုံးသင့်ဘဲ ကျန်းမာရေးအကြောင်း ပြောကြားရန်သာ အသုံးပြုသင့်သည်ဟု ယူဆကြပါသည်။
၉။ to နှင့် ၎င်းနောက်မှ ကြိယာအကြားတွင် အခြားစကားလုံးများ မရှိစေသင့်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ သဒ္ဒါပညာရှင်အားလုံးနီးပါးက to နှင့် ်၎င်းနောက်မှ ကြိယာအကြားတွင် အခြား စကားလုံးများ ထည့်သွင်းအသုံးပြုနိုင်သည်ဟု ရဲဝံ့စွာ ဆိုကြမည်သာ ဖြစ်ပါသည်။ to နှင့် ၎င်းနောက်မှ ကြိယာ ၂လုံးပေါင်းကို infinitive ဟု ခေါ်ပါသည်။ ဥပမာ "to tell" ဖြစ်ပါသည်။ infinitive တွင် ပါဝင်သည့် စာလုံး ၂လုံးအကြားတွင် အခြားစာလုံး ရှိနေခြင်းကို split infinitive ဟု ခေါ်ပါသည်။ "To boldly tell" ဟု ဆိုလှ ျင် “to” နှင့် “tell” အကြား “boldly” ရှိနေသဖြင့် split infinitive ဖြစ်ပါသည်။
၁ဝ။ ဝါကျကို preposition ဖြင့် မဆုံးစေသင့်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ ဝါကျအဆုံးတွင် preposition မလိုဘဲ ထည့်သုံးခြင်းမှာမူ မသင့် တော်ပါ။ ဥပမာ "Where are you?" (ဘယ်မှာလဲ) ဟု မေးမည့်အစား "Where are you at?" ဟုမေးခြင်းသည် မှားယွင်းပါသည်။ ဝါကျအများအပြားမှာ phrasal verb ၏ တစ်စိတ် တစ်ဒေသ အဖြစ်လည်းကောင်း၊သဘာဝမကျသာ ဝါကျများ မဖြစ်စေရန်လည်းကောင်း preposition ဖြင့် အဆုံးသတ်ရပါသည်။ ဥပမာ “I'm going to throw up.” အံချင်တယ် ၊ “Let's kiss and make up.” အနမ်းနဲ့ ပြန်သြင့်မတ်လိုက်ကြရအောင်၊ “What are you waiting for?”ဘာကို စောင့်နေတာလဲ တို့ဖြစ်ပါသည်။
Zawgyi ဖြင့်ဖတ်ရန်
ဝါကျပူး တစ်ကြောင်းတွင် စာကြောင်းအစိတ်အပိုင်းများကို ပုဒ်ြဖတ် ပုဒ်မ မသုံးဘဲ သို့မဟုတ် စကားဆက် မပါဘဲ ပူးတွဲ၍ ရေးထားခြင်း ဖြစ်ပါသည်။ “I am short he is tall” (ကျွန်တော်အရပ်ပု သူအရပ်ရှည်သည်) ဟု ရေးလျှင် စကားလုံး ၆လုံးမျှသာ ရှိသော်လည်း သီးခြားရပ်တည်နိုင်သော ဝါကျ အစိတ်အပိုင်းများအကြား semicolon, colon သို့မဟုတ် dash မပါသဖြင် ဝါကျပူးပင် ဖြစ်ပါသည်။
statute” ကင်းဆပ်ပြည်နယ်၏ ဥပဒေဆိုရာ၌ Kansas' သို့မဟတ် Kansas's နှစ်သက်သလို ရေးသားနိုင်ပါသည်။ ၂မျိုးစ
Credit; myanmar network net
Read times Last modified on Wednesday, 05 February 2020 10:54
Rate this articles
(2 votes)