×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 04 July 2018

ကော်ဖီကြိုက်သူတွေ သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက်များ

ကော်ဖီကြိုက်သူတွေ သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက်များ google.com

သင်သာ မနက်ခင်းတိုင်း ကော်ဖီသောက်သူတစ်ယောက်ဆိုရင် ကမ္ဘာပေါ်က ကော်ဖီဖန်ထဲမှာ သင်လဲတစ်ယောက်အပါဝင်ဖြစ်ပါတယ်။

ကော်ဖီက ဘယ်လောက်လူကြိုက်များလဲ ဆိုရင် နေ့စဉ်နေ့တိုင်းမှာ ကော်ဖီ ခွက်ရေပေါင်း ၂.၂၅ သန်း သောက်သုံးခြင်းခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်အများဆုံးသောက်စရာတစ်ခုမှာ ရှိနေတဲ့စိတ်ဝင်စားစရာအချက်တွေကို တင်ဆက်ပေးချင်ပါတယ်။

- ကော်ဖီသောက်ချိန်

တက်ကြွလန်းဆန်းဖို့အတွက် ကော်ဖီသောက်သူတစ်ယောက်ဆိုရင် မှန်ကန်တဲ့ ကော်ဖီသောက်ချိန်ကို သိထားသင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်မှာရှိနေတဲ့ ကိုလက်စထော လယ်ဗယ် အလိုက် အချိန်ကိုသတ်မှတ်ထားသင့်တာပါ။ လူအများစုကတော့ မနက် ၈ နာရီကနေ ၉ နာရီ အတွင်း ကိုလက်စထော လယ်ဗယ် မြင့်နေတတ်ပါတယ်။ နောက်တစ်ချိန်ကတော့ နေ့ခင်း ၁၂ ကနေ ၁ နာရီအတွင်းဖြစ်ပါတယ်။ နောက်ဆုံး တစ်ချိန်က ညနေ ၅ နာရီခွဲ နဲ့ ၆ နာရီခွဲဖြစ်ပါတယ်။ ကော်ဖီကို သင်စမောပန်းလာပြီထင်တဲ့အချိန်မှာသောက်သုံးသင့်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ ကော်ဖီမသောက်သင့်ပါဘူး။

 

- ဆေးဝါး နှင့် ကော်ဖီ

သိပ္ပံပညာရှင်တွေ တွေ့ရှိထားတာက ကော်ဖီနဲ့ နာကျင်ကိုက်ခဲမူပျောက်ဆေး တွေ တွေ့တဲ့အခါ သူတို့ရဲ့ အကျိုးသက်ရောက်မူတွေ ပိုတိုးလာတယ်လို့ဖော်ပြထားပါတယ်။

 

-သက်ရောက်မူ အချိန်အတိုင်းတာ

မနက် ၉ နာရီ ကနေ နေ့လယ် ၁ နာရီအတွင်း ကော်ဖီသောက်တဲ့အခါ သင့်ရဲ့ဖွဲ့စည်းမူစနစ်တွေမှာ ကော်ဖီ ၁၀၀ မီလီဂရမ်မျှသာ ကျန်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ညနေ ၃ နာရီ မှာကော်ဖီသောက်တဲ့အခါ သင့်ကို ညဘက်ထိ လန်းဆန်းနေစေပါလိမ့်မယ်။

 

Recommended for you - နည်းပညာတက္ကသိုလ်များသို့ လျှောက်ထားသူများ၏ ၀င်ရောက်အမှတ် အမြင့်ဆုံးမှ အနိမ့်ဆုံး

 

- ကော်ဖီမှုန့်

ကော်ဖီစေ့ကိုကြိတ်လိုက်တဲ့အခါ အမှုန့်ဖြစ်သွားတဲ့ကော်ဖီမှုန့်တွေကို ၁၅ မိနစ်ထက်ပိုမထားရပါဘူး။ ၁၅ မိနစ်အတွင်းမှာ ဖျော်သောက်ပေးသင့်ပါတယ်။ ၁၅ မိနစ်ထက်ကျော်သွားရင်တော့ အနံ့၊အရသာ ပြောင်းသွားပြီး ဘယ်ကော်ဖီအမျိုးစားလဲဆိုတာကိုတောင် ခွဲခြား နိုင်တော့မှာ မဟုတ်ပါဘူး။

 

- ကော်ဖီဘယ်လို ထုတ်လုပ်လဲ

ကော်ဖီ ၂ ပေါင်ထုတ်လုပ်ဖို့ ကော်ဖီပင် ၂ ပင်က အစေ့တွေကို ခူးယူရမှာပါ။ ကော်ဖီပင် တစ်ပင်ဖြစ်ဖို့ ၊ ကော်ဖီစေ့ယူနိုင်တဲ့အရွယ်ရောက်ဖို့အတွက် ၃ နှစ်ခန့်ကြာမှာဖြစ်ပါတယ်။

 

- ကော်ဖီးများစွာသောက်ခြင်းက ဝိတ်တက်

ကော်ဖီမှာ သကြားနဲ့အချို့ဓာတ်တွေ ပေါင်းပေးနိုင်တဲ့ ကိုလက်စထောဟော်မုန်းတွေပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ အိပ်စက်ခြင်းစက်ဝန်း ကိုလဲအနှောက်ယှက်ဖြစ်စေတာကြောင့် ကော်ဖီသောက်ပြီးတဲ့ နောက်တစ်နေ့တွေမှာ အင်အားနည်းနေသလို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်စားချင်စိတ် ကိုလဲ ပိုတိုးစေပါတယ်။

 

Recommended for you - သဒ္ဒါနှင့်ဆိုင်၍ အမှားများလေ့ရှိသော အချက် (၁၀) ချက်

Recommended for you - တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ

 

Credit; mingalarbarmorning

Read times Last modified on Friday, 10 January 2020 10:13
Rate this articles
(2 votes)