×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 09 July 2018

ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့

ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့ google.com

မလာမရလို့ လောကကြီးကို လာခဲ့ရပါတယ်၊ မခွာမရလို့ လောကကြီးကနေ စွန့်ခွာခဲ့ရပြန်တယ်။ ဒီကြားကာလကို လူ့ဘဝလို့ ခေါ်ပါတယ်။

ကိုယ့်ရဲ့ မူလဆန္ဒမပါပဲ ရောက်လာခဲ့တယ်ဆိုပေမဲ့ လူ့ဘဝဆိုတာ ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး၊ အနှစ်တစ်ရာ မနေခဲ့ရပေမဲ့ အမူတစ်ရာတော့ တွေ့ဖို့ သေချာပါတယ်။ လမ်းခရီးတစ်လျှောက်လုံးမှာ အတားအဆီးများ၊ အဖုအထစ်များ၊ တွေ့ကြုံဆုံကွဲမူများ များစွာရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သတိမမူ ဂူမမြင်၊ ကြည့်သောသူသည်မြင်၏၊ ခရီးလမ်းတစ်လျှောက်မှာ ကြည့်စရာ ရူ့ခင်းတွေလည်း အများကြီးရှိပါတယ်။ ကြည့်တတ်ဖို့၊ ခံစားတတ်ဖို့ပဲလိုပါတယ်။

ဘဝဆိုတာတိုတိုလေးပါ။ အဲဒီိတိုတောင်းတဲ့ ကာလအတွင်းမှာ ပျော်ရွှင်အောင် နေထိုင်တတ်ဖို့လိုပါတယ်။ 

 

၁။ သူများအကြိုက်ကို လိုက်ဆောင်နေရမဲ့အစား မိမိမူရင်းစိတ်နဲ့ အသက်ရှင်နိုင်ပါစေ၊၊ ဒုက္ခများလှတဲ့ဘဝကို ကဗျာပိုဆန်သွားအောင်၊ မရေရာတဲ့ မေတ္တာကို လေးနက်သွားအောင် အသက်ရှင်ပြနိုင်ပါမှ အရည်အချင်းလို့ခေါ်ပါတယ်။

 

Recommended for you - ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (အဝေးသင်)မှ မေဂျာအမှတ်များ

 

၂။ အသက်ရှင်နည်းကွာခြားရင်၊ ဘဝလည်း ကွာခြားပါတယ်၊ တကယ်လို့ သင်ဟာ ပိုက်ဆံကို ဗဟိုပြုပြီးအသက်ရှင်ခဲ့ရင်၊ အမြဲတမ်း စိတ်ဒုက္ခကြုံနေရမှာပါ။ သားသမီးကို ဗဟိုပြုခဲ့ရင်၊ အရမ်းစိတ်မောနေမှာပါ။ အချစ်ကို ဗဟိုပြုခဲ့ရင် နှလုံးသား မှာ ဒဏ်ရာဒဏ်ချက်နဲ့ ပြည့်နေမှာပါ။ ရှင်ပြိုင်မူကို ဗဟိုပြုခဲ့ရင် စိတ်ဆင်းရဲမူကို ခံစားနေရမှာပါ။ သဘောထားကြီးမူကို ဗဟိုပြုခဲ့ရင် သင်စိတ်ထဲမယ် ပျော်ရွှင်မူတွေနဲ့ ပြည့်နက်နေမှာပါ။ တကယ်လို့ သင်ဟာ မေတ္တာနဲ့ ကျေးဇူးတင်စိတ်ကို အထူးပြုခဲ့ရင် သင်ဟာ အမြဲစိတ်ချမ်းသာနေမှာပါ။


၃။ ကျေးဇူးတင်တတ်ပါစေ။ ကျနော်တို့ဟာ ဘာသာရေးရဲ့ အဆုံးအမ အရ အနန္တော အနန္တ ငါးပါးရဲ့ ကျေးဇူးတရားကို သိတတ်ကြပါတယ်။ ဒါပေမဲ့ အချိန်တော်တော်များများမှာ ကျေးဇူးတင်တတ်ဖို့ မေ့နေတတ်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာ တင်ခံရတဲ့သူကို စိတ်ကျေနပ်မူရပါတယ်။ တင်တဲ့လူကို အကျိုးဖြစ်ထွန်းစေပါတယ်။ ကျေးဇူးတင်တတ်ပါစေ၊ ကြံကြံဖန်ဖန်ကျေးဇူးတင်တတ်ပါစေ၊ လူဆိုတာ လောကကြီးကို မြင်ချင်တဲ့ ပုံစံအတိုင်း မြင်ကြတာပါ။ အပြစ်ရှာရင် အပြစ်တွေ့မှာပါ။ ကျေးဇူးတင်ရင် ကျေးဇူးခံစားရမှာပါ။ မနက်နိုးလာလို့၊ အသက်ရှင်နေသေးတာကို ကျေးဇူးတင်တဲ့လူဟာ ကျန်းမာရေးကို ပိုမိုဂရုစိုက်တတ်ကြပါတယ်။ အစိုးရ ပြောတာတွေကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့သူဟာ အခါအခွင့်သင့်လို့ ကြုံရတဲ့ အခွင့်အရေးမျိုးကို ပိုမိုရရှိတတ်ကြပါတယ်။ ခရီးထွက်လို့ လမ်းဘေးကရူ့ခင်းကို ကျေးဇူးတင်တတ်တဲ့သူဟာ ပိုမိုနုပျိုကြမှာ မလွှဲပါဘူး။ ကျေးဇူးမတင်ချင်ပဲ ကျေးဇူးရှင် ရူ့တောင့်ကပဲ အရာရာကို အကဲဖြတ်ရင်တော့ စိတ်ဆင်းရဲမူသာ ကြုံရပါလိမ့်မယ်။ ကျေးဇူးတင်တတ်ခြင်းဟာ စိတ်ချမ်းသာမူအစဖြစ်သလို ဘဝပျော်ရွှင်မှုအစလည်း ဖြစ်ပါတယ်။

 

Recommended for you - ပျံကျဈေးသည်ဘဝမှ ကမ္ဘာကျော်ဖြစ်လာသူ (သို့) စတီဗင်ချောင်

 

Recommended for you - သမ၀ါယမတက္ကသိုလ်/ကောလိပ်များနှင့် ယွန်းပညာကောလိပ် ၀င်ခွင့်

 

Credit; Aung Ko Latt

Read times Last modified on Friday, 10 January 2020 10:31
Rate this articles
(3 votes)