×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 15 March 2017

ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အရာ (၆) ခု

ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အရာ (၆) ခု Google.com

၁. အားလပ်ချိန်မှာ TV ကြည့်မဲ့အစား စာအုပ်တစ်အုပ် သို့မဟုတ် Game ဆော့ကြည့်ပါ။

TV ကြည့်နေတဲ့အချိန်မှာ သင့်ဦးနှောက်က အချက်အလက်တွေကို မှတ်သားနေပေမယ့် တကယ်လက်တွေ့မှာက စနစ်တကျ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ပါဘူး။ စာအုပ်ဖတ်ခြင်းကလည်း သင့်ဦးနှောက်ကို တိုက်ရိုက် အလုပ်လုပ်ဆောင်စေပါတယ်။ သင်စာကြောင်းတွေကို ဖတ်နေစဉ်အတွင်း သင့်စိတ်ကူးနဲ့ စာသားတွေကို ပုံဖော်နေလို့ပါ။ Game ဆော့ခြင်းဟာက သင့်စိတ်ကို လွတ်လပ်ပေါ့ပါးသလို ခံစားရပြီး စိတ်ကူးအသစ်များ တွေးတောခြင်းကို ကောင်းမွန်စေပါတယ်။

၂. မှတ်သားဖို့အတွက် တစ်ခုခုဆောင်ထားပါ။

လီယိုနာဒို ဒါဗင်ချီလို ပုဂ္ဂိုလ်ကျော်များဟာ အမြဲတမ်းမှတ်စုစာအုပ်ကို ဆောင်ထားတတ်ကြပါတယ်။ သင့်မှာ မှတ်စရာ တစ်ခုခုပေါ်လာတဲ့အခါမျိုး၊ မေးစရာ တစ်ခုခုပေါ်လာတဲ့အခါမျိုးကို မှတ်သားထားခြင်းက သင့်ဦးနှောက်ရဲ့ သိချင်စိတ်ကို လေ့ကျင့်ပေးနိုင်ပြီး တွေးခေါ်မှုပိုင်းကို တိုးတက်စေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. သင်ခရီးသွားနေစဉ် လိုင်းကားတိုးစီးနေစဉ်အတွင်းမှာ ဦးနှောက်ကို အလုပ်လုပ်စေမယ့် တစ်ခုခု နားထောင်ပါ။

သင်တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး နားထောင်ကြည့်ရင်တောင် ပြောင်းလဲမူကို တွေ့ရပါလိမ့်မယ်။ TED talk များ၊ အသံစာအုပ်များ၊ စာပေဟောပြောပွဲများ၊ မိန့်ခွန်းများ၊ သီချင်းများ ကို နားထောင်ကြည့်ပါ။

၎. Social Media တွေကို သင်အလုပ်လုပ်နေစဉ်အတွင်းမှာ သုံးစွဲချိန် လျှော့ချသင့်ပါတယ်။

ဦးနှောက်ဟာ သင်မှတ်သားလိုက်တဲ့ အရာတွေအပေါ်အခြေပြုပြီး လုပ်ဆောင်တာပါ။ သင့် ဦးနှောက်ကို သတင်းအချက်အလက်တွေ အများကြီး မှတ်သားစေမယ်ဆိုရင် အာရုံစိုက်နိုင်စွမ်းကို လျှော့ကျစေပါလိမ့်မယ်။ သင့်လျှော့ချဖို့ ရုတ်တရက်အ အဆင်မပြေသေးဘူးဆိုရင် အချိန်မှတ်ပြီး တဖြည်းဖြည်း လျှော့ချပါ။

၅. နေ့ခင်းဘက်မှာ အချိုကို တတ်နိုင်သမျှ ရှောင်ပါ။

အချိုဓာတ်ပါတဲ့အစားစာတွေကို တတ်နိုင်သမျှ ရှောင်တာကောင်းပါတယ်။ ဒါပေမယ့် မရှောင်နိုင်ဘူးဆိုရင်တော့ နေ့ခင်းပိုင်း သင်အာရုံစိုက်ဖို့လိုတဲ့အချိန်အတွင်းမှာ ရှောင်ပါ။ သကြားဓာတ်ဟာ သင့်ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို နှေးကွေးစေပါတယ်။

၆. သင်မနက်အိပ်ယာထပြီးပြီးချင်း ရေနှစ်ခွက်လောက် သောက်ပေးပါ။

အိပ်ယာထထခြင်းအချိန်မှာ ခန္ဓာကိုယ်ဟာ ရေဓာတ်ကို ဆုံးရှုံးနေတာပါ။ ရေဓာတ်ဟာ အညစ်အကြေးတွေကို စစ်ထုတ်ဖို့နဲ့ခန္ဓာကိုယ် အရည်ဓာတ် အတွက်လိုအပ်ပါတယ်။ ရေနှစ်ခွက်သောက်ခြင်းဟာ သင့်အိပ်နေစဉ် ဆုံးရူံးခဲ့တဲ့ရေဓာတ်တွေကို ပြန်လည်ဖြည်းဆည်းပေးနိုင်ပါတယ်။ သင်ရဲ့ဦးနှောက်ကို မနက်နိုးနိုးခြင်းမှာ ရေဓာတ် ဖြည့်ဆည်းပေးဖို့ မမေ့ပါနဲ့။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: shewmom

Read times Last modified on Saturday, 28 December 2019 11:50
Rate this articles
(7 votes)