×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 16 July 2018

သင့်အတွက် လူမှုကွန်ရက်တွေက ဆေးလား၊ ဘေးလား?

သင့်အတွက် လူမှုကွန်ရက်တွေက ဆေးလား၊ ဘေးလား? google.com

နည်းပညာတွေ တဖြည်းဖြည်း အရှိန်အဟုန်နဲ့ တိုးတက်လာချိန်ကနေစလို့ ကျွန်တော်တို့ရဲ့ဆက်သွယ်ရေးနဲ့ လူမှုဘဝတွေဟာလည်း ပိုအဆင်ပြေလာခဲ့ပါတယ်။

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်လည်း ပိုကျယ်ပြန့်လာသလို နေထိုင်မှုစနစ်တွေဟာလည်း ပိုအဆင့်မြင့်လာခဲ့ပါတယ်။ ခုဆိုရင် လူမှုကွန်ရက်တွေကိုအသုံးပြုရင်း အိမ်ထဲက အလုပ်လုပ်လို့ရတာမျိုးတွေ၊ ဈေးဝယ်လို့ရတာမျိုးတွေနဲ့ အခြားအရာတွေကိုလည်း အိမ်ပြင်ထွက်စရာမလိုဘဲ လုပ်ဆောင်လို့ရနေတဲ့ခေတ်ကြီးကို ရောက်လာပါပြီ။ အစစအရာရာ အဆင်ပြေလာတာနဲ့အမျှ လူမှုကွန်ရက်သုံးစွဲခြင်းကိုလည်း စွဲလမ်းလာကြပါတယ်။ ဒီလူမှုကွန်ရက်တွေက ကျွန်တော်တို့ကို ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ချိန်ဆကြည့်ကြရအောင်။


၁။ လူမှုကွန်ရက်ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးမှာအတော်အဆင်ပြေလွယ်ကူစေပါတယ်။ ယုတ်စွအဆုံး ရှက်တတ်၊ ကြောက်တတ်ပြီး အပေါင်းအသင်းမဆန့်တဲ့ ကလေးတွေတောင်မှ လူမှုကွန်ရက်တွေမှာ သူငယ်ချင်းတွေ ရလာတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ပိုရှိလာပြီး လူသားဆန်မှုကို ပိုပြီးနားလည်လာတတ်ပါတယ်။ တစ်ခါတလေမှာတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်တတ်ပါတယ်။ အတုမြင်၊ အတတ်သင်ပြီး မကောင်းတာတွေကို အတုယူမှားလာတာမျိုး ၊ မိမိကိုယ်ကို အချစ်လွန်လာတာတွေ၊ သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်လို့ စိတ်ကျရောဂါအဆင့်ထိရောက်လာတာတွေ စသဖြင့် အမျိုးမျိုးသော ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။

 

Recommended for you - တက္ကသိုလ်တတိယနှစ် အောင်ပြီးပါက ပေါင်းစပ် ဘာသာရပ် ခြောက်ခု ရွေးချယ်လျှောက်နိုင်


၂။ လူမှုကွန်ယက်တွေက ကျွန်တော်တို့ရဲ့ ပညာရေးကို အများကြီး အထောက်အကူပြုပေးပါတယ်။ လူမှုကွန်ယက်ကနေတစ်ဆင့် ပညာသင်ကြားလို့ ရနိုင်တာတွေ၊ မော်ဒန်ကမ္ဘာကြီးရဲ့ လက်တွေ့နည်းပညာနဲ့ သဘောတရားတွေကို သင်ခန်းစာရယူနိုင်တာတွေနဲ့ မတူညီတဲ့ အတွေးအမြင်သစ်တွေကို ဖော်ထုတ်ပေးလာနိုင်ပါတယ်။ ကလေးတွေဟာလည်း လူမှုကွန်ရက်တွေကတစ်ဆင့်ပဲ နည်းပညာတွေနဲ့ ပိုမိုအကျွမ်းဝင်လာပါတယ်။ လူမှုကွန်ရက်တွေက မူးယစ်ဆေးဝါးလို စွဲလမ်းတတ်စေတာကြောင့် မသုံးရမနေနိုင် သုံးပြီးကိုယ့်အတွက် အကျိုးရှိမယ့်အချိန်တွေကို ဖြုန်းတီးပစ်လိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေထဲမှာ အာရုံမရှိတော့ဘဲ လူမှုကွန်ရက်ကိုပဲ သုံးစွဲနေတာမျိုးက ဘယ်လိုအကျိုးမှမရှိနိုင်သလို တစ်ယာက်တည်းနေဖြစ်တာများတာကြောင့် တစ်ကိုယ်တည်း အထီးကျန်ဝေဒနာကို ခံစားရတာမျိုးလည်းရှိတတ်ပါတယ်။


၃။ လူမှုကွန်ရက်ကိုသာ အာရုံရောက်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်လာတတ်ပါတယ်။ သင့်အနေနဲ့ပဲ စဉ်းစားကြည့်ရအောင်.. သင်စိတ်ဝင်တစားရှိတဲ့ အလုပ်တစ်ခုခုကို အားသွန်ခွန်စိုက်လုပ်နေတယ်ဆိုရင် ထမင်း၊ဟင်းကိုတောင် စားဖို့မေ့သွားတာမျိုး၊ ဘာကိုမှ ထမလုပ်ဖြစ်တာမျိုး၊ ယုတ်စွအဆုံး အပေါ့အပါးတောင် မသွားတော့တာမျိုးတွေ ဒါတွေဖြစ်ဖူးပါသလား။ လူမှုကွန်ရက်တွေမှာလည်း ဒီလို effect တွေရှိပါတယ်။ ကျွန်တော်ဆို မျက်လုံးပွင့်တာနဲ့ Facebook ကိုသုံးလိုက်တာ ဘာမှမလုပ်ရ၊ မကိုင်ရပါဘဲ ညမိုးချုပ်သွားတဲ့ အဖြစ်မျိုးတောင် ရှိဖူးပါတယ်။ ဆိုလိုတာက အလွန်အကျွံစွဲလန်းနေတဲ့ ပြဿနာပါ။ ဒီအပေါ်မှာပဲ အာရုံရှိနေတော့ တခြားဘာကိုမှ အာရုံမစိုက်မိတော့ဘဲ အိပ်ချိန်၊စားချိန်မမှန်တာမျိုးကြောင့် ကျန်းမာရေးလည်း ထိခိုက်လာတတ်ပါတယ်။

အရာရာတိုင်းမှာကောင်းခြင်း၊ ဆိုးခြင်းတွေက ဒွန်တွဲနေလေ့ရှိပါတယ်။ လူမှုကွန်ရက်သုံးစွဲခြင်းကလည်း ဒီလိုပါပဲ။ သုံးတတ်ရင် ဆေးဖြစ်ပြီး မသုံးတတ်ရင်တော့ ဘေးပါ။ ကောင်းကျိုးဆိုးပြစ်တွေကို ချိန်ထိုးကြည့်ရင်း လူမှုကွန်ရက်တွေကိုလည်း ကိုယ့်အတွက် ဆေးအဖြစ် သုံးစွဲနိုင်ကြပါစေ။

 

Recommended for you - ဘဝ အတွက် ကြိုးစားနေချိန် ဒီအချက်တွေ ရှောင်ကြဉ်ပါ

 

Recommended for you - ၂၀၁၇-၁၈ ပညာသင်နှစ် A.G.T.I ပထမနှစ် အင်္ဂလိပ်+သင်္ချာ နှစ်ဘာသာပေါင်း ဝင်ခွင့်ရမှတ်များ

 

Credit; yoyarlay

Read times Last modified on Friday, 10 January 2020 10:57
Rate this articles
(1 Vote)