×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 16 March 2017

အင်္ဂလိပ်စာကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ???

အင်္ဂလိပ်စာကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ??? Google.com

အင်္ဂလိပ်စာဆိုတာ ကမ္ဘာသုံး ဘာသာစကားတစ်ခုဖြစ်ပြီး အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်သူတွေဟာ လည်း လုပ်ငန်းခွင်မှာ အများအားဖြင့် နေရာပေးခံရ တတ်ပါတယ်။

လူငယ်အများစုဟာ အင်္ဂလိပ်စာ လေ့လာရေးအပေါ် အားသန်ကြပြီး ဘယ်လိုလေ့လာရင်ကောင်းမလဲလို့ အတွေးတစ်ခုရှိနေတာမို့ လေ့လာရမယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. အင်္ဂလိပ်သီချင်းတွေ များများနားထောင်ပါ။

အင်္ဂလိပ်သီချင်းကို နားထောင်တဲ့အခါ ဒီတိုင်းနားထောင်တာမျိုးထက် အင်တာနက်ကနေ သီချင်းစာသားကို ရှာပြီး သီချင်းစာသားကြည့်ရင်း နားထောင်ပါ။ အင်္ဂလိပ်ကားတွေ ကြည့်တဲ့အခါ မြန်မာစာတန်းထိုးထက်၊ အင်္ဂလိပ်စာတန်းထိုးကားတွေကို ဦးစားပေး ကြည့်ရှုပေးပါ။

၂. အင်္ဂလိပ်စာကို တစ်နေ့တာအတွက် နည်းနည်း ဖတ်ပေးပါ။

အင်္ဂလိပ်စာနဲ့သက်ဆိုင်တဲ့ အင်တာနက်ပေါ်က နိုင်ငံခြားသတင်းဌာနတွေ၊ ဟာသလေးတွေကို တစ်နေ့တစ်နေ့ နည်းနည်းခြင်း ရှာဖွေဖတ်ရှုပေးပါ။ သတင်းတွေမှာပါတဲ့ စကားလုံးအချို့ကို မသိရင်လည်း ထားလိုက်ပါ။ သတင်းကိုသာ ခြုံငုံပြီး ပြီးအောင်ဖတ်သွားလိုက်ပါ။ စကားလုံးအသစ်တွေကို အဘိဓာန်မှာ ရှာပြီး ကျက်ပါ။ ဒါပေမယ့် အလုံးတိုင်းကို ရှာဖို့မကြိုးစားပါနဲ့။ မသိတဲ့ စကားလုံးတိုင်းရှာနေရင် သင်စာဖတ်နှုန်း ရှေ့တက်တော့မှာ မဟုတ်ပါဘူး။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. လေ့ကျင့်မှုကို အမြဲပြုလုပ်ပေးပါ။

ကိုယ့်ရဲ့ အရေးစွမ်းရည်၊ အပြောစွမ်းရည်တွေကို အမြဲတမ်းလေ့ကျင့်နေပါ။ ကိုယ့်အပေါင်းအသင်းထဲက အင်္ဂလိပ်စကားပြောကောင်းသူ သူငယ်ချင်းတစ်ဦးနဲ့လည်း အပြန်အလှန်ပြောဆိုပေးပါ။ ဘယ်သူမှမရှိရင် မှန်ရှေ့မှာ ကိုယ့်ဟာကိုယ် လေ့ကျင့်ပါ။ Essay တွေကိုလည်း ကိုယ်တိုင် လေ့ကျင့်ရေးသားကြည့်ပါ။

၎. ဒိုင်ယာရီကို အင်္ဂလိပ်လိုရေးကြည့်ပါ။

တစ်ချို့သော လူငယ်တွေဟာ နေ့စဉ်မှတ်တမ်းရေးတတ်တဲ့ အကျင့်လေးတွေ ရှိကြပါတယ်။ တကယ်လို့ မရှိဘူးဆိုရင်လည်း အင်္ဂလိပ်စာ လေ့လာတဲ့သဘောနဲ့ သင့်ရဲ့တစ်နေ့တာ မှတ်တမ်းကို စာအုပ်လေးတစ်အုပ်မှာ အင်္ဂလိပ်လို ပုံမှန်ရေးကြည့်ပါ။

၅. သွားလေရာ အဘိဓာန်ဆောင်ပါ။

အပြင်သွားလို့ လမ်းပေါ်က ကြော်ငြာဆိုင်းဘုတ်တွေမှာ၊ ကားပေါ်မှာ တွေ့မြင်ပြီး မိမိသိလိုတဲ့ စကားလုံးတွေကို ချက်ခြင်းရှာပြီး မှတ်သားပါ။ အားတဲ့အချိန်လေးမှာ အဘိဓာန်ရဲ့ စာမျက်နှာလေးတွေကို လှန်ပြီး တစ်နေ့နည်းနည်းစီနဲ့ ကိုယ်မသိသေးတဲ့ စကားလုံးအသစ်တွေကို ကျက်မှတ်လေ့လာပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: momolay

Read times Last modified on Saturday, 28 December 2019 11:29
Rate this articles
(3 votes)