×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 23 July 2018

မနက်ခင်း အိပ်ရေးဝပြီး ရုံးချိန်မှီအောင် ဘယ်လိုပြင်ဆင်မလဲ

မနက်ခင်း အိပ်ရေးဝပြီး ရုံးချိန်မှီအောင် ဘယ်လိုပြင်ဆင်မလဲ google.com

ကျွန်တော်တို့တွေ မနက်တိုင်းအိပ်ယာထနောက်ကျပြီဆိုတာနဲ့ ကမ္ဘာပျက်သလိုဘဲ ပြေးပြေးလွှားလွှားနဲ့ အိပ်ယာထဖို့ လုပ်ရလေ့ရှိပါတယ်။ ကားပိတ်တာက တစ်မျိုး၊ ရေမိုးချိုးရ၊ ပြင်ဆင်ရ၊ Breakfast စားရတာနဲ့ မနက်ပိုင်း အိပ်ယာထနောက်ကျလို့ကတော့ ရုံးလဲ နောက်ကျတော့တာပါပဲ။ ဒါကြောင့် မနက်ပိုင်း အိပ်ယာထတာနောက်မကျရအောင် ဘယ်လိုလုပ်မလဲ။


(၁) မအိပ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပါ

အိပ်ရေးဝဖို့ နဲ့ မနက်ပိုင်းထနိုင်ဖို့ရာ သင့်အတွက် လုံလောက်တဲ့အိပ်ချိန် လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ (၈) နာရီလောက် အိပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်နဲ့ အိပ်ရာထချိန် သတ်မှတ်ထားပါ။


(၂) လျှပ်စစ်ဆိုင်ရာပစ္စည်းအားလုံး ပိတ်ပါ

ညဘက်အိပ်တဲ့အခါ လျှပ်စစ်မီး၊ ညကြည့်မီး၊ ကွန်ပျူတာ၊ ဖုန်း အစရှိတဲ့ ပစ္စည်းတွေကို ပိတ်ပြီး အိပ်ပါ။ ဒါမှ အိပ်ရေးဝဝ အိပ်နိုင်မှာဖြစ်ပါတယ်။

 

Recommended for you - ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားသူ ၁၇၀၀ ဝန်းကျင်ရှိ


(၃) SNOOZE ခဏခဏ မလုပ်ပါနဲ့

ကျွန်တော်တို့ အိပ်ရာထနောက်ကျရတဲ့ အကြောင်းအရင်းတစ်ခုကတော့ Alarm မြည်တဲ့အခါ Snooze ခဏခဏလုပ်ပြီး ပြန်အိပ်တတ်တာပါပဲ။ Snooze ကိုတစ်ခေါက်ထက် ပိုမလုပ်ပါနဲ့။ ပထမတစ်ကြိမ် Alarm မြည်ကတည်းက ညကြည့်မီးကို ဖွင့်လိုက်ပါ။ ဒါမှ နောက်တစ်ကြိမ်မြည်တဲ့အခါ သေချာပြန်နိုးမှာပါ။ ဒုတိယအကြိမ် မြည်ရင်တော့ အိပ်ရာထဖြစ်အောင်ထပါ။


(၄) အပူချိန်ကို ချိန်ညှိပါ

အိမ်မှာ အဲကွန်းရှိတယ်ဆိုရင် Timer ပေးထားပြီး မနက်ပိုင်းရောက်တာနဲ့ အပူချိန်ပိုတိုးလာအောင် လုပ်ထားလိုက်ပါ။ အအေးဓာတ်ဟာ လူကို အိပ်ချင်စေပြီး အပူကတော့ လူကို နိုးထစေပါတယ်။


(၅) အလင်းရောင်ဝင်ပါစေ

မနက်အိပ်ရာနိုးပြီးဆိုတာနဲ့ ခန်းဆီးများကိုဖယ်ရှားခြင်း၊ တံခါးများဖွင့်ခြင်း အစရှိသဖြင့် သဘာဝအလင်းရောင် ဝင်ရောက်စေပြီး အခန်းကို လင်းလင်းကျင်းကျင်း ဖြစ်ပါစေ။ ဒါမှသာ ပြည့်ပြည့်ဝဝနိုးထပြီး နေ့သစ်တစ်နေ့ကို စတင်နိုင်မှာဖြစ်ပါတယ်။

 

Recommended for you - ကျူးကျော်ရပ်ကွက်ဘဝကနေ ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ

 

Recommended for you - မန္တလာဒီဂရီကောလိပ်ဝင်ခွင့်

 

Credit; myanmarleaders

Read times Last modified on Friday, 10 January 2020 11:00
Rate this articles
(1 Vote)