×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 26 July 2018

အသက်ကြီးမှ အင်္ဂလိပ်စာသင်မယ်ဆိုရင်

အသက်ကြီးမှ အင်္ဂလိပ်စာသင်မယ်ဆိုရင် google.com

ဘာသာစကားသင်ယူတဲ့နေရာမှာ အသက်အရွယ်တစ်ခုရောက်မှ အသက်ကြီးမှသင်ယူရတဲ့အခါ ကြောက်စိတ် ရှက်စိတ်ဆိုတာရှိကြပါတယ်။ ကလေးဘဝတည်းကသင်မှပဲဖြစ်မှာပါဆိုတာမျိုးလည်း တွေးတတ်ကြပါတယ်။

တကယ်တော့ ဘာသာစကားသင်ယူဖို့အကောင်းဆုံးကလေးအရွယ်မှာ ဘာသာစကားသင်ယူခြင်းက အားသာချက်အားနည်းချက်ရှိသလို အသက်ကြီးမှသင်ယူပြန်ရင်လည်း အားသာချက်အားနည်းချက်ဆိုတာရှိပါတယ်။ ဆိုလိုတာကအသက်ကြီးမှဘာသာစကားတစ်ခုခုကို သင်ယူမယ်ဆိုရင်လည်း သူ့ရဲ့အားသာချက်ဆိုတာရှိပါတယ်။ ဒါကြောင့် အသက်ကြီးနေလို့ဘာသာစကားအသစ်မသင်ယူနိုင်တော့ဘူးဆိုပြီး စိတ်ညစ်စရာမလိုပါဘူး။ ဒီအချက်တွေအတိုင်း လေ့လာသင်ယူနိုင်ပါတယ်။


ဘယ်နေရာမှာဖြစ်ဖြစ် Vocabulary သင်ယူပါ

အိမ်မှာအိမ်အလုပ်လုပ်နေရင်ပဲဖြစ်စေ ဖုန်းသုံးနေရင်ပဲဖြစ်စေ ဘယ်နေရာကဖြစ်ဖြစ် ဝေါဟာရအသစ်တွေကို သင်ယူနေရပါမယ်။ တွေ့လာသမျှ စကားလုံးအသစ်တွေကိုမှတ်သားထားပါ။ ဖုန်း Contact တွေမှတ်တာကအစ Roommate ၊ Sister ၊ Boss စသဖြင့်မှတ်သားထားသင့်ပါတယ်။ အိမ်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုက စကားလုံးတွေကို Sticky Notes လေးတွေနဲ့ကပ်ပြီး အမြင်မြင်နေတွေ့နေ ဖတ်မှတ်နေဖြစ်အောင်ပြင်ဆင်ရပါမယ်။ ထမင်းဝိုင်းမှာ ထမင်းမစားခင် ဟင်းနာမည်တွေ၊ ပါဝင်တဲ့ Ingredients တွေ၊ အသုံးအဆောင်တွေကို အင်္ဂလိပ်လိုပြောဆိုမှတ်သားပါ။ ဒီလို Action တစ်ခုခုနဲ့တွဲဖက်မှတ်သားတာက ပိုပြီးမှတ်မိစေပါတယ်။


Phrase တစ်ခုလုံးကိုမှတ်သားပါ

Word တစ်ခုချင်းစီကိုမှတ်သားတတ်လာပြီဆိုရင် Phrase လို့ခေါ်တဲ့ ပုဒ်စုတစ်ခုချင်းစီကိုမှတ်သားရပါတော့မယ်။ အရင်ဆုံး Sentence အပြည့်ကူးရေးပါ။ ပြီးရင်တော့ တခြားသော Noun တွေ Verb တွေကို အစားထိုးပြီး ပုံစံတူ Sentence တွေတည်ဆောက်ကြည့်ပါ။

ဥပမာဆိုရရင်“I would have bought the eggs, but they were broken” ဆိုတဲ့ စာကြောင်းကိုသင်ကမှတ်သားထားတယ်ဆိုပါစို့ ဒီစာကြောင်းရဲ့ နာမ်နဲ့ကြိယာတွေကိုပြောင်းပြီး “I would have read the book, but it was too long” ဒါမှမဟုတ် “I would have worn my blue sweater, but it was torn.” ဆိုတာမျိုး အစားထိုးမှတ်သားရမှာပါ။

 

Recommended for you - အင်္ဂလိပ်စာနှင့် ဂျပန်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်မည်


ကျွမ်းကျင်သူနဲ့စကားပြောခွင့်ရအောင်ကြိုးစားပါ

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အင်္ဂလိပ်စကားပြောတဲ့သူတွေနဲ့ထိတွေ့ခွင့်ရရင်တော့ အင်္ဂလိပ်စကားပြောမြန်မြန်တိုးတက်လာမှာအသေအချာပဲပေါ့။ ဒီလိုမရှိခဲ့ရင် မကြာမကြာစကားပြောခွင့်ရနိုင်ဖို့ကြိုးစားပါ။ တချို့တွေက နိုင်ငံခြားသားရှိတဲ့စားသောက်ဆိုင်တွေ၊ ဘားတွေသွားပြီး စကားပြောဖို့ကြိုးစားကြတာမျိုးလည်းရှိပါတယ်။ Native Speaker ရှိတဲ့ အင်္ဂလိပ်စကားပြောသင်တန်းတွေသွားတက်တာမျိုး၊ Workshop တွေမကြာမကြာတက်တာမျိုးနဲ့လည်း စကားပြောဖြစ်အောင်ဖန်တီးနိုင်ပါတယ်။


သင်ယူလေ့လာခွင့်ရမယ့်ဝန်းကျင်ကို ဖန်တီးပါ

အသက်ကြီးမှအင်္ဂလိပ်စာလေ့လာတယ်ဆိုတာမျိုးက ကလေးတွေလိုကျောင်းတက်ချိန် စာဖတ်ချိန်ဆိုပြီးအချိန်သတ်သတ်မှတ်မှတ်နဲ့ လုပ်ဆောင်ရတာမျိုးမဟုတ်တော့ အချိန်တိုင်းသင်ယူလေ့လာခွင့်ရအောင်ဖန်တီးထားရမှာပါ။ ဘတ်စ်ကားပေါ်မှာ Eng Subtitle နဲ့ဇာတ်ကားတွေကြည့်မယ်၊ သီချင်းစာသားတွေပါဒေါင်းပြီး အင်္ဂလိပ်သီချင်းတွေနားထောင်မယ်စသဖြင့် ဖျော်ဖြေရေးမှာပါအင်္ဂလိပ်ဘာသာစကားနဲ့ထိတွေ့ခွင့်ရအောင် ဖန်တီးရမှာဖြစ်ပါတယ်။ ဒီအချက်ကိုတော့ တော်တော်များများကသိကြပြီးဖြစ်သလို လိုက်လည်းလိုက်နာကြပါတယ်။


နယ်ပယ်ချုံ့ပြီးလေ့လာပါ

အင်္ဂလိပ်စာကျွမ်းကျင်ချင်တဲ့အခါ တွေ့တွေ့သမျှကိုလေ့လာမှတ်သားရတာလည်းမှန်သလို အကြောင်းအရာတစ်ခုကိုသတ်သတ်မှတ်မှတ်လေ့လာရတာမျိုးလည်းရှိနိုင်ပါတယ်။ Cooking နဲ့ပတ်သက်ရင် Cooking နဲ့ပတ်သက်တဲ့ စကားလုံးတွေရော၊စကားစုတွေရော၊စကားပြောတွေရော၊ သမိုင်းကြောင်းတွေရော အားလုံးသိရှိသွားအောင်လေ့လာဖို့လိုပါတယ်။ နည်းပညာအကြောင်းကိုစိတ်ဝင်စားရင်လည်း နည်းပညာနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေရော အခေါ်အဝေါ်တွေရော အားလုံးကိုတစ်စုတစ်စည်းမှတ်သားရပါမယ်။ ဒီလိုလေ့လာမှတ်သားရင် နယ်ပယ်တစ်ခုဆိုတစ်ခုထဲထဲဝင်ဝင်ပြောဆိုရေးသားတတ်လာပါလိမ့်မယ်။


ဒီလိုအခြေခံကျတဲ့နည်းတွေနဲ့လေ့လာမှတ်သားမယ်ဆိုရင် ဘယ်အသက်အရွယ်ဖြစ်ဖြစ် အင်္ဂလိပ်စာတိုးတက်မှုကို သိသိသာသာမြင်တွေ့ရပါလိမ့်မယ်။ တခြားသောဘာသာစကားတွေကိုလည်း ဒီနည်းလမ်းတွေအတိုင်းလေ့လာသင်ယူနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - McGill University မှာ ကျောင်းတက်လိုသူများအတွက်

 

Recommended for you - ၂၀၁၈-၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲမည့် ရေကြောင်းပညာတက္ကသိုလ်

 

Credit; akhayar

Read times Last modified on Friday, 10 January 2020 11:31
Rate this articles
(1 Vote)