×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 26 July 2018

အိမ်မက်ဆိုတာဘာလဲ

အိမ်မက်ဆိုတာဘာလဲ google.com

အိမ်မက် ဆိုတာ ဘဝရည်မှန်းချက်ပါ။

ရည်မှန်းချက်ရှိတဲ့သူများဟာ ပြေးလွားနေကြတယ်၊
ရည်မှန်းချက်မဲ့တဲ့သူများဟာ အိပ်စက်နေကြတယ်၊
သူတို့ ဘယ်သွားရမယ်ဆိုတာ သူတို့ကိုယ်တိုင် မသိဘူးလေ။


ရည်မှန်းချက်ရှိသူများဟာ ကျေးဇူးတင်နေကြတယ်၊
ရည်မှန်းချက်မဲ့သူများဟာ အပြစ်တင်နေကြတယ်၊
လောကကြီးတစ်ခုလုံး သူ့ကိုပေးဆပ်စရာ ရှိနေတဲ့ အတိုင်းပဲလေ။


ရည်မှန်းချက်ရှိသူများဟာ အိပ်မပျော်နိုင်ဘူး၊
ရည်မှန်းချက်မဲ့သူများဟာ အိပ်ယာ မနိုးဘူး၊
ထလာရင်လည်း ဘာလုပ်ရမယ်ဆိုတာ မသိဘူးလေ။

 

Recommended for you - သင့်ကလေး မူကြိုထားခြင်းက အံ့သြစရာကောင်းလောက်အောင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး


ဘဝကို အိမ်မက်တစ်ခုပေးပါ၊
အိမ်မက်ကို လမ်းကြောင်းတစ်ခုပေးပါ၊
လမ်းကြောင်းကို လားရာ တစ်ခုပေးပါ၊
ချော်လဲခဲ့ရင် ပြန်ထနိုင်အောင် ကြိုးစားပါ၊
ဒဏ်ရာရရင် ကိုယ့်ကိုယ်ကို ပြန်ကုစားပါ။


ဘဝခရီးဆိုတာ လျှောက်လှမ်းလို့ ရရှိလာတဲ့ အောင်မြင်မူပဲ ရှိတယ်၊
စောင့်ဆိုင်းလို့ ထွက်ပေါ်လာတဲ့ တောက်ပမူ ဆိုတာ မရှိဘူး၊
အဆိုးမြင်တယ်၊ အပြစ်တင်တယ်၊ငြီးညူတယ်ဆိုတာ ပျော့ညံ့မှုတွေပါ၊
ကြိုးစားခြင်းသည်သာ ဘဝလမ်းကြောင်းမှန်ကို ရောက်ပါတယ်၊
ဂုဏ်ဆိုတာ ကိုယ်ကြိုးစားနေတဲ့ အလုပ်ပါ။

အားလုံး ဘဝပန်းတိုင် ရှိနိုင်ကြပါစေ၊
အိမ်မက်ကို အကောင်အထည် ဖေါ်နိုင်ကြပါစေ။

 

Recommended for you - အသက်ကြီးမှ အင်္ဂလိပ်စာသင်မယ်ဆိုရင်

 

Recommended for you - ၂၀၁၈-၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲမည့် ရေကြောင်းပညာတက္ကသိုလ်

 

Credit; Aung Ko Latt

Read times Last modified on Friday, 10 January 2020 11:14
Rate this articles
(1 Vote)