×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 30 July 2018

ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေကို ဆန့်ကျင်ရတော့မှာလား

ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေကို ဆန့်ကျင်ရတော့မှာလား google.com

Bill Gates ၊ Jack Ma တို့လို ကမ္ဘာအရပ်ရပ်မှာ အောင်မြင်ခဲ့နေတဲ့ ပုဂ္ဂိုလ်တွေကတော့ သင်စိတ်အားထက်သန်ရာကိုပဲလုပ်ပါ အောင်မြင်မှုရလိမ့်မယ်လို့ ဆိုမိန့်အကြံဥာဏ်ပေးခဲ့ဖူးတာတွေ ရှိပါတယ်။

သူတို့ကိုယ်တိုင်လည်း သူတို့ဝါသနာပါရာတစ်ခုခုကို တစ်စိုက်မတ်မတ်လုပ်ရင်း အောင်မြင်ကျော်ကြားခဲ့ကြတာပါ။ ဒါပေမယ့် အဲ့ဒီအကြံဥာဏ်က မှားနေတယ်ဆိုတာကို Stanford တက္ကသိုလ်က သုတေသီတချို့က ထောက်ပြခဲ့တာ တွေ့ရပါတယ်။ လူတော်တော်များများကတော့ ကိုယ်ဝါသနာပါရာကို ဖြစ်သင့်တာထက်ပိုပြီး ရွေးချယ်လိုက်တဲ့အခါ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အခက်တွေ့စေနိုင်တယ်လို့ ဆိုပါတယ်။

 


ဝါသနာပါရာကို တစ်စိုက်စိုက်မတ်မတ်လုပ်ရင်း အောင်မြင်ကျော်ကြားလာကြသလို ဝါသနာပါရာနောက်လိုက်ရင်းနဲ့လည်း လမ်းမှားရောက်သွားကြတဲ့သူတွေကလည်း ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးရှိကြပါတယ်။ ဝါသနာပါရာနောက်ကိုလိုက်တာဟာ အောင်မြင်မှုရဖို့ ရာခိုင်နှုန်နည်းတဲ့အကြောင်းကိုတော့ Stanford သုတေသီတွေက အခုလို စာတမ်းပြုစုလေ့လာခဲ့တာဖြစ်ပါတယ်။

 

 

Psychological Science နဲ့ပတ်သက်ပြီး Stanford သုတေသီတွေရေးသားပြုစုထားတဲ့ စာတမ်းတစ်ခုမှာတော့ အောင်မြင်ဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတွေကို အရိပ်အမြွတ်ဖော်ပြထားသလို လူတိုင်း ဝါသနာပါရာနောက်ကိုလိုက်လုပ်တာဟာ အောင်မြင်မှုရသင့်သလောက် မရနိုင်ဘူးလို့ ဆိုပါတယ်။

 

Recommended for you - ရန်ကုန်စီးပွားရေးတက္ကသိုလ် လူတွေ့နှုတ်ဖြေစစ်ဆေးမည့် နေ့ရက်၊ အစီအစဉ်


Stanford တက္ကသိုလ်ရဲ့သုတေသီဟောင်း Paul O’Keefe ရဲ့ အကူအညီနဲ့ ဦးဆောင်လေ့လာမှုတွေလုပ်ခဲ့တဲ့ Carol Dweck နဲ့ Gregory Walton တို့လို စိတ်ပညာရှင်နှစ်ဦးကတော့ လူတွေမှာဖြစ်တတ်တဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုနှစ်မျိုးကို အခြေခံပြီး အကျဉ်းချုံး လေ့လာစမ်းသပ်မှုများစွာကို လုပ်ခဲ့တာဖြစ်ပါတယ်။ သုတေသီတွေဟာ အဲ့ဒီအကြောင်းအရာနှစ်မျိုးအပေါ်မူတည်ပြီး သိပ္ပံပညာ ၊ နည်းပညာ ၊ Engineering ၊ သချာင်္ပညာရပ်တွေကို စိတ်ပါဝင်စားတဲ့သူတွေကို စုစည်းခေါ်ယူပြီး လေ့လာမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အနှစ်ချုပ်အနေနဲ့ Follow your Passion ဝါသနာပါရာနောက်ကိုလိုက်ပြီး အောင်မြင်နေတဲ့သူတွေရှိပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အောင်မြင်ဖို့ရာခိုင်နှုန်းနည်းပြီး မိုက်ရူးရဲဆန်တယ်လို့ ဆိုပါတယ်။

 


ဝါသနာပါရာအလုပ်ကို လုပ်နေတဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရတဲ့အခါ အများစုက အရှုံးပေးလိုက်ကြတာ ပိုများတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါ့ပြင် သုတေသီတွေလေ့လာတွေ့ရှိခဲ့သေးတာက ဝါသနာပါရာတစ်ခုကိုတည်းကို လုပ်ကြတဲ့သူတွေဟာ ပတ်ဝန်းကျင်အသစ်တွေမှာ စိတ်ပါဝင်စားမှုအားနည်းသွားတယ်လို့ ဆိုပါတယ်။

 


ဒါကြောင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်တွေနဲ့ ဆန့်ကျင်နေတဲ့ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေကိုသိပြီးပြီဆိုတော့ ပရိသတ်ကြီးအနေနဲ့ ဝါသနာပါရာ ဒါမှမဟုတ် စိတ်အားထက်သန်ရာကို အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ လုပ်နေပြီလား..အဲ့ဒီအလုပ်နဲ့ ဘဝမှာ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်နေပြီလဲဆိုတာ ပြန်သုံးသပ်ကြည့်ဖို့သင့်ပါတယ်။

 

Recommended for you - လူငယ်နှင့် အကောင်းမြင်စိတ်

 

Recommended for you - ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်မည်

 

Credit; akhayar

Read times Last modified on Friday, 10 January 2020 11:16
Rate this articles
(2 votes)