×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 31 July 2018

ပြည်တွင်း GCE’O’ Level ပြီးထားသူတွေ ရွေးချယ်လျှောက်ထားနိုင်တဲ့ ယူကေပညာရေး

ပြည်တွင်း GCE’O’ Level ပြီးထားသူတွေ ရွေးချယ်လျှောက်ထားနိုင်တဲ့  ယူကေပညာရေး facebook

မြန်မာဆယ်တန်း/ iGCSE ပြီးထားတဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ယူကေမှာဆက်လက် ပညာသင်ကြားတဲ့အခါ မိမိတို့ရွေးချယ်လိုက်တဲ့ ဘာသာရပ်အပေါ်မူတည်ပြီး လိုအပ်ချက်တွေက အနည်းနဲ့အများ မတူညီတတ်ကြပါဘူး။

ကျောင်းသား၊ ကျောင်းသူတွေ အသွားများကြတဲ့ Business, Engineering နဲ့ Computing စတဲ့ဘာသာရပ်တွေအတွက်ဆိုရင် ပုံမှန်အားဖြင့် ၄နှစ်ကနေ၅နှစ်အတွင်း ကြာမြင့်နိုင်ပါတယ်။

 


ယူကေအဆင့်မြင့်ပညာရေးမှာ ဘာတွေရွေးချယ်သင်ကြားနိုင်လဲ?

မြန်မာပြည်ကနေ ဆယ်တန်းအောင်မြင်ထားသူတွေအနေနဲ့ ယူကေတက္ကသိုလ်တွေရဲ့ Foundation အတန်းကို လျှောက်ထားတက်ရောက်နိုင်ပါတယ်။ Foundation တက်ဖို့ရွေးချယ်ရာမှာလည်း ရွေးချယ်နိုင်စရာ ၂မျိုးရှိပါတယ်။ တစ်ခုက Group တွေကနေတစ်ဆင့်သွားတက်တာဖြစ်ပြီး နောက်တစ်ခုက တက္ကသိုလ်တစ်ခုကို အရင်ရွေးချယ်ပြီးမှ ကိုယ်ရွေးချယ်ထားတဲ့တက္ကသိုလ်ရဲ့ Foundation Program ကို တက်တာပဲဖြစ်ပါတယ်။

 


Group တွေကနေသွားမယ်ဆိုရင် ဘယ်လိုအချက်အလက်တွေနဲ့ ယူကေတက္ကသိုလ်ပညာရေး ကိုရွေးချယ်မလဲ?

နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေအနေနဲ့ သက်ဆိုင်ရာ Group တွေကနေ သွားတက်မယ်ဆိုရင် ပထမဆုံးကြည့်ကြတာက ကိုယ်ရွေးချယ်သင်ကြားမယ့် Group မှာရှိတဲ့ တက္ကသိုလ်တွေက Ranking ကောင်းရဲ့လား? သင်ကြားမှုတွေကရော အရည်အသွေးပြည့်မီ ရဲ့လား? စာသင်ကြားရတဲ့ ပတ်ဝန်းကျင်က ကောင်းမွန်ရဲ့လား? လုံခြုံစိတ်ချရမှုရောရှိရဲ့လား? စတဲ့အချက်တွေကို အတည်ပြုပြီး ရွေးချယ်မှုတွေပြုလုပ်ကြပါတယ်။


ဒီနေရာမှာ Times Higher Education သတ်မှတ်ချက်အရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အဆင့် နံပါတ်(၇)နေရာ မှာရှိတဲ့ On Campus London ပညာရေး အဖွဲ့အစည်းအောက်မှာ Queen Mary, Royal Holloway, Goldsmiths, Birbeck…အစရှိတဲ့ Ranking မြင့် တက္ကသိုလ်ကြီးတွေ စုဖွဲ့ထားတဲ့အပြင် အဆိုပါ တက္ကသိုလ်ကြီးတွေမှာ နှစ်စဉ် နိုင်ငံတကာ ကျောင်းသားပေါင်း ၁သိန်း၈သောင်းကျော် အဆင့်မြင့်ပညာရပ်တွေ လာရောက်သင်ကြားလျှက် ရှိပါတယ်။ 

 

Recommended for you - ရန်ကုန်စီးပွားရေးတက္ကသိုလ် လူတွေ့နှုတ်ဖြေစစ်ဆေးမည့် နေ့ရက်၊ အစီအစဉ်

 

On Campus Londonအောက်မှာရှိတဲ့ Queen Mary, Royal Holloway, Goldsmiths လို ထိပ်တန်းတက္ကသိုလ်တွေမှာ တက်ရောက်သူတွေအနေနဲ့ ဘယ်လိုဘာသာရပ်တွေသင်ယူနိုင်လဲ? 

မြန်မာနိုင်ငံက ဆယ်တန်း/ GCE ‘ O’ level ပြီးထားတဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Queen Mary, Royal Holloway, Goldsmiths စတဲ့တက္ကသိုလ်တွေမှာ Arts, Law, Business, Economics and Informatics, Social Science, Science, Computing, Psychology, Engineering and Sciences, Finance and Management, Life Sciences စတဲ့ဘာသာရပ်တွေကို Foundation, International Foundation Year One, Undergraduate Program, Master Program အလိုက်လျှောက်ထား သင်ယူနိုင်ပါတယ်။

 


On Campus London ကို ဘယ်လိုပညာရေးအဖွဲ့အစည်းတွေက အသိအမှတ်ပြုလဲ?

On Campus London ကတက္ကသိုလ်တွေကို နာမည်ကျော် UCAS အပါအဝင် ကျန်ပညာရေး အဖွဲ့အစည်းတွေကအသိအမှတ်ပြုတဲ့အပြင် ကမ္ဘာကျော်နိုင်ငံ့ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးလေ့ရှိတဲ့ SOAS နဲ့ UCL လိုကောင်းမွန်တဲ့ စာသင်ကြားမှုပတ်ဝန်းကျင်ကလည်း ရှိနေပါတယ်။ မြန်မာကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ On Campus London မှာ အရည်အသွေးပြည့်မီတဲ့ အဆင့်မြင့်စာသင်ကြားရေးအပြင် ထည်ဝါခန့်ညားတဲ့ တက္ကသိုလ်ကြီးတွေရဲ့Campus Life ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။


Queen Mary, Royal Holloway, Goldsmiths စတဲ့တက္ကသိုလ်ကြီးတွေရဲ့ ကျောင်းဝင်ခွင့်နှင့် ယူကေပညာရေးဆိုင်ရာအသေးစိတ်အချက်အလက်များကို သိရှိလိုသူများအနေဖြင့် CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ်- ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂သို့ ရုံးချိန်အတွင်းလေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဥာဏ်ရည် မြင့်မားသူတွေသာ ပြုလုပ်လေ့ရှိတဲ့ အချက် (၇) ချက်

 

Recommended for you - ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်မည်

 

Credit; CROWN Education

Read times Last modified on Friday, 10 January 2020 11:31
Rate this articles
(1 Vote)