×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 06 August 2018

တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ

မိဘ အများစု ကတော့ သူတို့ကလေး ရဲ့ တက္ကသိုလ်ရွေးချယ်မှုကို ဝင်ခွင့်မှတ်အရ နာမည်ကြီးတဲ့ တက္ကသိုလ်တွေ မြို့ပြင်မထွက်ရတဲ့ တက္ကသိုလ်တွေပဲ တက်စေလိုကြတယ်။ ဒါပေမယ့် အဓိကကျတဲ့ အချက်တွေကို စဉ်းစားဖို့ မေ့လျော့တတ်ကြပါတယ်။ အဲဒီအချက်တွေကတော့ ...


(၁) ကိုယ့်သားသမီးရဲ့ ဘဝရည်မှန်းချက် အိမ်မက်ဘာလဲ

ဆရာဝန်ဖြစ်ချင်တာလား၊ အင်ဂျင်နီယာဖြစ်ချင်တာလား၊ IT ပညာရှင်ဖြစ်ချင်တာလား၊ စီးပွားရေးပညာရှင် ဖြစ်ချင်တာလား၊ သိပ္ပံပညာရှင်ဖြစ်ချင်တာလား၊ ရှေ့နေဖြစ်ချင်တာလား၊ ဆရာဆရာမဖြစ်ချင်တာလား၊ သံတမန်ဖြစ်ချင်တာလား၊ စာရေးဆရာဖြစ်ချင်တာလား၊ မိုးလေဝသပညာရှင်ဖြစ်ချင်တာလား၊ နိုင်ငံရေးသမားဖြစ်ချင်တာလား၊ စာပေသမားဖြစ်ချင်တာလား၊ သမိုင်းပညာရှင်ဖြစ်ချင်တာလား၊ စစ်ဗိုလ်ကြီးဖြစ်ချင်တာလား၊ စိုက်ပျိုးရေးပညာရှင်ဖြစ်ချင်တာလား ...စသည်စသည်ဖြင့် မိမိသားသမီး၏ စိတ်ကူးအိပ်မက်ကို မိဘများက သေသေချာချာ သိဖို့လိုပါတယ်။ လူသားကမ္ဘာအတွက် အခန်းကဏ္ဏတိုင်းမှာတော်ပြီး စွမ်းဆောင်နိုင်တဲ့ အသိပညာရှင် အတတ်ပညာရှင် အများကြီးလိုနေပါတယ်။


(၂) ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို လမ်းညွန်မှုပေးပါ

မိမိကလေးတွေရဲ့ အိမ်မက်ကို တကယ်အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ (possible ways) တွေကိုသာ လမ်းညွန်ပေးပါ။ ပညာသင်ကြားနိုင်တဲ့ နေရာဒေသ အခြေအနေကိုသာ လမ်းညွန်ပေးပါ။ ကလေးကိုသာ ရွေးချယ်ခိုင်းပါ။ ဥပမာ ကလေး စိတ်ဝင်စားတဲ့ ပညာကို သင်နိုင်တဲ့နေရာတွေကို လမ်းညွန်ပြပါ။


မိဘ ကိုယ်တိုင်က မြို့ထဲမို့ မြို့ပြင်မို့ စိတ်မချဘူး စတဲ့ အချက်တွေ မလွှမ်းမိုးဖို့ လိုပါတယ်။ သူတို့က မြို့ထဲမြို့ပြင် တက္ကသိုလ်တွေ သွားတက်တယ်ဆိုတဲ့ အဆင့်ထက် ဒီပညာနဲ့ ကမ္ဘာကြီးရဲ့ ဘယ်နေရာအထိ ဖြစ်ဖြစ် သူတို့ရွက်လွှင့်နိုင်ကြမည့် သူတွေလို့ ယုံကြည်ပြီး သူတို့ရည်မှန်းချက်ခရီး အရောက်သွားဖို့သာ အင်အားပေးစေလိုပါတယ်။

 

Recommended for you - လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ သက်မွေး အင်္ဂလိပ်စာ (EPP)


(၃) စိတ်ဓာတ်ခိုင်မာဖို့ ရိုးသားဖို့ အကင်းပါးဖို့ သတ္တိရှိဖို့ လေ့ကျင့်ပေးပါ

တက္ကသိုလ် ကျောင်းသားဖြစ်လာလျှင် မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ၊ မိမိယုံကြည်ရာကို စိတ်ပြတ်သားစွာ လုပ်ဆောင်ဖို့ ၊ ဘယ်အရာကိုမဆို စိတ်အားထက်သန်စွာ လုပ်ဆောင်ဖို့ လေ့ကျင့်ပေးပါ။ ဆရာ ဆရာမ အတန်းဖော်သူငယ်ချင်းများနှင့် ရိုးသားစွာ အကင်းပါးစွာ ဆက်ဆံနိုင်ဖို့လေ့ကျင့်ပေးပါ။ ကိုယ့်တွေ့နိုင်တဲ့ အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်တတ်ဖို့ လေ့ကျင့်ပေးပါ။


ဒါကြောင့် အောင်မြင်တဲ့သားသမီးတွေ အမှန်တကယ်ဖြစ်လာစေချင်တယ်ဆိုရင် အကောင်းဆုံးလို့ ထင်သောနေရာထက် အသင့်တော်ဆုံးနေရာကိုသာ အကောင်းဆုံးဖြစ်လာအောင်သာ လမ်းပြပေးစေလိုပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အရည်အချင်းထက် ဘာကပိုအရေးကြီးသလဲ?

 

Recommended for you - 100 % Scholarship ဖြင့် သင်ကြားနိုင်မည့် Business Management

 

Credit; EDGE

Read times Last modified on Saturday, 11 January 2020 09:57
Rate this articles
(1 Vote)