×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 08 August 2018

ဆွစ်ဇာလန်နိုင်ငံ HTMI မှပေးအပ်တဲ့ ဟော်တယ်နဲ့ခရီးသွားဘာသာရပ် လျှောက်ထားနိုင်

ဆွစ်ဇာလန်နိုင်ငံ HTMI မှပေးအပ်တဲ့ ဟော်တယ်နဲ့ခရီးသွားဘာသာရပ် လျှောက်ထားနိုင် google.com

ဟိုတယ်နဲ့ ခရီးသွားလေ့လာရေးဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်နေတဲ့ ဆွစ်ဇာလန်နိုင်ငံရှိ HTMI က ဘွဲ့ဒီဂရီကို စင်ကာပူ၊ ဆွစ်ဇာလန်နှစ်နိုင်ငံ အတွေ့အကြုံနဲ့ တက်ရောက်နိုင်ပါတယ်။


ဟိုတယ်နဲ့ ခရီးသွားလာရေးပိုင်းကို စိတ်ဝင်စားတဲ့ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ခေတ်မီတိုးတက်တဲ့နည်းပညာတွေ နိုင်ငံတကာအဆင့်မီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို လုပ်ငန်းခွင်အတွေ့အကြုံများစွာရှိတဲ့ ဆရာ၊ ဆရာမ တွေကိုယ်တိုင်သင်ကြားပို့ချပေးတဲ့ Hotel and Tourism Management Institute မှာ တက်ရောက်ဖို့ Study Abroad Information Centre မှာ ကျောင်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။


HTMi မှာ စင်ကာပူနိုင်ငံအစိုးရအသိအမှတ်ပြု Edu-Trust လေးနှစ်ရရှိထားတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာတွေ့ ခြောက်လအပြင် လက်တွေ့ခြောက်လ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေကို နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ခရီးသွားဝန်ဆောင်မှုကုမ္ဗဏီတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး လုပ်ငန်းအတွေ့အကြုံရယူနိုင်မှာ ဖြစ်ပါတယ်။


ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ ကျွမ်းကျင်စွာတတ်မြောက်လိုသူတွေအတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စင်ကာပူရှိ HTMi ကျောင်းမှာ ဒီပလိုမာနဲ့ အဆင့်မြင့်ဒီပလိုမာတန်းတွေကို တက်ရောက်ပြီး ဘွဲ့ဒီဂရီရရှိဖို့အတွက် ဆွစ်ဇာလန်နိုင်ငံရှိ HTMi ကျောင်းမှာ နောက်ဆုံးနှစ်ကိုတက်ရောက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စင်ကာပူနိုင်ငံ၊ ဆွစ်ဇာလန် နှစ်နိုင်ငံအတွေ့အကြုံကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။


ဝင်ခွင့်သတ်မှတ်ချက်တွေအနေနဲ့ မြန်မာနိုင်ငံက ၁၀တန်းအောင်မြင်ထားပြီးသူတွေ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ၊ တက္ကသိုလ်တက်ရောက်နေသူတွေ၊ တက္ကသိုလ်က ဘွဲ့ရရှိထားတဲ့ကျောင်းသား၊ ကျောင်းသူတွေတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်အနေနဲ့ ဒီပလိုမာတန်းအတွက် IELTS (5) နဲ့ အဆင့်မြင့်ဒီပလိုမာတန်းတွေအတွက် IELTS (5.5) ရရှိဖို့ လိုအပ်ပါတယ်။

 

Recommended for you - ကျောင်းမနေနိုင်သည့်ကလေးငယ်များအတွက် အသက်မွေးဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်ပေးမည်


အသေးစိတ်သိရှိလိုတာတွေကို Study ABROAD Information Center ရန်ကုန်ရုံး၊ ဒိုင်းမွန်းကွန်ဒို တိုက်(ဘီ)၊ ၁၅ လွှာ အခန်းအမှတ် ၁၅၀၂၊ ပြည်လမ်း၊ မေတ္တာဦး ဆေးခန်းအနီး ကမာရွတ်မြို့နယ်၊ ဖုန်း ဝ၉-၅၁၅၁ဝဝ၈၊ ဝ၉-၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံးအမှတ် ၃၂၆၊ ၆၂ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြား ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ ၊ ဖုန်း ဝ၉-၄၂ဝဝ၉၉ ၉၉၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဒူးထောက်ချလိုက်ရတဲ့ အချိန်ဆိုတာ

 

Recommended for you - Japan - JDS (AY 2019-2020) အစီအစဉ်၏ ပညာတော်သင်ဆု ခေါ်ယူခြင်း

 

Credit; Kumudra

Read times Last modified on Saturday, 11 January 2020 10:06
Rate this articles
(1 Vote)