×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 09 August 2018

ကမ္ဘာ့လစာ အကောင်းဆုံး ဆရာ/ဆရာမများ

ကမ္ဘာ့လစာ အကောင်းဆုံး ဆရာ/ဆရာမများ google.com

ဆရာ၊ ဆရာမတွေ လစာအများကြီးရတယ်ဆိုတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံမပါဘူးဆိုတာ သိမှာပါနော်….။ ကမ္ဘာပေါ်တွင် ဆရာ/ဆရာမများကို လုပ်ခလစာ အများဆုံး ပေးနိုင်သော ကမ္ဘာ့နိုင်ငံ (၃)နိုင်ငံကို ဖော်ပြလိုက်ပါတယ်။


၁။ လူဇင်ဘတ်နိုင်ငံ

လူဇင်ဘတ်နိုင်ငံဆိုတာကတော့ ဥရောပတိုက်ရှိ နိုင်ငံငယ်လေး တစ်နိုင်ငံပါ။ သို့ပေမဲ့ လူဇင်ဘတ်နိုင်ငံ၏ ပညာရေးအရည်အသွေးမှာ ကမ္ဘာတွင် ကျော်ကြားလှပါသည်။ ကျောင်းအများစုမှာ အစိုးရပိုင်ဖြစ်ပြီး ဘဏ္ဌာရေး အရလည်း အစိုးရပိုင်းမှ တင်းပြည့်ကြပ်ပြည့် ထောက်ပံ့ထားပါသည်။ အသက် (၄)နှစ်မှ (၁၂)နှစ်အတွင်း ကလေးများသည် ကျောင်းမတက်မနေရ ဖြစ်သည်။ ကျောင်းတွင် အင်္ဂလိပ်ဘာသာစကားအပြင် လူဇင်ဘတ်ဘာသာစကား၊ အိမ်နီးချင်း ဥရောပနိုင်ငံများဖြစ်သော ဂျာမန်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတို့ပါ သင်ကြားရသည်။ အလုပ်ခွင်ဝင်စ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ် လုပ်ခလစာသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၄၀၀၀ ( မြန်မာငွေသိန်းပေါင်း ၈၆၄သိန်း ) ဝန်းကျင် ရှိသည်။ လုပ်သက် (၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ် လုပ်ခလစာသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၉၀၀၀ ဝန်းကျင် ( မြန်မာငွေ သိန်းပေါင်း ၁၃၃၆သိန်း ) အထိ မြင့်တက်သွားပါသည်။

 


၂။ ဂျာမနီနိုင်ငံ

ဒုတိယကမ္ဘာစစ်အပြီး ပြာပုံနိုင်ငံဖြစ်သွားသော ဂျာမနီနိုင်ငံသည် ယခုလိုဥရောပတိုက်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် ပညာရေးဖြင့် ပြန်လည်တည်ဆောက်ခဲ့ရသည်။ ပညာရေးမှာ ငွေကြေးပံ့ပိုးခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဂျာမန်ခေါင်းဆောင်များက ခံယူခဲ့ကြသည်။ ဂျာမနီတွင် ကလေးမျာသည် အသက် (၆)နှစ်မှစ၍ ကျောင်းတက်ရသည်။ ဂျာမနီနိုင်ငံတွင် အလုပ်ခွင်ဝင်စ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ် လုပ်ခလစာသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၇၅၀၀ ဝန်းကျင် ( မြန်မာငွေ သိန်းပေါင်း ၆၄၁သိန်း ) ရှိပါသည်။ လုပ်သက် (၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ်လုပ်ခလစာသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၅၈၄၃ ဝန်းကျင် ( မြန်မာငွေ သိန်းပေါင်း ၈၈၈သိန်း ) အထိ မြင့်တက်သွားပါသည်။

 


၃။ ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံ၏ ပညာရေးဘတ်ဂျက်သည်လည်း ကမ္ဘာပေါ်တွင် နာမည်ကြီးပါသည်။ ကနေဒါအစိုးရသည် ကျောင်းသူ/ကျောင်းသား တစ်ဦးအပေါ် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဝန်းကျင် ( မြန်မာငွေသိန်းပေါင်း ၂၇၀သိန်း ) ရင်းနှီးမြှုပ်နှံထားပါသည်။ တိုင်းပြည် GDP ၏ စုစုပေါင်း ၅.၄%ခန့် ကို ပညာရေးတွင် အသုံးပြုထားသည်။ ထိုကဲ့သို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေးအသုံးစရိတ်မြင့်သည့် ကနေဒါနိုင်ငံမှာ ဆရာ/ဆရာမတွေ လစာကောင်းတာ မဆန်းပါဘူး။ လုပ်သက် (၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ်လုပ်ခလစာသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၃၅၅၇ ဝန်းကျင် ( မြန်မာငွေ သိန်းပေါင်း ၈၅၈သိန်း ) ရှိပါသည်။

 

Recommended for you - ကျောင်းမနေနိုင်သည့်ကလေးငယ်များအတွက် အသက်မွေးဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်ပေးမည်

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - University of Gloucestershire မှ တိုက်ရိုက်ချီးမြှင့်မယ့် BA (Hons) International Business Studies (UK) ပညာရေးဆွေးနွေးပွဲ

 

Recommended for you - စာတော်ချင်တယ်ဆိုရင်တော့ Multitasking အကျင့်ဆိုးတွေပြင်မှ ဖြစ်မယ်

 

Credit; EDGE

Read times Last modified on Saturday, 11 January 2020 10:05
Rate this articles
(1 Vote)