×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 14 August 2018

ယနေ့ခေတ်လူငယ်များအတွက် မြန်မာနှင့်စင်္ကာပူတို့၏ ပညာရေးနှင့်အလုပ်အကိုင် ဆွေးနွေးပွဲ

ယနေ့ခေတ်လူငယ်များအတွက် မြန်မာနှင့်စင်္ကာပူတို့၏ ပညာရေးနှင့်အလုပ်အကိုင် ဆွေးနွေးပွဲ google.com

HNC/HND(UK) နှင့် မြန်မာနိုင်ငံပညာသင်နှစ် (10) နှစ်၊ (၉)တန်း ၊ (၁၀) တန်း သင်ယူပြီး သူများအတွက် အချိန်တိုအတွင်း UK, Australia နိုင်ငံ၏ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တို့မှ ဘွဲ့ဒီဂရီကို ရယူနိုင်မည့် (MSI) ၏ စကာင်္ပူ နိုင်ငံပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ၊ ဝင်ငွေလစာနှုန်းထားများ ဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးတွင် ယခုလ August 18 - 19 တွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

စကာင်္ပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရဲ့ ယခုနှစ်ကာလ အပိုင်းအခြားအတွင်း အလုပ်အကိုင်ရရှိရန် လွယ်ကူတဲ့ဘာသာရပ်အကြောင်းများနှင့် စကာင်္ပူနိုင်ငံအတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် ပညာရေးနှင့်အလုပ်အကိုင် သတင်းအချက်အလက်များကို Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှု၏ ကြီးမှူးစီစဉ်မှုဖြင့် ရန်ကုန်မြို့ (၁၈.၈.၂၀၁၈) စနေနေ့၊ နေ့လည် (၁) နာရီ မှ (၃) နာရီထိ Pan Pacific Yangon Hotel (Emerald Room)၊ မန္တလေးမြို့ (၁၉.၈.၂၀၁၈) တနင်္ဂနွေနေ့ ၊ နေ့လည် (၁) နာရီ မှ (၃) နာရီထိ Royal Mingalar Hotel (Maharaungmyay Room) တို့၌ ကျင်းပပြုလုပ်သွားမည်။


စင်ကာပူနိုင်ငံ၏ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများထဲတွင် Top (3) Best Private Education in Singapore ဆုကို (၆) နှစ် ဆက်တိုက် ရရှိထားကာ Singapore အစိုးရက ပေးအပ်သည့် Edutrust ဆုကိုပါရရှိထားတဲ့ (KHEA) သည် မြန်မာနိုင်ငံနဲ့ မဝေးဘဲ Asia ထဲမှာ စနစ်အကျဆုံးဖြစ်တဲ့ စကာင်္ပူရှိ နိုင်ငံပေါင်း (30) ကျော်မှ နိုင်ငံတကာကျောင်းသား/ကျောင်းသူပေါင်း (31,000) ကျော်လာရောက် ပညာသင်ယူလျှက် ရှိပါသည်။


စကာင်္ပူနိုင်ငံရှိ Kaplan Higher Education Academy (KHEA) တက္ကသိုလ်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် ဘာသာရပ်တွေကို UK နဲ့ Australia နိုင်ငံတို့မှ ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ Murdoch University, Northumbria University , Royal Holloway, University of London, University of Portsmouth, University College Dublin, University of Essex တို့က ပေးအပ်တဲ့ဘွဲ့ဒီဂရီတွေရယူရန်အတွက် စင်္ကာပူနိုင်ငံတွင် 2 နှစ်(သို့မဟုတ်) 3 နှစ် စာသင်နှစ်အားလုံးကို ပြီးမြောက်သည်အထိ သင်ယူ၍ သော်လည်းကောင်း စင်္ကာပူနိုင်ငံမှတဆင့် (KHEA) နှင့် ချိတ်ဆက်ထားသော UK / Australia နိုင်ငံတို့ကို ကူးပြောင်း ပညာသင်ယူ နိုင်ကြောင်း၊ ဒါ့အပြင် ဘာတွေ ဆွေးနွေးမျှဝေသွားမှာလဲဆိုရင် International Business, Human Resource Management, Accounting & Banking, Cyber Forensics & Information Security, Hospitality & Tourism Management, Project Management, Marketing Management ဘာသာရပ်တစ်ခုချင်းတိုင်း၏ အကြောင်းအရာများ ၊ Australia နိုင်ငံ၏ ကမ္ဘာ့ထိပ်တန်း Ranking Top (1 to 100) အဆင့်ရှိတဲ့ Murdoch University မှ Bachelor of Business, Bachelor of Arts, Bachelor of Science ရဲ့ဘွဲ့တွေကို Double Major ဘာသာရပ်အတွဲများဖြင့် Kaplan Higher Education Academy တက္ကသိုလ်မှာသင်ယူနိုင်ကြောင်း ၊ Double Major ဖြင့်ဘွဲ့ရရှိသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကျယ်ပြန့်လာသည့် အကြောင်းအရာများကိုပါ ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။

 

Recommended for you - အလုပ်လက်မဲ့လူငယ်များအတွက် သက်မွေးပညာ (၄) မျိုး အခမဲ့သင်ပေးမည်


MSI မှတာဝန်ရှိသူ Managing Director ဒေါ်စုစုလှိုင်မှ ၎င်းပွဲနှင့်ပတ်သက်၍ ဖြေကြားရာတွင် “ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ Market Development Manager (Saw Melvyn Kolay) က Kaplan ကျောင်းသား ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့အတွက် ပညာသင်ကြားနေစဉ် ကာလအတွင်း အတွေ့အကြုံ ရရှိခဲ့တဲ့ Studies, Living နဲ့ Extra-curricular activities စတဲ့အကြောင်းအရာတွေကို စကာင်္ပူနိုင်ငံအပြင် နိုင်ငံတကာမှာသွားရောက် ပညာသင်ကြားဖို့ အစီအစဉ်ရှိတဲ့ကျောင်းသား/သူတွေကိုပြန်လည်မျှဝေသွားမယ်။ အဓိက နိုင်ငံခြားဘွဲ့ရပြီးသူနှင့်မြန်မာနိုင်ငံမှ ဘွဲ့ရပြီးသူ လူငယ်တွေအတွက် စကာင်္ပူနိုင်ငံနဲ့ မြန်မာနိုင်ငံအတွင်းမှာ မရှိမဖြစ်လိုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းအမျိုးအစားနှင့် ရရှိမယ့် လစာနှုန်းထားတွေကိုလည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ Banking and Finance ဌာနတွေအတွက်မရှိမဖြစ်လိုအပ်နေတဲ့ လုပ်သားအင်အားထု Fintech (Financial Technology), IT (Data, Security & Mobile) နှင့် Management & Marketing ဘွဲ့ဒီဂရီ ပြီးဆုံးအောင်မြင်ပြီးတဲ့ လူငယ်တွေအတွက်ကို အဓိကထားပြီးမျှဝေပြောကြား ပေးဖို့လည်း အစီအစဉ်ရှိပါတယ်။


Kaplan စကာင်္ပူတက္ကသိုလ်က Banking & Finance ပိုင်းမှာ အားသာချက် အများကြီးရှိတဲ့အတွက် မြန်မာနိုင်ငံမှာ Banking and Finance ဘာသာရပ်ကိုစိတ်ဝင်စားသူတိုင်း မည်သူမဆိုအခမဲ့ Register ပြုလုနိုင်ပါသည်။

- Online Register Available Here : https://goo.gl/forms/KpqHOfPHewsssr3c2


မြန်မာအစိုးရ ကိုးတန်း၊ ဆယ်တန်း အောင်မြင်ပြီးသူများ ၊ International School မှ Grade-10 တက်ရောက်နေသူများ ၊ HND , ACCA , ABE ဒီပလိုမာတန်း ပြီးထားသူများ ၊ တက္ကသိုလ် တက်ရောက်နေသူများ ၊ ဘွဲ့ရပြီးသူများ ၊ နိုင်ငံခြားပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို စိတ်ဝင်စားသူများအားလုံး မည်သူမဆို အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။


ဆွေးနွေးပွဲ တက်ရောက်ရန် စာရင်းပေးသွင်းလိုသူများ အနေဖြင့် Yangon Phone - 095103915, 09420037616, 01381408 ၊ Mandalay Phone - 09402517549, 01373461, 09767847673 သို့ ဆက်သွယ်နိုင်ပါသည်။
လူကိုယ်တိုင် လာရောက်စာရင်းပေးလိုပါက MSI ရုံးခန်းလိပ်စာ အမှတ် (234) ၊ ဒုတိယထပ် (ညာ) ရွှေဘုံသာ အလယ်လမ်း (အလယ်ဘလောက်) ၊ ပန်ပဲတန်းမြို့နယ်သို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - လူမှုဆက်ဆံရေးမှာ မဖြစ်မနေပြောဆိုသင့်တဲ့ စကား (၃)ခွန်း

 

Recommended for you - မြန်မာစာမေးခွန်းပုံစံသစ် ၆ (ခ) အတွက် အဆိုဆွေးနွေးမေးခွန်း လမ်းညွှန်ချက်

 

Credit; Myanmar Search International

Read times Last modified on Saturday, 11 January 2020 10:18
Rate this articles
(1 Vote)