Articles

Friday, 17 August 2018

ခြေတစ်လှမ်းနဲ့ စတဲ့သူများ

ခြေတစ်လှမ်းနဲ့ စတဲ့သူများ google.com

လူ့ဘဝကို စတဲ့အခါ ပထမဦးဆုံးခြေတစ်လှမ်းကနေ ဘဝကိုစတင်အကောင်အထည်ဖော်ကြတယ်။ ပထမဦးဆုံးခြေလှမ်းတဲ့အခါ အခက်အခဲတွေများကြီး၊ ကိုယ့်ကိုလည်း ယုံကြည်မှုအပြည့်ရှိရတာပေါ့။ ခြေလှမ်း လှမ်းနိုင်ဖို့ ၊ လမ်းစလျှောက်ဖို့ မပြောနဲ့ မက်တက်ရပ်ဖို့ တောင် အနိုင်နိုင်။ အားတင်းပြီးထတဲ့ချိန် လဲကျသွားချင်လည်း လဲကျသွားမယ်၊ ယိုင်သွားချင်လည်း ယိုင်သွားမယ်။


ဘယ်လိုပဲဖြစ်ဖြစ် ခြေစလှမ်းနိုင်အောင်တော့ ကြိုးစားပြီးထကြရတာပဲ။ တစ်ကြိမ်လဲမယ်၊ ပြန်ထမယ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်ကြိမ်လဲလိုက် ပြန်ထလိုက်လုပ်တဲ့အခါ ခြေလှမ်းစလျှောက်ဖို့ လမ်းစရပါပြီ။ ဒါက တကယ်တော့ ဘဝကို စတင်တဲ့အချိန်လို့ ပြောလို့ ရပါတယ်။ ရှေ့ ဆက်လှမ်းဖို့ က သိပ်မခက်တော့ဘူး။ အရှိန်ရသွားပြီဆိုတော့ နောက်ထပ်အားလေးယူပြီး လျှောက်လိုက်မယ်ဆိုရင် မယိုင်၊ မလဲနဲ့ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားပြီပေါ့။


ဒီလိုပါပဲ ဘဝမှာ အလုပ်လုပ်ရတဲ့ အချိန်တွေ အများကြီးပဲ ဖြတ်သန်းကြရတယ်။ အကြိမ်ကြိမ်အခါခါ၊ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးနဲ့  ကိုယ်စီကိုယ်ငှ လုပ်ဆောင်ရတယ်။ ဒါပေမယ့် လူတိုင်းတူညီတဲ့အချက်ကတော့ အားလုံး ခြေတစ်လှမ်းက စခဲ့ကြသလိုပဲ၊စတင်လုပ်တဲ့အချိန်မှာ အခက်ခဲတွေများကြီးနဲ့ အမှားမှားအယွင်းယွင်း၊ အိုးနင်းခွက်နင်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

 

Recommended for you - မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဘွဲ့ရများ၏ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာ


အရေးကြီးတာ ဒီလိုအခက်ခဲတွေကို တစ်ချိန်တုန်းက ငါဖြတ်သန်းအောင်မြင်ခဲ့တာပါလားဆိုတဲ့ အတွေး၊ အသိ ခေါင်းထဲမှာ တွေးသိလိုက်ပါ။ ဒီအရာတွေက တကယ်တော့ ကလေးဘဝ ခြေစလှမ်းဖို့ အားယူရတဲ့ အချိန်လောက် မခက်ခဲပါလားဆိုတာ နားလည်လာပါလိမ့်မယ်။ ခက်ခဲ၊ ပင်ပန်းလှတဲ့ ပထမဦးဆုံးခြေတစ်လှမ်းကိုတောင် စတင်လျှောက်ခဲ့ဖူးတာပဲ ဒီလောက်အခဲကို ဘာကြောင့်မတွန်းလှန်နိုင်ရမှာလည်းဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်ကို ပြန်လည်မွေးဖွားလိုက်ပါ။ အောင်မြင်စွာနဲ့ တက်ကြွမှန်ကန်တဲ့ ခြေလှမ်းတွေနဲ့အတူ မင်းဟာလိုရာခရီးကို စိုက်စိုက်မြိုက်မြိုက် အရောက်သွားနိုင်တော့မှာသေချာသွားပြီ။


ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ အားလုံးဟာ ခြေတစ်လှမ်းကနေပြီး စတင်ခဲ့ကြတဲ့သူတွေချည်းပါ။ ခြေတစ်လှမ်းက စတင်တာချင်းတူတူ ကိုယ်ကဘာလို့ အခွင့်အရေးမရှိရမှာလည်း။ လောကကြီးက အားလုံးကို အခွင့်အရေးပေးထားတာပဲ။ ခံယူချက်၊ ယုံကြည်ချက် ၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အချက်တွေနဲ့ပဲ ကွာသွားတာပါ၊ ကျန်တာတူတူပါပဲ။ မိမိကိုယ်ကို ယုံကြည်ချက်ပြင်းထန်ခြင်းဟာ အတ္တကြီးခြင်း မဟုတ်ပါဘူး။ ဒါကို နားလည်လိုက်ပါ။ အကောင်းဆုံးခြေလှမ်းတွေကို စတင်လျှောက်ဖို့  အားယူလိုက်ပါ။ အကြိမ်ကြိမ် ကြိုးစားလာတဲ့အခါ ဘဝမှာ အကောင်းဆုံးခြေလှမ်းတွေနဲ့ လျှောက်နိုင်သွားတော့မှာပါ။ လူတိုင်း၊ လူတိုင်းရဲ့ ပထမဦးဆုံးခြေလှမ်းလေးတွေ အဆင်ပြေပြေနဲ့ လျှောက်လှမ်းသွားနိုင်ပါစေ….။

 

Recommended for you - ယူကေ MBA (Global Business) အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မည်

 

Recommended for you - ၁၀ တန်းမေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်ခြင်းထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခြင်းကို ဦးစားပေးပါဝင်မည်

 

Credit; True Man

Read 541 times Last modified on Friday, 17 August 2018 10:58
Rate this articles
(1 Vote)