×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 20 August 2018

ကမ္ဘာမှာအကောင်းဆုံးဖြစ်နေတဲ့ ဖင်လန်နိုင်ငံပညာရေး

ကမ္ဘာမှာအကောင်းဆုံးဖြစ်နေတဲ့ ဖင်လန်နိုင်ငံပညာရေး google.com

တစ်ချိန်က အမေရိကပညာရေးသည် ကမ္ဘာ့အကောင်းဆုံး ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ကာလရွေ့လျားပြီး အမေရိကန် ပြည်ထောင်စုသည် နောက်ရောက်သွားပြီး ဖင်လန်နိုင်ငံက ရှေ့တန်းရောက်လာသည်မှာ အဘယ်ကြောင့်နည်း လေ့လာဆန်းစစ်ရန်လိုပါသည်။


PISA (Program for International Student Assessment) အဖွဲ့၏ သုံးသပ်ချက်အရ ဖင်လန်နိုင်ငံသည် ကမ္ဘာ့ပညာရေးတွင် အကောင်းဆုံး ဖြစ်သည်ဆိုသော်လည်း လက်ရှိအနေအထားအရ PISA တွင် နံပါတ် ၁၂ နေရာရှိနေသည်။ အမေရိကန် ပြည်ထောင်စုက နံပါတ် ၃၆ ချိတ်ထားသောကြောင့် ဖင်လန်က PISA ကို ပိုပြီးသာသည်ဟု ဆိုရခြင်းဖြစ်သည်။


ဖင်လန်နိုင်ငံသည် နော်ဒစ်ဒေသအတွင်း အသေးဆုံးတိုင်းပြည်လေး တစ်ပြည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုထက် ၂၉ ဆ ပိုပြီး ငယ်သည်။ လူဦးရေ ၅ ဒသမ ၅ သန်းသာ ရှိသည်။ အမေရိကန် ပြည်ထောင်စုက လူဦးရေ ၃၂၆ ဒသမ ၅ သန်း ရှိသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။


ဖင်လန်နိုင်ငံတွင် လူမျိုးစုများ ကွဲပြားမှု မရှိ၊ အမေရိကတွင် လူမျိုးစုပေါင်း များစွာ စုပေါင်းနေထိုင်ကြသည်။ နိုင်ငံသေးသေး၊ လူဦးရေနည်းနည်း၊ မတူကွဲပြားမှု သိပ်မရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ပညာရေးကို အကောင်အထည်ဖော်ရသည်မှာ ပိုမိုလွယ်ကူပြီး စိတ်ကြိုက်လုပ်နိုင်သဖြင့် အကောင်းဆုံး ဖြစ်နေရသည်ဟုလည်း ဆိုနိုင်သည်။ ဖင်လန်နိုင်ငံမှ ပညာရေးနှင့်ပတ်သက်ပြီး ဖော်ပြရသည်မှာ ပိုမိုလွယ်ကူပြီး စိတ်ကြိုက်လုပ်နိုင်သဖြင့် အကောင်းဆုံး ဖြစ်နေရသည်ဟုလည်း ဆိုနိုင်သည်။ ဖင်လန်နိုင်ငံမှ ပညာရေးနှင့် ပတ်သက်ပြီး အတုယူစရာတွေ များလှပါသည်။


အရိုးထုံး ချဉ်းကပ်မှုများ

ဖင်လန်ပညာရေးစနစ်သည် သူတို့တွင်ရှိသမျှကို အကောင်းဆုံးဖြစ်စေရန် အားထုတ်တတ်ခြင်းမှာ အတုယူစရာ ကောင်းလှသည်။ အစောပိုင်း ပညာရေးစနစ်တွင် ဖိစီးမှုများကို အလေးထားပြီး သင်ကြားသော်လည်း နောက်ပိုင်းတွင် ကလေးကို ကလေးကဲ့သို့ သဘောထားပြီး သင်ကြားမှုကြောင့် ပိုပြီးအောင်မြင်မှုများ ရလာသည်ဟု ဆိုရမည်။


သူတို့ဆရာတွေ ကလေးတွေနှင့်အတူ ကစားကြသည်။ ကလေးဆိုသည်မှာ ကစားမက်သည်။ အသစ်အဆန်းကို စိတ်ဝင်စားသည်ဆိုသည့် အခြေခံအချက်ပေါ်တွင် ပညာရေးကို လမ်းကြောင်းချကာသင်သည်။ ကလေးတိုင်း လမ်းကြောင်းမှန်ကို လျှောက်နိုင်ရန် တည့်ပေးလိုက်ပါက သူတို့ဘာသာ လျှောက်သွားရင်းက ရင့်ကျက်သွားနိုင်မည်ဆိုသည်ကို ကောင်းစွာသဘောပေါက်ထားသည်။


အရွယ်အလိုက် ရင့်ကျက်သွားစေရန် လမ်းဖွင့်ပေးထားခြင်းမှာ ဖင်လန်ပညာရေး၏ အားသာချက်များဖြစ်သည်။ စံပြုလောက်အောင် ပညာရေးကို မြှင့်တင်ရန် ဖင်လန်နိုင်ငံ ပညာရေးသုတေသီများက သူတို့၏ ပညာရေးစနစ်သည် အမေရိကန် ပြည်ထောင်စုက ပညာရေးစနစ်ကို အခြေခံထားကြောင်း ပြောလိမ့်မည်။


သို့သော် သူတို့က အခြေခံပဲယူပြီး သူတို့နည်း သူတို့ဟန် သူတို့စနစ် ဖင်လန်နိုင်ငံပညာရေးသုတေသီများက သူတို့၏ ပညာရေးစနစ်သည် အမေရိကန် ပြည်ထောင်စုက ပညာရေးစနစ်ကို အခြေခံထားကြောင်း ပြောလိမ့်မည်။ သို့သော် သူတို့က အခြေခံပဲယူပြီး သူတို့နည်း သူတို့ဟန် သူတို့စနစ် သူတို့စိတ်ကူးများဖြင့် ဖောက်ထွက်သွားသည်။


ကမ္ဘာပေါ်ရှိ အခြားသောတိုင်းပြည်များတွင် တိုးတက်သည့် နိုင်ငံကြီးများက ပညာရေးစနစ်ကို အတုခိုးသည်ဆိုသော်လည်း ပုံတူကူးချသောကြောင့် မအောင်မြင်သည်က များသည်။ ဖင်လန်နိုင်ငံပညာရေးစနစ်က ပညာရေးကို တစ်ဦးကောင်းတစ်ယောက် ကောင်းဖြင့် ကောင်းအောင်ဖော်ဆောင်ခြင်းထက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်သည့်နည်းကို ကျင့်သုံးသောကြောင့် အခြားသောသူများထက် ပိုပြီး အောင်မြင်သွားရသည်။

 

Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့် form များ တင်သွင်းနိုင်ပါပြီ


ဖင်လန်ပညာရေးစနစ်တွင် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းသည် အသက်ဖြစ်သည်။ ကျောင်းများ အချင်းချင်းပူးပေါင်းခြင်းဖြင့် ပညာရေးကို ကောင်းအောင်လုပ်ရန် သူတို့ စီစဉ်ထားကြသည်။ ထို့ကြောင့် ဖင်လန်တွင် ပုဂ္ဂလိကကျောင်း မရှိ။ ပုဂ္ဂလိက ပညာရေးစနစ် မထွန်းကားစေရန် အစိုးရကိုယ်တိုင်က ကျောင်းများကို ဝိုင်းကြီးချုပ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခိုင်းထားသည်။


ဖင်လန်နိုင်ငံကျောင်းများသည် ပြည်သူ့ငွေဖြင့် ရပ်တည်နေသည့် အစိုးရကျောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ကလေးတိုင်း အစိုးရကျောင်းများကို တက်ရောက်ပညာသင်ကြားခွင့်ရှိသည်။ ဆင်းရဲချမ်းသာမရွေး မည်သည့်ကျောင်းတွင်မဆို တက်ရောက်နိုင်ပြီး တစ်တန်းတည်းအဖြစ် ခံယူထားသည်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်ဒေသနှင့် အနီးဆုံးကျောင်းတွင် တက်ရောက်နိုင်ပြီး အားလုံးအတူတူ တန်းတူညီမျှ ဆက်ဆံသင်ကြားခြင်း ခံကြရသည်။


ကျောင်းများတွင် စာမေးပွဲမရှိခြင်းကလည်း ထူးခြားချက်ဖြစ်သည်။ ဆရာ၏ အကဲဖြတ်စစ်ဆေးခြင်းကို ဆရာတိုင်းသည် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်။ သူတို့ဘဝတွင် စာမေးပွဲဆိုသည်ကို နားမလည်။ မူလတန်းမှ အထက်တန်းအောင်သည်အထိ စာမေးပွဲဆို၍ တစ်ကြိမ်လောက်သာ ကြုံတွေ့ဖူးကြပေလိမ့်မည်။


သူတို့ကျောင်းသားဘဝတွင် ရင်ဆိုင်ရမည့် တစ်ခုတည်းသော စာမေးပွဲမှာ တက္ကသိုလ်ဝင် (National Matriculation Examination) တစ်ခုသာ ဖြစ်သည်။ အထက်တန်းရောက်မှ နောက်ဆုံးအဆင့်တွင် ဖြေဆိုကြရသော စာမေးပွဲဖြစ်သည်။ ကလေးများ၏ အဆင့်ကို ဆရာက သတ်မှတ်သည်။ သူတို့ဆရာတွေကလည်း ကလေးကို အမြဲအကဲဖြတ်နေကြသူများ ဖြစ်သည်။ ကောလိပ်ပညာရေးတွင်လည်း သူတို့ အခမဲ့ သင်ယူနိုင်သည်။ မာစတာတန်း၊ ပါရဂူတန်းများကိုပင် အခမဲ့ တက်နိုင်သည်။ ထူးချွန်သူများ နိုင်ငံခြားထွက်ပြီး ပညာသင်နိုင်ရန်လည်း အထောက်အပံ့ ပေးသည်။


ဆရာပညာတတ်များ တန်ဖိုးထား

ဖင်လန်နိုင်ငံမှဆရာများသည် အလွန်အဆင့်မြင့်စွာနေထိုင်နိုင်ကြပြီး လစာလည်းကောင်း၊ လူ့ဘောင်ကလည်း တန်ဖိုးထားလေးစားခြင်း ခံရသူများဖြစ်သည်။ သူတို့ပညာရေးစနစ်က ပညာတတ်ဆရာများအပေါ်တွင် ပုံအပ်ထားသည့် သဘောရှိသောကြောင့် ဆရာများကို အလွန်တန်ဖိုးထားခြင်း ဖြစ်သည်။


ဆရာလုပ်မည်ဆိုလျှင် အနိမ့်ဆုံးကိုပင် အရည်အချင်းမှာ Master ဘွဲ့ရထားသူကိုသာ လက်ခံသည်။ ဆရာတစ်ယောက် ထူးချွန်စွာပေါ်ပေါက်လာစေရေးအတွက်လည်း အစိုးရက ပိုးမွေးသလို မွေးထားပေးသည်။ ဆရာအလုပ်သည် ထိပ်တန်းအလုပ် ဖြစ်သောကြောင့် ဆရာအတတ်သင်နေသူများကို ကောင်းကောင်းထားသည်။ အတော်ဆုံးသူကိုသာ ပညာရေးတွင်ခေါ်ယူပြီး ဆရာအဖြစ် အသုံးပြုသည်ဆိုခြင်းမှာ အခြားနိုင်ငံများတွင် ဆေးပညာဘွဲ့ဖြင့် ဆရာဝန်များ မွေးထုတ်နေပုံအတိုင်း ဖြစ်နေသောကြောင့် နှိုင်းယှဉ် လေ့လာစရာဖြစ်သည်။


ဆရာတွေ အလကား မနေရပါ။ သူတို့ အမြဲပညာရေးဆိုင်ရာ သုတေသနတွေ လုပ်နေကြရသည်။ သူတို့ ကလေးတွေကို အမြဲလေ့လာနေကြရသည်။ မည်သည့် ပညာသင်ကြားနည်းက ပိုပြီးထိရောက်မည်ကို အမြဲတမ်းလေ့လာကာ စာတမ်းတွေ တင်နေကြရသည်။ သူတို့ပညာရေးစနစ်က သုတေသနကို အခြေခံသည့် ပညာရေးစနစ်ဖြစ်သည်။ သင်ကြားနည်းအတွက် သုတေသနလုပ်နေသည့်ဆရာများကို အစိုးရက အမြဲထောက်ပံ့ အားပေးထားသည်။ မအောင်မြင်သည့် စနစ်များကို အမြဲစွန့်ပစ်သည်။ အကောင်းဆုံး နည်းများဖြင့် အမြင့်ဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်ကြသည်။


ကစားခြင်းသည်သာ ပညာပါ

ဖင်လန်နိုင်ငံပညာရေးစနစ်၏ ထူးခြားချက်မှာ ကလေးများကို ကစားချိန်၊ နားချိန်များစွာ ပေးထားခြင်းဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များတွင် ကစားခြင်းဖြင့် ပညာရှာနိုင်မည့်နည်းလမ်းများကို အထူးဦးစားပေး စီစဉ်ထားသည်။ ၄၅ မိနစ် စာသင်ပြီးတိုင်း ၁၅ မိနစ်အနားပေးကာ ကစားခိုင်းတတ်သည်။ သူတို့က ကလေးကို ကလေးလိုမြင်၊ ကလေးလိုထား၊ ကလေးလို ကစားခိုင်းခြင်းက ပိုပြီးအရေးကြီးသည်ဟု ယူဆကြသည်။


မိဘ၊ ဆရာ၊ ကျောင်းသားများကြားတွင် ယုံကြည်မှု အပြည့်အဝထားခြင်းကလည်း ဖင်လန်ပညာရေးစနစ်၏ အောင်မြင်ကြောင်းကို ဖြစ်စေသည်။ ကလေးတွေကို အိမ်စာပေးလေ့မရှိ။ လိုအပ်လျှင် အပိုလေ့ကျင့်ခိုင်းသည့် စာများကိုလည်း ကျောင်းတွင်သာ အပြီး လုပ်ခိုင်းသည်။ အိမ်ကို ဝန်ထုပ်ဝန်ပိုး ပြန်မသယ်ခိုင်းပေ။ သူတို့ပေးသည့် အိမ်စာဆိုသည်မှာလည်း နာရီဝက်လောက်လုပ်လိုက်လျှင် ပြီးနိုင်သည်။


မိဘများကလည်း သူတို့သားသမီးများအတွက် တစ်နေ့တာလိုအပ်ချက်များကို ဆရာများက ကျောင်းတွင် အပြည့်အဝသင်ပေးလိုက်ပြီဟု ယုံကြည်ကြသည်။ ထို့ကြောင့် အိမ်ရောက်လျှင် စာကျက်ဟု တိုက်တွန်း ပြောစရာမလို။

 

Recommended for you - ခေတ်သစ်ရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့

 

Recommended for you - တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းကျ ကျောင်းသားငါးဦး သမ္မတ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ပြီး ၂၈ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး

 

Credit; EDGE

Read times Last modified on Friday, 17 January 2020 13:45
Rate this articles
(2 votes)