×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 28 August 2018

အမေရိက၏ ဒရုန်းတည်ဆောက်ရေး နည်းပညာကောလိပ်များ

အမေရိက၏ ဒရုန်းတည်ဆောက်ရေး နည်းပညာကောလိပ်များ google.com

အမေရိကန်ပြည်ထောင်စုတွင် တိုးတက်လာသည့် ဒရုန်း (Drone) နည်းပညာများကို သင်ကြားပေးနေသည့် အကောင်းဆုံးကောလိပ်ကျောင်းပေါင်း ၁၅ ကျောင်း ရှိပြီဖြစ်သည်။

ဒရုန်းများကို Unmanned Aerial System (UAS) သို့မဟုတ် Unmanned Aerial Vehicle (UAV) နည်းပညာရပ်များအဖြစ် အဝေးမှထိန်းချုပ်ပြီး ခိုငးေ်စနိုင်ရန် နည်းစနစ်များကို သင်ကြားရေးမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအတွက် အရေးကြီးလာသည်။


ယနေ့ဆိုလျှင် လူတစ်ယောက်လောက်ကို ကောင်းစွာမတင်ပြီး ပျံသန်းနိုင်သည့် ဒရုန်းများကိုပင် ဈေးသက်သာစွာဖြင့် တီထွင်ေနကြသည့် ခေတ်သို့ ရောက်နေပြီဖြစ်သည်။ အမေရိကန်စစ်တပ်ကလည်း စစ်ရေးကိစ္စများတွင် ဒရုန်းယာဉ်များကို တိုးချဲ့သုံးစွဲနိုင်ေရးအတွက် ဒေါ်လာ ၂၁ သန်းကျော် မတည်ရငးနှီ်းကာ လေ့လာစမ်းသပ်မှုများ ပြုလုပ်နေသည်။ ယခုအခါ မောင်းသူမဲ့ ဒရုန်းများတွင် ဒုံးကျည်များကို တင်ေပးလိုက်ပြီး တိုက်ပွဲဝငနိုင်သည့်အနေအထားကို ရောက်နေပြီဖြစ်သည်။


UAV စနစ်များကို စီးပွားရေးလုပ်ငန်းများတွင်သာမက စစ်ရေးအတွက်ပါလာမည့် ၂၀၁၉ ခုနှစ်တွင် တိုးချဲ့အသုံးပြုရန် စီစဥေ်နကြသည်။ UAV များကို တိုးချဲ့သုံးလာခြငြး်ဖင့် ၂၀၂၅ ခုနှစ်တွင် ထိုဒရုန်းများကို တီထွင် တပ်ဆင်၊ ထိန်းကျောင်းရန် အလုပ်နေရာပေါင်း သိန်းချီပြီး ပေါ်ထွက်လာမည်ဟူ၍လည်း ခန့်မှန်းနေကြသည်။


ဒရုန်းများတိုးချဲ့သုံးစွဲလာရေးသည် စီးပွားရေးလုပ်ငန်းအပေါ်တွင် ဒေါ်လာ ၈၂ ဘီလီယံခန့်အထိ သက်ရောက်မှုရှိနိုင်ေကြာင်း ပညာရှင်များက ခန့်မှန်းနေကြပါသည်။ အမေရိကတွင် ၂၀၀၂ ခုနှစ်က ဒရုန်းတည်ဆောက်အသုံးပြုရေးအတွက် ဘတ်ဂျက်ကို ဒေါ်လာ ၆၆၇ သန်းခန့်အထိ အသုံးပြုခဲ့ရာမှ ယခုအခါတွင် ၃ ဒသမ ၉ ဘီလီယံအထိ တိုးမြှင့် သုံးစွဲလာကြေားလည်း တွေ့ရသည်။ ယခင်က အမေရိကန်စစ်တပ်တွင် ဒရုန်း ၁၆၇ စီးသာ ရှိခဲ့ရာမှ ယခုအခါ ၇၅၀၀ ခန့် ရှိလာပြီဆိုခြငးေ်ကြာင့် ဒရုန်းများ အရေးပါမှုကို တွက်ဆနိုင်ပါသည်။


အမေရိကန်ပြည်ထောင်စုရှိ ကောလိပ်များတွင် စီးပွားရေးနှင့် စစ်ရေးအတွက် လိုအပ်ချက်များလာသည့် ဒရုန်းများ တည်ဆောက်ပေးရန်အတွက် ပညာရှင်များ မွေးထုတ်ပေးရေးဆီသို့ ဦးတည်ချက်လမ်းကြောင်း ပြောင်းလာကြသည်။ ထို့ကြောင့် ဒရုန်းပညာရပ်ဆိုင်ရာဘွဲ့များ၊ လက်မှတ်များအပြင် မာစတာမှသည် ဒေါက်တာဘွဲ့အထိပေးကာ မောငးနှ်င်ရေး၊ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး လမ်းကြောင်းဘက်ကို ကူးပြောင်းလာကြောင်း တွေ့ရပါသည်။


Embry-Riddle Aeronautical University (Daytona Beach, FL)

ERAU min
Embry-Riddle ကောလိပ်ကျောင်းတွင် RO TC (Reserve Officers' Training Corps) ဆိုသည့် ပရိုဂရမ်တစ်ခုကို သင်ကြားပို့ချပေးလျှက် ရှိသည်။ စစ်သင်တန်းကျောင်းပြီးလျှင် Embry - Riddle ကျောင်းသည် လေယာဥေ်မာင်းနှင်သူများကို အများဆုံး မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။


ထိုကျောင်းတွင် လက်ရှိတက်နေသည့် သင်တန်းသား ၅၀၀၀ ရှိသည်။ ထိုကျောင်းသားများတွင RO TC ပရိုဂရမ်ကို တက်နေသူပေါင်း သုံးပုံတစ်ပုံခန့်ရှိသည်။ Embry-Riddle ကောလိပ်သည် ဒရုန်းနည်းပညာရပ်များနှင့်ပတ်သက်ပြီး အမေရိကတွင် ဘွဲ့လွန်သင်တန်းပေးနေသော ပထမဆုံးကောလိပ်ကျောင်းတစ်ကျောင်းဖြစ်သည်။ ဒရုန်းပညာရပ်များကို စိတ်ပါဝင်စားသူများအနေနှင့် ဤကျောင်းတွင် ဘာသာရပ်နှစ်မျိုးကို ရွေးချယ်သင်ကြားနိုင်သည်။ ဒရုန်းတည်ဆောက်ရေးအပိုငးနှ်င့် ဒရုန်းပျံသန်းရေးအပိုင်းတို့ဖြစ်သည်။


Bachelor of Science in Unmanned Aircraft Systems Science ဘွဲ့အတွက် နာရီပေါင်း ၁၂၂ နာရီ ပြည့်မှီအောင်တက်ရသည်။ ထိုအတန်းကိုတက်လျှင် semester ၈ ခု တက်ရပြီး ကျောင်းသားများကိုယ်တိုင်က Pilot ဖြစ်ချင်သည်၊ မဖြစ်ချင်ဆိုခြင်းကို စိတ်ကြိုက် ရွေးချယ်သင်ကြားပိုင်ခွင့်ရှိသည်။


Master of Science in Unmanned and Autonomous Systems Engineering ဘွဲ့သည် အင်ဂျင်နီယာဘွဲ့ဖြစ်ပြီး မောင်းသူမဲ့ လေယာဉ်၊ ကား၊ ပန်းကန်ပြားပျံ၊ ရေငုပ်သင်္ဘော၊ ကုန်ထုတ်လုပ်ရေးဆိုင်ရာ စက်ရုပ်များ တီထွင်သည့် ဘာသာရပ်များကို သင်ကြားကြရသည်။


Master ဘွဲ့တွင်မှ Unmanned Systems ဘာသာရပ်ဆိုင်ရာ ပညာများကို သင်ကြားမည်ဆိုလျှင် အင်ဂျင်နီယာ ဘွဲ့မပေးပေ။ ယင်းဘာသာရပ်က ဒီဇိုင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်များနှင့် စနစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို သင်ကြားပေးသည်။
သင်တန်းများကို အွန်လိုင်းကတစ်ဆင့်လည်း သင်ယူနိုင်သည်။ လက်တွေ့သင်တန်းများကို အရီဇိုးနားရှိ Prescott နှင့် ဖလော်ရီဒါရှိ Daytona Beach တို့တွင် သင်ကြားပေးသည်။

 

Recommended for you - ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၀၀)ကျော်၌ ရှိနေ


Oklahoma State University (Stillwater, OK)

Oklahoma State Uni min
အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်တွင် Oklahoma State University သည် Healthiest Campus အဖြစ် ထင်ရှားသည်။ ဒရုန်းများနှင့်ပတ်သက်သည့် Unmanned Aircraft Systems (UAS) ပညာရပ်များကို ပထမဆုံးသင်ကြားသည့် တက္ကသိုလ်တွင် တစ်ခုအပါအဝင်ြဖစ်သည်။ ဘွဲ့ရသည့် အဆင့်အထိ သင်ကြားပေးသည်။


ဒရုန်းပညာရပ်များကို သင်ကြားလိုသည့် ကျောင်းသားသည် Master of Science သို့မဟုတ် PhD in Mechanical and Aerospace Engineering ဆိုသည့် နှစ်ခုကို တစ်ခုခု ရွေးချယ်သင်ကြားခွင့် ရှိသည်။


Master အဆင့်ကို တက်မည်ဆိုလျှင် အင်ဂျင်နီယာဘွဲ့တစ်ခုခု ရလာပြီးသူကိုသာ လက်ခံသည်။ PhD ဘွဲ့အတွက် ဆက်တက်မည်ဆိုလျှင် Master ဘွဲ့ တစ်ခုခု ရှိထားသူဖြစ်ရမည်။ သင်ရိုးညွှန်းတမ်းများအဖြစ် UAS ပညာရပ်များနှင့်ပတ်သက်သည့် ဒီဇိုင်းပညာ၊ တည်ဆောက်သည့်ပညာနှင့် ပျံသန်းသည့် ပညာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။


UAS ပျံသန်းမှုအပိုင်းတွင် သင်ကြားရန်အတွက် လေယာဉ်ရုံတစ်ရုံ၊ ထိန်းချုပ်ခန်းတစ်ခု၊ လေယာဥြေ်ပးလမ်း ၂ ခု၊ ပျံသန်းမှု စမ်းသပ်ကွင်း ၁ မိုင်ပတ်လည်တို့ကို တည်ဆောက်ပေးထားသည်။ ပျံသန်းရေးလေ့ကျင့်ရန် လေယာဉ်ငယ်ပေါင်း် ၂၀၀ ကို ထားပေးထားသည်။


ကျောင်းသားများ လေ့ကျင့်ရန်အတွက် University Multispectral Laboratories များကိုလည်း အသုံးပြုနိုင်သည်။ ပျံသန်းမှုတားမြစ်ထားသည့် ဇုန်များကို သီးခြားတည်ဆောက်ပေးပြီး လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ UAS ပရိုဂရမ်အတွက် သုတေသနလုပ်ငန်းများကို တက္ကသိုလ်အတွင်းရှိ ဓာတ်ခွဲခန်းများတွင် လုပ်ကိုငနိုင်သည်။


ကျောင်းသားများ ဒရုန်းနှင့်ပတ်သက်သည့် တည်ဆောက်ရေး၊ ဒီဇိုင်းဆွဲရေး၊ ပျံသန်းမှုလမ်းကြောင်း စီမံခန့်ခွဲရေး၊ ဆက်သွယ်ရေး၊ စစ်ဆင်ေရးနှင့် လေကြောင်းစီမံထိန်းသိမ်းရေးလုပ်ငန်းများကို သုတေသနပြုလုပ်နိုင်ကြသည်။

 

Recommended for you - အိန္ဒိယနိုင်ငံ၏ Feed The Future India Triangular Training (FTF-ITT) Program ပညာသင်ဆုများခေါ်ယူ

 

Recommended for you - ၂၀၁၉ ခုနှစ် အင်္ဂလိပ်စာမေးခွန်းပုံစံသစ် အတွက် ရှင်းလင်းမှာကြားချက်များ

 

Credit; The Voice

Read times Last modified on Friday, 17 January 2020 13:48
Rate this articles
(1 Vote)