×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 29 August 2018

စင်ကာပူရှိ JCU မှာ ပညာသင်ကြားလိုသူတွေအတွက် ပညာရေးဆွေးနွေးပွဲ

စင်ကာပူရှိ JCU မှာ ပညာသင်ကြားလိုသူတွေအတွက် ပညာရေးဆွေးနွေးပွဲ google.com

ဩစတြေးလျ အစိုးရပိုင်တက္ကသိုလ်ကြီးဖြစ်ပြီး ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိမှာဖြစ်တဲ့ ကြယ်ငါးပွင့်အဆင့်ရှိ JCU မှာ ပညာသင်ကြားလိုသူတွေအတွက် စင်ကာပူပညာရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်နေ့ နေ့လယ် ၂းဝဝ နာရီကနေ ၄းဝဝ နာရီအထိ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ် ပင်းတယခန်းမမှာ AT&S က ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။


James Cook University ဟာ စင်ကာပူနိုင်ငံမှာ ကျောင်းခွဲဖွင့်လှစ်ကာ ဩစတြေးလျက ဘွဲ့ဒီဂရီတွေ ပေးအပ်ပြီး စင်ကာပူအစိုးရရဲ့ Edu Trust လက်မှတ်ကိုလည်း လေးနှစ်စာ ရရှိထားတဲ့ Singapore Top Private စာရင်းဝင်တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ စင်ကာပူ ဂျီစီယူကျောင်းခွဲမှာ တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေဟာ စင်ကာပူ ပညာသင်စရိတ်အတိုင်း ပေးသွင်းပြီး ဩစတြေးလျနိုင်ငံ ဂျိမ်းစ်ကွတ်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားနိုင်မယ့် အခွင့်အရေးလည်း ရှိမှာဖြစ်ပါတယ်။


ဂျိမ်းစ်ကွတ်တက္ကသိုလ် စင်ကာပူမှာ စီးပွားရေး၊ အိုင်တီ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး၊ စိတ်ပညာ၊ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်နဲ့ အားကစားဘာသာရပ်၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သိပံ္ပနဲ့ ပညာရေးဆိုင်ရာဘာသာရပ်တွေကို တက်ရောက်နိုင်ပါတယ်။ မာစတာတန်းတွေအတွက် Master of Professional Accounting, Master of Business Administration, Master of Imformation Technology တွေကို တက်ရောက်နိုင်ပြီး Joint Master အဖြစ် ဘွဲ့လွန်ဒီဂရီတွေ ရယူနိုင်မှာဖြစ်ပါတယ်။


စီးပွားရေးနဲ့ နည်းပညာဘာသာရပ်တွေကို သင်ယူလိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဘာသာရပ်တွေကို ဘွဲ့ဒီဂရီကနေ ဒေါက်တာဘွဲ့ (Ph.D) အထိ ရယူနိုင်ပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ ဆရာဆရာမတွေက သင်ကြားပေးလျှက်ရှိတာကြောင့် လွယ်ကူထိရောက်စွာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသူတွေ၊ IGCSE ပြီးထားသူတွေမှာ Pre.University Foundation တက်ရောက်ပြီး ဘွဲ့ ဒီဂရီကို နှစ်နှစ်အတွင်း ရရှိမှာဖြစ်တယ်။ တက္ကသိုလ် ပထမနှစ်ပြီးထားသူတွေကတော့ နှစ်နှစ်တက်ကာ ဘွဲ့ရရှိမှာဖြစ်ပါတယ်။

 

Recommended for you - ကလေးတွေ ဘာ့ကြောင့် မူကြိုကျောင်းမှာ ငိုကြတာလဲ?


HND ပြီးထားသူတွေ ဘွဲ့ဒီဂရီတန်းကို တိုက်ရိုက်တက်ရောက်နိုင်ပြီး ဘာသာရပ်ကင်းလွတ်ခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုက ဘွဲ့ရရှိထားသူတွေက မာစတာတန်းဆက်တက်ခွင့်ရနိုင်ပြီး ကျောင်းဝင်ခွင့်သတ်မှတ်ချက် မပြည့်ပါက Postgraduate Qualitying Program (PQP) ကို ၄ လတက်ပြီး ဘွဲ့ဒီဂရီကို ရယူနိုင်မှာဖြစ်ပါတယ်။


ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဂျိမ်းစ်ကွတ်တက္ကသိုလ် စင်ကာပူရုံး တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ AT&S (Overseas Education Consultancy)၊ အဆောင် ၅၊ အခန်း MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း ဝ၉- ၅၀ ၆၂၁ ၆၁၊ ဝ၉- ၇၇၇ ၂၂၃ ၂၂၅ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အောင်မြင်သူများရဲ့ အကောင်းဆုံးစကား (၁၀) ခွန်း

 

Recommended for you - ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုဖွဲ့စည်းရန် Open University (UK) မှ အကြံပြု

 

Credit; Kumudra

Read times Last modified on Friday, 17 January 2020 13:51
Rate this articles
(1 Vote)