×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 30 August 2018

ပြင်သစ်ယဉ်ကျေးမှုဌာနတွင် IFB OPEN HOUSE DAY ကျင်းပပြုလုပ်မည်

ပြင်သစ်ယဉ်ကျေးမှုဌာနတွင် IFB OPEN HOUSE DAY ကျင်းပပြုလုပ်မည် google.com

ပြင်သစ်ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ပိုမိုသိရှိစေဖို့ IFB OPEN HOUSE DAY ကို စက်တင်ဘာလ ၁ ရက်၊ နေ့လယ် ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ပြင်သစ်ဘာသာစကား သင်တန်းများ၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များ၊ ပြင်သစ်စာသင်ယူခြင်းကြောင့် ရရှိလာမယ့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ပိုမိုသိရှိစေရန် ဝေမျှသွားမှာဖြစ်ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ သင်ကြားပေးနေတဲ့ ပြင်သစ်ဘာသာစကား သင်တန်းအဆင့်များ၊ လာမယ့်အောက်တိုဘာမှာ ဖွင့်လှစ်သွားမယ့် သင်တန်းအသစ်များ၊ ပြင်သစ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ချီးမြှင့်ပေးအပ်တဲ့ DELF/ DALF ဒီပလိုမာများ၊ ပြင်သစ်နိုင်ငံအလယ်ပိုင်းရှိ ဗင်ချီမြို့မှာ စရိတ်ငြိမ်း တစ်လတာ ပြင်သစ်ဘာသာစကားသင်ယူနိုင်မယ့် ပညာသင်ဆုများအကြောင်း (တစ်ဦးလျှင် ယူရို ၃၅၀၀ ခန့် ပြင်သစ်ယဉ်ကျေးမှုဌာနက အကုန်အကျခံ တာဝန်ယူကာ စေလွှတ်သွားမှာ ဖြစ်ပါတယ်။)၊ ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်ကျင်းပနေတဲ့ ယဉ်ကျေးမှုနှင့် နည်းပညာဆိုင်ရာ ပွဲအစီအစဉ်များ၊ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ မီဒီယာစာကြည့်တိုက်အကြောင်းတို့ကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသား၊ မိဘများအနေနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနအတွင်း ဝင်ရောက်ရန် မိမိတို့ရဲ့ မှတ်ပုံတင်မူရင်း သို့မဟုတ် ယာဉ်မောင်းလိုင်စင် မူရင်းတို့ပြသရန် လိုအပ်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ပြင်သစ်ယဉ်ကျေးမှုဌာန ဖုန်း ၀၁- ၅၃၅၄၂၈၊ ၀၉- ၂၆၂၆၁၁၄၃၈ နဲ့ အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Recommended for you - မြန်မာတက္ကသိုလ်တွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားတဲ့သူဟာ

 

Recommended for you - အမေရိကန်နိုင်ငံ၌ကျင်းပသော စက်ရုပ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၆)ဖြင့် ဆုရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

 

Credit; Internet Journal

Read times Last modified on Friday, 17 January 2020 13:53
Rate this articles
(1 Vote)