×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 04 September 2018

JDS ပညာသင်ဆုဖြင့် Japan နိုင်ငံတွင် သင်ကြားမည့် MPH သင်တန်းလျှောက်လွှာခေါ်ယူခြင်း

JDS ပညာသင်ဆုဖြင့် Japan နိုင်ငံတွင် သင်ကြားမည့် MPH သင်တန်းလျှောက်လွှာခေါ်ယူခြင်း google.com

The Project for Human Resource Development Scholarship (JDS) ပညာသင်ဆု အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ Nagasaki University တွင် (၂၀၁၉-၂၀၂၀) ခုနှစ် ပညာသင်နှစ်အတွက် သင်ကြားပို့ချမည့် Master of Public Health (Health Administration / Policy) သင်တန်းသို့ ပညာသင်စေလွှတ်ရန်အတွက် အောက်ဖော်ပြပါအရည်အချင်းနှင့်ပြည့်စုံသူများသည် သက်ဆိုင်ရာဦးစီးဌာနမှ တဆင့် လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြား အပ်ပါသည်။


လိုအပ်သောအရည်အချင်းများ

၁။ လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းသည်လည်း နိုင်ငံသားဖြစ်ရပါမည်။ (ဧည့်နိုင်ငံသားနှင့်ပြုနိုင်ငံသားများကိုလည်း လျှောက်ထားခွင့်ပြုပါသည်။)

၂။ လျှောက်ထားသူသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လျှောက်လွှာပိတ်သည့်နေ့တွင် အနည်းဆုံးအမှန်တကယ် အမှုထမ်းသက် (၂)နှစ် ရှိသူဖြစ်ရပါမည်။

၃။ လျှောက်ထားသူသည် M.B.B.S/ B.D.S/ B.N.Sc/ B.Comm.H/ B.Med.Tech/ B.Pharm/ B.M.T.M ဘွဲ့ ရရှိထားသူဖြစ်ရပါမည်။

၎။ လျှောက်ထားသူသည် (၁-၄-၂၀၁၉) ရက်နေ့တွင် အသက် (၄၀)နှစ်အောက် ရှိသူဖြစ်ရပါမည်။

၅။ နိုင်ငံခြားတွင် (၆)လနှင့်အထက် သင်တန်းတက်ရောက်ပြီးသူဖြစ်ပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး အနည်းဆုံး (၃)လ တာဝန်ထမ်းဆောင်ပြီးသူဖြစ်ရပါမည်။

၆။ သင်တန်းမှပြန်လည်ရောက်ရှိပါက နိုင်ငံဝန်ထမ်းအဖြစ် (၄)နှစ် ပြန်လည်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။

 

လျှောက်လွှာဖြည့်ရမည့် ပုံစံ

(၁) အမည် (မြန်မာဘာသာဖြင့်) -
(အင်္ဂလိပ်ဘာသာဖြင့်)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဆမ/သ/သနသအမှတ် -

(၂) အဘအမည် -
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -
အလုပ်အကိုင် -

(၃) အမိအမည် -
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -
အလုပ်အကိုင် -

(၄) ဇနီး/ခင်ပွန်းအမည် -
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -
အလုပ်အကိုင် -

(၅) အသက်(မွေးနေ့သက္ကရာဇ်) -

(၆) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -

(၇) ပညာအရည်အချင်း -

(၈) လက်ရှိရာထူးနှင့်ဌာန -

(၉) စတင်အမှုထမ်းဆောင်သည့်နေ့နှင့် အမှုထမ်းသက် -

(၁၀) အမှုထမ်းရာဇဝင်အကျဉ်း -

(၁၁) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအမှတ်နှင့် Email Address -

(၁၂) ပြည်တွင်း၌တက်ရောက်ခဲ့သောဘွဲ့နှင့် အောင်မြင်ခဲ့သော (ခုနှစ်၊ လ၊ ရက်) -

(၁၃) ပြည်ပသို့ (၆)လနှင့်အထက် သင်တန်းတက်ရောက်ခဲ့ဖူးပါက သွားရောက်ခဲ့သည့်နိုင်ငံ၊ သင်တန်းကာလ (ရက်၊ လ၊ နှစ်အတိအကျဖော်ပြရန်) -

(၁၄) ပြည်တွင်း/ပြည်ပဘွဲ့လွန်သင်တန်းတက်ရောက်နေခြင်း (သို့မဟုတ်) တက်ရောက်ရန် ရွေးချယ် ခံထားရခြင်းရှိ/မရှိ -

(၁၅) ပြည်တွင်း/ပြည်ပသင်တန်းတစ်ခုခုသို့ တက်ရောက်ဆဲဖြစ်ပါက ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

(၁၆) လျှောက်ထားသည့်သင်တန်း -

(၁၇) လိုအပ်မည့်စာရွက်စာတမ်းများ -

(က) လွန်ခဲ့သော(၆)လအတွင်း ရိုက်ကူးထားသော ပါတ်စ်ပို့အရွယ်ဓါတ်ပုံ(၃)ပုံ

(ခ) အသက်မှန်ကန်ကြောင်းထောက်ခံစာမိတ္တူ

(ဂ) ဘွဲ့လက်မှတ်မိတ္တူ

(၁၈) အချက်အလက်အားလုံးပြည့်စုံစွာဖော်ပြပြီး သင်တန်းသားကိုယ်တိုင် မိမိကိုယ်တိုင်လက်မှတ်ရေးထိုးတင်ပြရမည်။

(၁၉) လျှောက်လွှာများကို မိမိတို့တာဝန်ထမ်းဆောင်နေသည့်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

(၂၀) ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနထံ ကြိုတင်လျှောက်လွှာပေးပို့ရန်မလိုပါ။

(၂၁) သက်ဆိုင်ရာဦးစီးဌာနှင့် တက္ကသိုလ်များမှာ သင်တန်းသား၏ လျှောက်လွှာပါအချက်အလက်များ မှန်ကန်ပြည့်စုံကြောင်းနှင့် သင်တန်းဝင်ရောက်ဖြေဆိုခွင့်ကို ထောက်ခံမထောက်ခံဖော်ပြ၍ လျှောက်လွှာများနှင့်တကွ ဤကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်သို့ (၁၂-၉ -၂၀၁၈)ရက်နေ့ (၁၆:၀၀)နာရီ နောက်ဆုံးထားပေးပို့ရမည်။

(၂၂) သက်ဆိုင်ရာဦးစီးဌာနနှင့် တက္ကသိုလ်များမှတဆင့် စိစစ်ထောက်ခံပေးပို့ခြင်းမရှိသည့် လျှောက်လွှာများကို စဉ်းစားမည်မဟုတ်ပါ။

 

Recommended for you - ကျောင်းသား/သူများ လုပ်အားပေးဆက်သွယ်ရေးအရာရှိ လျှောက်ထားနိုင်

 

အရည်အချင်းစစ်စာမေးပွဲ

သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူများသည် (၁၄-၉-၂၀၁၈)ရက်နေ့တွင် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကိုဖြေဆိုရမည်။ ရေးဖြေစာမေးပွဲတွင် ကျွမ်းကျင်မှုဘာသာရပ်အဖြစ် (၃)နာရီ မေးခွန်းလွှာနှင့် အင်္ဂလိပ်စာဘာသာရပ်အဖြစ် (၂)နာရီ မေးခွန်းလွှာတို့ကို “ ဆေးပညာသင်ကြားရေး ဗဟိုဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ရန်ကုန် ” တွင်ဖြေဆိုရမည်ဖြစ်ပါသည်။

 

ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်စာရင်းနှင့် စာမေးပွဲအချိန်စာရင်းကို (၁၃-၉-၂၀၁၈) ရက်နေ့တွင် ဆေးပညာသင်ကြားရေးဗဟိုဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ရန်ကုန်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာထားမည်ဖြစ်ပါသည်။

 

မှတ်ချက်။

- လျှောက်လွှာပိတ်ရက်နောက်ပိုင်းမှ ရောက်ရှိလာသော လျှောက်လွှာများနှင့် ပြည့်စုံခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

- စာမေးပွဲလာရောက်ဖြေဆိုသည့်အခါ ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၁)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ်များကို တင်ပြရပါမည်။

- အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

-( ၀၆၇-၄၁၁၁၇၉ ညွှန်ကြားရေးမှုး ၀၆၇-၄၁၁၂၃၈ နိုင်ငံခြားဆက်သွယ်ရေးဌာနစိတ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန။

- ၀၆၇-၄၁၁၁၄၈ နိုင်ငံခြားဆက်သွယ်ရေးဌာနစိတ် ၀၆၇-၄၁၁၁၄၉ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန။ လိုင်းခွဲ-၈၀၉

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် Toshiba Youth Club Asia လျှောက်လွှာများခေါ်ယူ

 

Recommended for you - ရုရှားနိုင်ငံမှပို့ချသော သင်တန်းဝက်ဘ်ဆိုက်လိပ်စာများ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထား

 

Credit; ministry of health and sports

Read times Last modified on Friday, 17 January 2020 13:58
Rate this articles
(1 Vote)