×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 04 September 2018

အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲများအကြောင်း

အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲများအကြောင်း google.com

သင့်သူငယ်ချင်းတွေထဲမှာ ကိုယ့်အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးချင်လို့၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်လို့၊ အလုပ်သွားလုပ်ချင်လို့ စတဲ့ သူငယ်ချင်းတွေရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အထောက်အကူပြုမှာပါ။

အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲက အမျိုးမျိုးရှိသလို ကိုယ်သွားမယ့်နိုင်ငံပေါ်၊ သွားမယ့်ရည်ရွယ်ချက်ပေါ် မူတည်ပြီး ဘယ်စာမေးပွဲကို ဖြေလို့ ဘယ်အသိအမှတ်ပြုလက်မှတ်ကို ယူသင့်လဲဆိုတာကို သေချာသိဖို့ လိုအပ်ပါတယ်။


TOEFL, IELTS, TOEIC ဆိုတဲ့ အတိုကောက်စာလုံးတွေကို သင်တို့ မြင်ဖူးကြမှာပေါ့နော်။ သူတို့ရဲ့ အဓိပ္ပာယ်တွေက ဘာတွေလဲ? ဘာအတွက် ဖြေကြတာလဲ? ပြီးတော့ သင်က ဘယ်စာမေးပွဲဖြေသင့်တာလဲ? ဆိုတာတွေကို သင်တို့ ဂဃဏနသိရအောင် ပြောပြပေးမယ်နော်။


(၁) TOEFL (Test of English as a Foreign Language)

သူ့ကို “ တိုဖယ်လ် ” လို့ အသံထွက်ပါတယ်။ ဒီစာမေးပွဲကိုတော့ တက္ကသိုလ် ကောလိပ်တွေတက်ဖို့အတွက် ဖြေဆိုရပါတယ်။ နိုင်ငံပေါင်း (၁၃)နိုင်ငံမှာ TOEFL အမှတ်နဲ့လက်ခံတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အေဂျင်စီပေါင်း ၉,၀၀၀ ရှိပါတယ်။ အထူးသဖြင့် အမေရိကမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေက TOEFL အမှတ်တောင်းကြပါတယ်။


အစိုးရအဖွဲ့အစည်းတွေ၊ စကော်လာရှစ်ပရိုဂရမ်တွေအတွက်လည်း TOEFL အမှတ်လိုပါတယ်။ ဒီစာမေးပွဲက စာဖြေသူတွေကို တက္ကသိုလ်အဆင့်မှာသုံးတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းကို နားလည် မလည်၊ အသုံးပြုနိုင်စွမ်းရှိ မရှိကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီလက်မှတ်ကနေတဆင့် စာဖြေသူရဲ့ တက္ကသိုလ်အဆင့်မှာ သုံးတဲ့ အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည်တွေကို တက္ကသိုလ်တွေက သိနိုင်မှာပါ။ ဒီအသိအမှတ်ပြုလက်မှတ်ရဲ့ သက်တမ်းက စာမေးပွဲဖြေဆိုတဲ့ရက်ကနေ (၂) နှစ်အတွင်းဖြစ်ပါတယ်။ စာမေးပွဲကြာချိန်ကတော့ (၃)နာရီပါ။


(၂) IELTS (International English Language Testing System)

သူ့ကို “ အိုင်လ်တီအက်စ် ” ဆိုပြီး ထွက်ပါတယ်။ ဒီစာမေးပွဲကိုတော့ ကျောင်းတက်ချင်သူတွေ၊ အင်္ဂလိပ်စကားပြောနိုင်ငံတွေ (ဥပမာ- ကနေဒါလိုနိုင်ငံမျိုးမှာ) ပြောင်းရွှေ့နေထိုင်ချင်သူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့သူတွေ ဖြေဆိုကြပါတယ်။ ကမ္ဘာတဝန်းက အဖွဲ့အစည်းပေါင်း ၉,၀၀၀ ကျော်က IELTS ကို အသိအမှတ်ပြုထားပါတယ်။ IELTS အမှတ်အများဆုံးကတော့ Band – 9 ဖြစ်ပါတယ်။ အနည်းဆုံးကတော့ Band – 1 ပါ။


TOEFL နဲ့ IELTS ကို အနှစ်ချုပ်ပြောရရင် ပညာရေးအတွက်ဆိုရင် TOEFL အမှတ်ကို တောင်းလေ့ရှိကြပေမယ့် တချို့နိုင်ငံတွေ (ဥပမာ- ဗြိတိသျှနိုင်ငံ) မှာဆိုရင်တော့ IELTS အမှတ်ကို ပိုလိုလားကြပါတယ်။ TOEFL ကို အွန်လိုင်းကနေတဆင့် သို့ မျက်နှာချင်းဆိုင် ဖြေလို့ရပေမဲ့ IELTS ကတော့ လူချင်းဆုံပြီး ဖြေရပါတယ်။ နှစ်ခုစလုံးရဲ့ သက်တမ်းကတော့ (၂) နှစ်ပါ။ သက်တမ်းရှိတာမို့ ကျောင်းလျှောက်မယ့် အချိန်နဲ့ ကိုက်ပြီးတော့ စာမေးပွဲဖြေဖို့ မမေ့ပါနဲ့နော်။ တော်ကြာ သက်တမ်းကုန်သွားတာနဲ့တိုးရင် ပြန်ဖြေနေရမှာစိုးလို့ပါ။


(၃) TOEIC (Test of English for communication)

TOEIC ကိုတော့ စီးပွားရေးအတွက် ဖြေကြပါတယ်။ အာရှမှာရှိတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို အင်္ဂလိပ်စကားပြော ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သေချာနားလည်စေချင်တာမို့ TOEIC အမှတ်ကောင်းကောင်းတွေရှိစေချင်ကြပါတယ်။ သူ့သက်တမ်းကလည်း (၂)နှစ်ပါပဲ။


(၄) OPI & OPIC

ဒီနှစ်ခုကျတော့ အင်္ဂလိပ်စကားပြောကျွမ်းကျင်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ သူတို့ကို စီးပွားရေးလုပ်ငန်းနဲ့ အင်္ဂလိပ်စကားပြောအရည်အချင်းကို သက်သေပြဖို့လိုတဲ့ အင်္ဂလိပ်စာဆရာတွေဖြေကြပါတယ်။ OPI က အခန်းထဲမှာ စာစစ်သူနဲ့ ဖြေရတာဖြစ်ပြီးတော့ OPIC ကတော့ အွန်လိုင်းကနေတဆင့်ဖြေရတာဖြစ်ပါတယ်။ ဒါက ဘယ်သူတွေအတွက်ကောင်းလဲဆိုတော့ တခြားစွမ်းရည် (၃)မျိုးထက် အပြောစွမ်းရည်ကို ပိုဦးစားပေး စမ်းသပ်ချင်တဲ့သူတွေအတွက် ကိုက်ပါတယ်။ OPIC က စာစစ်သူကိုယ်တိုင် လာစရာမလိုတာမို့ OPI ထက် ဈေးပိုသက်သာပါတယ်။


(၅) Cambridge Exams

ဒီစာမေးပွဲတွေက အပေါ်က စာမေးပွဲတွေနဲ့ ကွာခြားပါတယ်။ အပေါ်က စာမေးပွဲတွေက အောင်တယ် ကျတယ် ဆိုတာမျိုးထက် အမှတ်ပဲ သတ်မှတ်ပေးလိုက်တာပါ။ ဒီစာမေးပွဲမှာတော့ အောင်တယ် (သို့) ကျတယ်ပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ့်နဲ့သင့်တော်မယ့် စာမေးပွဲအမျိုးအစားကို ရွေးချယ်စေချင်ပါတယ်။

 

Recommended for you - သူနာပြုဘွဲ့လွန် သင်တန်းလျှောက်လွှာခေါ်ယူခြင်း


PET – Cambridge English: Preliminary

ဒီစာမေးပွဲက အနိမ့်ဆုံးအဆင့်ပါ။ ဒီအဆင့်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ရိုးရိုးရှင်းရှင်း အကြောင်းအရာတွေကို ပြောနိုင်၊ ဆက်သွယ်နိုင်ပြီဆိုတာ သက်သေပြပါတယ်။


FCE – Cambridge English: First

ဒီစာမေးပွဲကတော့ အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ နေဖို့အတွက် အင်္ဂလိပ်စကားတော်တော်ကျွမ်းကျင်မှုရှိနေပြီဆိုတာ သက်သေပြဖို့အတွက် ဖြေကြပါတယ်။


CAE – Cambridge English: Advanced

ဒီစာမေးပွဲ ဖြေဖို့အတွက်ဆိုရင်တော့ အင်္ဂလိပ်စာ အရေးအသားနဲ့ စကားပြော (၂) မျိုးလုံး အရမ်းကျွမ်းကျင်နေမှ ရပါမယ်။


CPE – Cambridge English: Proficiency

Native speaker (မိခင်ဘာသာစကား) နီးပါး အင်္ဂလိပ်စာ ကျွမ်းကျင်ကြောင်း သက်သေပြချင်တဲ့ ကျောင်းသားတွေက ဒီစာမေးပွဲကို ဖြေဆိုကြပါတယ်။ ဒီစာမေးပွဲဟာ Cambridge exam တွေထဲမှာ အခက်ဆုံးဖြစ်ပြီး အောင်သွားမယ်ဆိုရင်လည်း တကယ့်ကိုမှ ရလဒ်ကောင်းတစ်ခုဖြစ်မှာပါ။


Cambridge exam တွေရဲ့ ရလဒ်က သက်တမ်းမရှိပါဘူး။ တစ်သက်တာအတွက်ပါ။ ဒါတွေအပြင် တခြားစာမေးပွဲတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်စာမေးပွဲပဲဖြစ်ပါစေ အရေးကြီးတာက ဒီစာမေးပွဲကို ဘာကြောင့်ဖြေတယ်၊ ဘယ်လိုရလဒ်မျိုးရမှ ကိုယ်လိုချင်တာရမယ် စတာတွေကို သေချာသိထားဖို့လိုပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - JDS ပညာသင်ဆုဖြင့် Japan နိုင်ငံတွင် သင်ကြားမည့် MPH သင်တန်းလျှောက်လွှာခေါ်ယူခြင်း

 

Recommended for you - အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တက္ကသိုလ်ကတည်းက အဆင်သင့် လေ့ကျင့်ပြီးဖြစ်အောင် ကြိုးစားရမည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

 

Credit; Myat (For Her Myanmar)

Read times Last modified on Tuesday, 21 January 2020 15:28
Rate this articles
(1 Vote)