×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 05 September 2018

အင်္ဂလန်မှ ပေးအပ်တဲ့ဘွဲ့ကို ကျောင်းလခသက်သာစွာဖြင့် ပြည်တွင်းမှာပင် တက်ရောက်နိုင်

အင်္ဂလန်မှ ပေးအပ်တဲ့ဘွဲ့ကို ကျောင်းလခသက်သာစွာဖြင့် ပြည်တွင်းမှာပင် တက်ရောက်နိုင် google.com

ဂလိုဘယ် ကောလိပ် - Global College မှာ အင်္ဂလန်နိုင်ငံရှိ University of Hertfordshire (UK) က ပေးအပ်တဲ့ BA (Hons) Business Administration (top-up) ဘွဲ့ကို ကျောင်းလခအသက်သာဆုံးနဲ့ မြန်မာပြည်တွင်းမှာပင် တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

UK က ချီးမြင့်တဲ့ BA (Hons) Business Administration (top-up) ဘွဲ့ရယူရန် Global College of Business & Technology Foundation Year, ဒုတိယနှစ်တန်းခွဲတွေကို စက်တင်ဘာလမှာ စပြီး တက်ရောက်နိုင်ပါတယ်။


မြန်မာတက္ကသိုလ် ပထမနှစ် (သို့) LCCI Level 3 အောင်မြင်ထားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဂလိုဘယ်ကောလိပ်မှာ ဒုတိယနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)နဲ့ IGCSE တွေမှာ ဂုဏ်ထူး (Distinction) လေးဘာသာ ရရှိထားသူတွေအနေနဲ့လည်း အင်္ဂလိပ် IELTS (5.5) အဆင့်ရှိရင် ဂလိုဘယ်ကောလိပ်မှာ ဒုတိယနှစ်ကို တိုက်ရိုက်တက် ရောက်နိုင်မယ့် အခွင့်အရေး ရှိပါတယ်။


ဂလိုဘယ်ကောလိပ်မှာ ဒုတိယနှစ် တက်ရောက်အောင်မြင်ပြီးဆုံးပါက UK နိုင်ငံရှိ NCC Education က ချီးမြှင့်တဲ့ RQF Level-4 အဆင့်ရှိ Diploma in Business ကို ရရှိပါမယ်။ ဂလိုဘယ်ကောလိပ်မှာ နောက်ထပ်နှစ်နှစ် ထပ်မံတက် ရောက် အောင်မြင်ပြီးဆုံးရင် UK ရှိ University of Hertfordshire က ချီးမြှင့်တဲ့ BA (Hons) Business Admini- stration ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။


ဒုတိယနှစ်သင်တန်းတွေကို တနင်္လာနဲ့ သောကြာနေ့တွေမှာ full time အချိန် ပြည့်(သို့) စနေနဲ့ တနင်္ဂနွေနေ့တွေမှာ part-time အချိန်ပိုင်း ဂလိုဘယ်ကောလိပ်မှာ တက်ရောက်နိုင်ပါတယ်။ ဂလိုဘယ်ကောလိပ်မှာ ပထမနှစ်ကို International School နဲ့ ICCSE က အောင်မြင်ပြီးသူတွေ အင်္ဂလိပ်စာ IELTS (5.5) အဆင့်မီတဲ့ ကျောင်းသူ ကျောင်းသားတွေမှာ Term တစ်ခုတည်းနဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး မြန်မာအစိုးရအထက်တန်းကျောင်းက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ အင်္ဂလိပ်စာအခြေခံအားကောင်းပြီး စီးပွားရေးပညာရပ်ကို လေ့လာလိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ပထမနှစ်ကို 2 Term နဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပထမနှစ်အောင်မြင်ရင် Cretificate in Business Studies ရရှိမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အထက်တန်းကိုးတန်းနဲ့ Internation School တွေက Secondary 3 (or) Year 10 အောင်မြင်ပြီးသူတွေလည်း Global College မှာ Foundation Year စတင်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Foundation Year ပြီးဆုံးပါက Foundation Certificate in Business ရရှိမှာ ဖြစ်ပါတယ်။

 

Recommended for you - သူနာပြုဘွဲ့လွန် သင်တန်းလျှောက်လွှာခေါ်ယူခြင်း


စီးပွားရေးစီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုပညာရပ်တွေကို Exam Based, Assignment Based နဲ့ Activity Based တွေအပြင် Oxford နဲ့ Harvard တက္ကသိုလ်တို့လို ကမ္ဘာ့အဆင့်မြင့်နည်းစနစ်တွေအတိုင်း သင်ယူနိုင်ပါတယ်။ ဘွဲ့ရအောင်မြင်ပြီးရင် လုပ်ငန်းခွင်ကို ဝင်ရောက်ရာမှာ အဆင်ပြေလွယ်ကူစေဖို့ ဂလိုဘယ်ကောလိပ်နဲ့ Regent Education က ကူညီဆောင်ရွက်ပေးပြီး ဂလိုဘယ်ဘွဲ့ရအောင်မြင်ပြီးတဲ့အခါ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် နိုင်ငံခြားမှာ ဖြစ်ဖြစ် ဘွဲ့လွန် MBA နဲ့ PhD တက်ရောက်ဖို့ အရည် အချင်းကောင်းတွေလည်း ရရှိနိုင်ပါတယ်။


ဂလိုဘယ်ကောလိပ်က မြန်မာကျောင်းသူ ကျောင်းသားတွေအတွက် ကမ္ဘာ့အဆင့်မီ ရင်ပေါင်တန်းနိုင်ဖို့ အဆင့်မြင့် BA (Hons) Business Administration Degree ဘွဲ့ကို အဆင့်မြင့်မြင့် အဆင်ပြေစွာ မြန်မာပြည်တွင်းမှာပင် ကျောင်းလခသက်သာစွာ တက်ရောက်သင်ယူနိုင်ဖို့ စေတနာနဲ့ စီစဉ်ထားပါတယ်။ ကျောင်းလခကို CB Bank နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျစနစ်နဲ့ ပေးသွင်းနိုင်ဖို့ စီစဉ်ထားပါတယ်။


နိုင်ငံ့ဝန်ထမ်းပုဂ္ဂိုလ်တွေနဲ့ အနာဂတ်အတွက် လူတော်လူကောင်းများစွာကို ပြုစုပျိုးထောင်နေတဲ့ ဆရာဆရာမတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရမူလတန်းကနေ တက္ကသိုလ်အထိ ဆရာဆရာမတွေရဲ့ သားသမီးတွေကို ဂလိုဘယ်ကောလိပ်က စီးပွားရေးအုပ်ချုပ်မှု Business Administration ဘွဲ့ တက်ရောက်ဖို့အတွက် ကျောင်းလခ ၁၀ က ၁၅ ရာခိုင်နှုန်းဆုကို နှစ်စဉ်ချီးမြှင့်မှာ ဖြစ်ပါတယ်။


UK နိုင်ငံရှိ University of Hertfordshire က BA (Hons) Business Administration Degree ဘွဲ့ကို နိုင်ငံတကာအဆင့်မီ သင်ယူလိုသူတွေအနေနဲ့ Global College Business & Technology ကို ဆက်သွယ်ပြီး အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။ အမှတ် (၁)၊ ဆင်လှလမ်း (ကွင်းကျောင်းလမ်းအလယ်) (အောက်ကြည့်မြင်တိုင်လမ်းနဲ့ ကမ်းနားလမ်းကြား၊ အလုံမှာ ရှိပြီး ဖုန်း ဝ၉ ၉၅ ၃၂၃ ၈၈ ၈၀၊ ဝ၉ ၉၅ ၃၂၃ ၈၈ ၈၃ ကို ဆက်သွယ်နိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဘွဲ့ရထားပေမယ့် ဘာလို့အလုပ်မရသေးတာလဲ

 

Recommended for you - ကျောင်းသား/သူများ လုပ်အားပေးဆက်သွယ်ရေးအရာရှိ လျှောက်ထားနိုင်

 

Credit; မေသက်

Read times Last modified on Tuesday, 21 January 2020 15:29
Rate this articles
(1 Vote)