×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 10 September 2018

ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေဖို့ ဒါတွေလုပ်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေဖို့ ဒါတွေလုပ်ပါ google.com

အောင်မြင်မှုဆီကို သွားတဲ့အခါ အခုပထမဆုံး အဆင့်တစ်ဆင့်ကို ပြောပါ့မယ်။ အဲဒါ အလွန်အင်မတန် အခြေခံကျတဲ့ အဆင့်တစ်ဆင့်ပါ။ အဲဒီအဆင့်တစ်ဆင့်က စပါပြီ။ မိတ်ဆွေ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မိတ်ဆွေ အောင်မြင်လိမ့်မယ်ဆိုတာကို ယုံကြည်လိုက်ပါ။


ယုံကြည်မှုအား ထက်မြက်လာစေဖို့

အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ ယုံကြည်မှုစွမ်းပကားကို ထက်ထက်သန်သန်နဲ့ တိုးပွားရရှိနိုင်မယ့် နည်းလမ်းတွေပါပဲ။


အောင်မြင်မှုကို တွေးပါ

အရှုံးအကြောင်းကို လုံးဝမစဉ်းစားပါနဲ့။ အလုပ်ထဲမှာပဲရောက်ရောက်၊ အိမ်မှာပဲ နေနေ ရှုံးနိမ့်မယ်လို့ တွေးမိစေမယ့်နေရာတွေမှာ အောင်မြင်မယ်ဆိုတာနဲ့ အစားထိုးပြီး တွေးကြည့်ပါ။ ခက်ခက်ခဲခဲ အခြေအနေတစ်ရပ်ကို မိတ်ဆွေရင်ဆိုင်နေရတယ်ဆိုပါစို့။ " ငါတော့ ရှုံးချင်ရှုံးလိမ့်မယ် " လို့မတွေးပဲ " ငါအောင်မြင်လိမ့်မယ် " လို့ပဲတွေးပါ။


တစ်ယောက်နဲ့ကိုယ်က ပြိုင်ရပြီဆိုတဲ့အခါမှာလည်း " ငါက အဆင့်နိမ့်နေတာပဲ " လို့မတွေးပါနဲ့။ အကောင်းဆုံးဆိုတဲ့ အထဲမှာ ငါပါတယ်လို့တွေးပါ။ အခွင့်အလမ်းတစ်ခုပေါ်လာရင်လည်း " ငါဒါကို လုပ်နိုင်တာပဲ "လို့တွေးပါ။ " ငါလုပ်နိုင်မှာ မဟုတ်ဘူး " လို့ဘယ်တော့မှ မတွေးပါနဲ့။

 

Recommended for you - ကျောင်းသားများ အခကြေးငွေ ပေးစရာမလိုဘဲ လေ့လာနိုင်တဲ့ ထိပ်တန်း ပညာရေးဝက်ဘ်ဆိုက် ၁၀ ခု


မိတ်ဆွေရဲ့အတွေးစဉ်ကြီးထဲမှာ " ငါအောင်မြင်လိမ့်မယ် " ဆိုတဲ့ အတွေးကပဲ ဦးဆောင်သွားပါ။ အောင်မြင်မှုကိုပဲ တွေးနေတဲ့အခါ မိတ်ဆွေရဲ့စိတ်ထဲမှာ အောင်မြင်စေမယ့် စီမံချက်တွေကိုသာ ဖန်တီးနေပါလိမ့်မယ်။ အရှုံးကို တွေးမိတဲ့အခါ အဲဒါနဲ့ ဆန်ကျင်ဘက်တွေ တိတိကျကျ ထွက်လာပါလိမ့်မယ်။ အရှုံးကိုပဲ တွေးနေတော့ အရှုံးဖြစ်ပေါ်လာစေမယ့် အတွေးတွေထဲမှာသာ စိတ်က တဝဲလည်လည် ဖြစ်နေပါလိမ့်မယ်။


သင်ဟာ သင်ထင်တာထက်ပိုတော်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ

အောင်မြင်နေတဲ့သူတွေဟာ စူပါမင်းတွေ မဟုတ်ကြပါဘူး။ အောင်မြင်ဖို့ဆိုရင်လည်း အကောင်းစား အပျံစား ဥာဏ်ရည်ဥာဏ်သွေး ရှိနေဖို့မလိုပါဘူး။ အောင်မြင်မှုဆိုတာကလည်း ထူးထူးဆန်းဆန်း အံဘနန်းပြောစရာ ဘာမှ မပါပါဘူး။ နောက်တစ်ချက်က အောင်မြင်မှုဆိုတာ ဘုန်းကံပေါ်လည်း မူမတည်ပါဘူး။ အောင်မြင်သူတွေဆိုတာက သူတို့ကို သူတို့အပေါ်မှာရော သူတို့လုပ်တဲ့ အလုပ်ပေါ်မှာပါ ယုံကြည်မှုတည်ဆောက်ထားကြတဲ့ သာမန်လူတွေပါပဲ။ သင့်ကိုယ်သင် ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။


ကြီးကြီးမားမား ယုံကြည့်ပါ

သင့်ရဲ့ အောင်မြင်မှုပမာဏဟာ သင့်ရဲ့ ယုံကြည်မှုပမာဏ အပေါ်မူတည်ပါတယ်။ ကိုယ်က တော်ရုံတန်ရုံ ရည်မှန်းချက်လောက်ပဲ တွေးထားရင် တော်ရုံတန်ရုံလောက်ပဲ ရဖို့မျှော်လင့်ပါတော့တယ်။ ရည်မှန်းချက်ကြီးကြီးကို တွေးထားပြီး ကြီးကြီးမားမားအောင်မြင်မှုကို ရယူလိုက်ပါ။ တစ်ခုလောက်လည်းသတိပြုလိုက်ပါဦး။ များသောအားဖြင့် စိတ်ကူးကြီးကြီးမားမားတွေ ၊ အကြံအစည်ကြီးကြီးမားမားတွေဟာ ကြံစည်ရ လုပ်ကိုင်ရ ပိုလွယ်ပါတယ်။ သေချာတာက သေးသေးမွှားမွား စိတ်ကူးတွေ၊ သေးသေးမွှားမွှား အကြံအစည်တွေကို ဖန်တီးရတာထက် ဘာမှ ပိုပြီးခက်ခဲတာ မဟုတ်ပါဘူး။

 

Recommended for you - လှည့်စားခြင်းနှင့် လွတ်မြောက်ခြင်း

 

Recommended for you - သမိုင်းဘာသာ အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆု

 

Credit; your life success

Read times Last modified on Wednesday, 29 January 2020 09:55
Rate this articles
(1 Vote)