×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 11 September 2018

သြစတြေးလျပညာရေးလမ်းကြောင်းကို British University College က တစ်ဆင့်တက်ရောက်နိုင်

သြစတြေးလျပညာရေးလမ်းကြောင်းကို British University College က တစ်ဆင့်တက်ရောက်နိုင် google.com

သြစတြေးလျနိုင်ငံမှာ ကျောင်းသွားတက်မယ့် ကျောင်းသူ ကျောင်းသားတွေအတွက် British University College ကနေ အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။


သြစတြေးလျကျောင်းဖြစ်တဲ့ Southern Cross University မှာ BUC ကတစ်ဆင့် တက်ရောက်နိုင်ပြီး Southern Cross University ဟာဆိုရင် One of the Asia Pacific’s (Top100) Universities မက One of the World’s (Top50) Generation Y Universities ထဲမှာ ပါဝင်ပါတယ်။


နှစ်ပေါင်း ၅၀ သက်တမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁ဝဝ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး တက္ကသိုလ်ကြီးတွေရဲ့ Student Support; Median Graduate Starting Salary; Graduate Employment အပိုင်းတွေမှာ 5 stars ရရှိထားတဲ့ နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။


ဒါ့အပြင် British University College ကနေတစ်ဆင့် သွားလို့ရတဲ့ Pathway အကြောင်း လေးပြောပြပေးချင်ပါတယ်။ တက်ရောက်နိုင်မယ့် ဘာသာရပ်တွေမှာ Bachelor of Business Administration, Bachelor of Business in Convention and Event Management, Bachelor of Business in Hotel Management, Bachelor of Business in Tourism and Hospitality Management ဘာသာရပ်တွေ ဖြစ်ပါတယ်။

 

Recommended for you - ဘွဲ့ရအများဆုံးထွက်ရှိသော နိုင်ငံများ


ရွေးချယ်တက်ရောက်နိုင်မယ့် ပညာရေးလမ်းကြောင်း နှစ်မျိုးရှိပြီး ပထမ ၂၂ လကို British University College မှာ တက်ရောက်ပြီးပါက ATHE (Awards for Training and Higher Education) ကပေးတဲ့ level 5 Extended Diploma in Management ရရှိမှာဖြစ်ပြီး ကျန်တစ်နှစ်ကို Southern Cross University မှာ ဆက်လက်တက်ရောက်ပြီး Bachelor ဘွဲ့ရရှိမှာဖြစ်ပါတယ်။


တခြားဒုတိယနည်းမှာ British University College မှာ ပထမ ၁၄လကို တက်ရောက်ပြီးရင် ATHE (Awards for Training and Higher Education က ပေးတဲ့ level 4 Extended Diploma in Management ကို ရရှိမှာဖြစ်ပြီး ကျန် နှစ်နှစ်ကို Southern Cross University မှာ ဆက်လက်တက်ရောက်ပြီး Bachelor ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။
အသေးစိတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ဖုန်းနံပါတ် ဝ၉-၄၂၆ ၂၆၅ ၅၅၀၊ ဝ၉-၄၂၆ ၂၆ ၅ ၅၅၁၊ ဝ၁-၄၀၁ ၂၇၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အသုံးချ စိတ်ပညာ နည်းလမ်းကလေးများ

 

Recommended for you - မန္တလေးအဝေးသင်တက္ကသိုလ်၏ စာမေးပွဲများ အောက်တိုဘာလတွင် စတင်မည်

 

Credit; Kumudra

Read times Last modified on Wednesday, 29 January 2020 10:00
Rate this articles
(1 Vote)