×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 18 September 2018

ဗြိတိန်နိုင်ငံမှပေးအပ်မည့် Chevening ပညာသင်ဆု

ဗြိတိန်နိုင်ငံမှပေးအပ်မည့် Chevening ပညာသင်ဆု google.com

Chevening Scholarships သည် ဗြိတိန်အစိုးရ၏ နိုင်ငံတကာမှ ကျောင်းသားများအတွက် ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters Degree ဖြစ်ပြီး Foreign and Commonwealth Office (FCO) ၏ အထောက်အပံ့ဖြင့် ပေးအပ်မည့် ပညာသင်ဆုလည်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် ခေါင်းဆောင်နိုင်မှုအရည်အသွေး ပြည့်ဝသူများ ပေါ်ထွက်လာရန်ရည်ရွယ်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးမည့် ပညာသင်ဆုလည်း ဖြစ်သည်။


၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်သည်။


ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားရမည်ဖြစ်ပြီး အချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသား ၁၅၀၀ ခန့်ကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။


ပညာသင်ဆုရရှိသူများကို ကျူရှင်ကြေး၊ လစဉ်နေထိုင် စားသောက်စရိတ်၊ လေယာဉ်စရိတ်စသည်များ လုံလောက်စွာ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။


လျှောက်ထားသူများသည်

- Chevening-eligible နိုင်ငံများမှ နိုင်ငံသားများ ဖြစ်ရန်လိုပါသည်။

- ပညာသင်နှစ် ၂ နှစ်ကုန်ဆုံးလျှင် မိမိတို့နိုင်ငံများသို့ ပြန်ရပါမည်။

- ဗြိတိန်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ရန်အတွက် မိမိတို့နိုင်ငံများမှ ဘွဲ့တစ်ခုခုကို ရရှိလာသူများဖြစ်ရမည်။

- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိလာရမည်။

- အင်္ဂလိပ်စာစစ်ဆေးမှုကို ခံယူရမည်။

- လျှောက်လွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မတိုင်မီ လျှောက်ထားရမည်။

 

Recommended for you - ပြည်ပမှာ ပညာတော်သင် သွားဖို့အကောင်းဆုံးမြို့များ


အသေးစိတ်ကို http://www.chevening.org/, http://www.scholars4dev.com/category/ country/europescholarships/uk-scholarships/ တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ကိုယ်ဟန်အမူအယာမှ ပြောထွက်လာသောစကားလုံးများ

 

Recommended for you - အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လုပ်ငန်းများ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကျင်းပမည်

 

Credit; The Voice

Read times Last modified on Wednesday, 08 January 2020 14:44
Rate this articles
(1 Vote)