×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Thursday, 06 April 2017

သင့်ကလေးငယ်များကို ဥာဏ်ရည် ပိုမိုထက်မြက်လာအောင် ပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်း (၉) ချက်

သင့်ကလေးငယ်များကို ဥာဏ်ရည် ပိုမိုထက်မြက်လာအောင် ပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်း (၉) ချက် Google.com

၁. ဂီတနဲ့ပတ်သက်ပြီး သင်ကြားပေးပါ။

ကလေးကို ဂီတလေ့ကျင့်ခန်းတွေ သင်ပေးတာဟာ စာသင်ခန်းတွင်း မှတ်ဉာဏ်ကို တိုးတက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

၂. အားကစား လုပ်ပါစေ။

၂၀၀၇ ခုနှစ်က ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ လေ့ကျင့်ခန်းတစ်ခုအရ လူတွေဟာ ကာယလေ့ကျင့်ခန်းတွေ အားကစားတွေ ပြုလုပ်ပြီးချိန် စာသင်တဲ့ အခါမှာ ဝေါဟာရအသစ်တွေကို သာမန်ထက် ၂၀ ရာခိုင်နှုန်း ပိုမို မှတ်သားနိုင်စွမ်းရှိလာတယ်လို့ သိရပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ကလေးတွေကို စာဖတ်မပြပါနဲ့၊ သူတို့လေးတွေနဲ့ အတူတူ စာဖတ်ပါ။

အငယ်ပိုင်း ကာလတွေမှာ ကလေးတွေကို ပုံပြင်တွေ၊ ကာတွန်းတွေ ဖတ်ပြတဲ့ အခါ သူတို့ကို ပုံတွေ ချည်းပဲ လက်နဲ့ ထောက် မပြပါနဲ့။ စကားလုံးတွေ၊ စာလုံးပေါင်းတွေကို ကလေးအနေနဲ့ ရင်းနှီးယဉ်ပါးလာအောင် ကြိုးစားပါ။

၎. အိပ်ရေးမ၀ခြင်းက ကလေးရဲ့ ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။

သင်ယူလေ့လာတဲ့ ကာလမှာ ကလေးငယ်ဟာ ရှိသင့် ရှိထိုက်တဲ့ အိပ်ချိန်အပြည့်အဝရဖို့ အရေးကြီးပါတယ်။

၅. စည်းကမ်းတွေလိုက်နာအောင်လည်း ပြုစုပျိုးထောင်ပါ။

ဘဝမှာ ဉာဏ်ရည်သက်သက်နဲ့ မအောင်မြင်နိုင်ပါဘူး။ သင့်ကလေး ငယ်စဉ်ကတည်းက သူ လုပ်စရာရှိတဲ့ အလုပ်ကလေးတွေ ပြီးမြောက်အောင် သူကိုယ်တိုင် တာဝန်ယူဆောင်ရွက်ဖို့ တိုက်တွန်းပါ။

၆. သင်ယူမှုဆိုတာ ကိုယ်တိုင် တက်တက်ကြွကြွသင်ယူဖို့ လိုတာပါ။

ကလေးတွေကို စာတွေချည်း သက်သက် အတင်းသင်တာထက် သူတို့ ကိုယ်တိုင် ပို စိတ်ဝင်စားမယ့် နည်းလမ်းတွေ (ဥပမာ- ချစ်စရာ ကာတွန်းဇာတ်ကောင်လေးတွေ ပါတဲ့ အင်္ဂလိပ်သင်ခန်းစာ ဗီဒီယို စသဖြင့်)နဲ့ သူတို့ကိုယ်တိုင် တက်တက်ကြွကြွသင်ယူုနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးသင့်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၇. ပျော်ရွှင်တဲ့ ကလေးများဟာ အောင်မြင်တဲ့ သူတွေ ဖြစ်လာတာ များတယ်။

လက်ရှိမိသားစု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စိတ်ချမ်းသာနေ၊ ပျော်ရွှင်နေတဲ့အခါ ကလေးငယ်ဟာ ကျောင်းစာတွေ၊ လုပ်စရာအလုပ်တွေအပေါ် တက်တက်ကြွကြွ အာရုံစိုက်နိုင်ပြီး ပို အောင်မြင်လာနိုင်မှာပါ။

၈. ပတ်ဝန်းကျင်ကလည်း အရေးကြီးတယ်။

မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ အပြုအမူအနေအထိုင်က ကလေးအပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ ကိုယ့်ကလေးရဲ့ သူငယ်ချင်းတွေဟာလည်း လိမ္မာတဲ့၊ တော်တဲ့ ကလေးတွေ ဖြစ်နေရင် သူတို့ချင်း အပြန်အလှန်သင်ယူနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

၉. ကလေးအပေါ် ယုံကြည်ပါ။

ကိုယ့်ကလေးက ကျန်တဲ့ လူတွေထက် ပိုတော်တယ်လို့ ယုံကြည်တဲ့ စိတ်နဲ့ ချီးကျုးပြောဆိုပေးရင် ကလေးအနေနဲ့ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်ရတာ ပိုမိုလွယ်ကူပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးတွေထက် ပိုမိုထူးချွန်ကြတယ်လို့ စိတ်ပညာလေ့လာချက်တွေအရ သိရပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: yoyarlay

Read times Last modified on Saturday, 28 December 2019 13:35
Rate this articles
(3 votes)