×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 21 September 2018

ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများ

ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများ google.com

ဘဝဆိုတာ တိုတောင်းလွန်းလှပါတယ်။ တနေ့တနေ့ဖြတ်သန်းရင်းနဲ့ပဲ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားကြတယ်။

ဘဝမှာဘာတွေဖြစ်လာလာ အားလုံးပြင်ဆင်ထားပြီးပြီလို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြောကြတယ်။ မေးခွန်းက တကယ်ပဲ ကျွန်တော်တို့ ပြင်ဆင်ထားပြီးပြီလား ဆိုတာပါပဲ။ ဘဝမှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေကို ကြည့်ကြရအောင်...


ကျွန်တော်တို့ အချစ်ရဆုံးသောသူတွေက ကျွန်တော်တို့ကို နာကျင်အောင်လုပ်နိုင်တဲ့သူတွေပါ

စိတ်ထဲမှာဝမ်းနည်းရပေမယ့် ဒါဟာ အမှန်တရားပါပဲ။ သင့်ဘဝမှာ အသဲကွဲဖို့ ပြင်ဆင်ထားပါ။ သင် အချစ်ရဆုံးသောသူတွေက သင့်ကို နာကျင်အောင်လုပ်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ မည်သူကိုမျှ အပြီးပိုင် သိမ်းထားခွင့် ပိုင်ဆိုင်ခွင့် မရပါဘူး။ သင် အရမ်းချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရမယ်လို့ စိတ်ပိုင်းဖြတ် ဆုံးဖြတ်ချက် ချထားလို့ မရပါဘူး။ ဘဝမှာ အသဲကွဲဖူးခဲ့ကြမှာပါ။ ဒါပေမယ့် ဖြစ်ခဲ့ဖူးတဲ့အတိတ်ဆီကနေ သင်ခန်းစာယူရင်း ရှေ့ ကိုခရီးဆက်ရပါမယ်။


သင့်အနီးနားမှာရှိတဲ့သူတွေအားလုံးဟာ သူငယ်ချင်းအစစ်အမှန်မဟုတ်ပါဘူး

သင့်သူငယ်ချင်းတွေကလည်း သင့်ကိုနာကျင်စေမှာပါ။ သင်နဲ့ စကားပြောရုံ၊ တူတူလျှောက်လည်ရုံနဲ့ သင့်ရဲ့သူငယ်ချင်းမဟုတ်ပါဘူး။ လူအများစုက သင့်ဘဝရဲ့အကြောင်းတွေ အတင်းအဖျင်းတွေကို သိချင်ရုံသက်သက်ပါ။ သင့် အချစ်ဆုံးသူငယ်ချင်းက သင့်ကို အရင်လိုမခင်တော့တာ၊ ပစ်ခွာသွားတဲ့အချိန်တွေမှာ သင်နာကျင်ရမှာပါ။ ဒါပေမယ့် သင်သူတို့ကို နားလည်ခွင့်လွှတ်ပေးရမယ်။ ဘာလို့လဲဆိုတော့ သူတို့က သင့်သူငယ်ချင်းဖြစ်ခဲ့လို့ ဘဲလေ။ ကျွန်တော်တို့ ဘဝတလျှောက်လုံး လူအမျိုးမျိုးနဲ့ တွေ့ဆုံရမှာပါ။ အချို့ က ကျွန်တော်တို့ ကို နာကျင်စေမယ်၊ အချို့ ကတော့ ကျွန်တော်တို့ ကို သစ္စာရှိကြတယ်။ ကျွန်တော်တို့ အပေါ်ကောင်းတဲ့ သစ္စာရှိတဲ့သူတွေကို ရွေးချယ်တတ်ဖို့ သင်ယူရပါမယ်။


အလုပ်လက်မဲ့ လမ်းပျောက်နေတဲ့နေ့ရက်တွေ

ဘဝမှာ အလုပ်လက်မဲ့ လမ်းပျောက်နေတဲ့နေ့ရက်တွေ ရှိလာမှာပါ။ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘာလို့ လဲဆိုတော့ မမျှော်လင့်တဲ့အချိန်မှာ ကြုံတွေ့လာရမှာဖြစ်ပြီး ရိုက်ခတ်မှုများစွာ ရရှိလို့ပါပဲ။ ဒါပေမယ့် ဒါဟာ အခိုက်အတန့်တစ်ခုဘဲဆိုတာကို နားလည်ထားပါ။ တံခါးတစ်ချပ်ပိတ်သွားရင် အခြားတံခါးတံခါးတွေ ပွင့်လာမှာပါ။ ဘဝမှာ ရှေ့ ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အခက်အခဲတွေ အတားအဆီးတွေ တွေ့လာရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့  လိုအပ်မှာလည်းဖြစ်ပါတယ်။


အကြောက်တရားကိုရင်ဆိုင်ရမယ်

အကြောက်တရားက သင့်ကိုအောက်ကိုဆွဲချမှာပါပဲ။ သင့်မှာအကြောက်တရားရှိပြီဆိုတာနဲ့ အောင်မြင်မှုရရှိဖို့ အခက်အခဲတွေ အတားအဆီးတွေ ဖြစ်လာတော့မှာပါ။ အကြောက်တရားကို ဖျောက်ဖျက်နိုင်ဖို့ ကြိုးစားရမယ်။ ဘယ်တော့မှ အကြောက်တရားက သင့်ကို အနိုင်ယူမသွားစေပါနဲ့။

 

Recommended for you - ၀င်ခွင့် တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ် ၁၁ ခုမှ ကျောင်းအပ်စတင်လက်ခံနေပြီ


သူတပါးကို ရှုံးနိမ့်သွားတဲ့အခါ

သင်အမြဲတမ်း အနိုင်ရနေကောင်း အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်းအနိုင်ရမှာမဟုတ်သလို ပြိုင်ဘက်ရဲ့အလဲထိုးခြင်းကို ခံရမယ့်နေ့ရက်တွေလည်း ရှိလာအုံးမှာပါ။ ဘယ်လိုပဲရှုပ်ထွေးပွေလီနေပါစေ မိမိကိုယ်ကိုယုံကြည်မှုရှိရင် ဒါတွေကိုကျော်လွှားနိုင်မှာပါ။


သင်တစ်စုံတစ်ယောက်ကို နာကျင်စေတဲ့အခါ

ကျွန်တော်တို့အမြဲပဲ ဘယ်သူတွေက ကျွန်တော်တို့ကိုနာကျင်စေတယ်ဆိုတာကိုပဲ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားတယောက်ကိုနာကျင်စေတဲ့အခါ ဘာလုပ်မလဲ? လူသားတိုင်းအမှားနဲ့ မကင်းပါဘူး။ အရေးကြီးတာက မိမိအမှားကို ဘယ်လိုတာဝန်ယူမလဲဆိုတာပါပဲ။ သင်အခြားတယောက်ရဲ့ အသဲကို ခွဲတဲ့နေ့ရက်တွေ၊ ခံစားချက်တွေကို ပေးတဲ့နေ့ရက်တွေ ရောက်လာဦးမှာပါ။ မိမိအမှားကို မိမိသိရမယ်။ အခြားသူတယောက်က မိမိကိုယ် ခွင့်လွှတ်စေချင်ရင် သင်ဟာလည်း သူတပါးကို ခွင့်လွှတ်တတ်ရပါမယ်။


သင်တစ်ကြိမ်ထက်ပိုပြီး ကျရှုံးလိမ့်မယ်

ကျရှုံးမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းပါ။ ဘဝမှာ အောင်မြင်မှုမရခင် အများကြီးရုန်းကန်ရမယ်။ ရှုံးနိမ့်မှုတွေများစွာ ကြုံတွေ့ရပါမယ်။ ဒါပေမယ့် ကျရှုံးတယ်ဆိုတာ ကျွန်တော်တို့ ကိုရပ်တန့်ပါလို့ ပြောတာမဟုတ်ပါဘူး။ ကျရှုံးမှုတိုင်းကို လက်ခံရမယ်။ ဘာလို့ လဲဆိုတော့ ကျရှုံးမှုတွေက ကျွန်တော်တို့ ကို သင်ခန်းစာတွေပေးပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ထားရမယ်။ ဘဝခရီးလမ်းက မလွယ်ဘူးလေ။ အရေးကြီးဆုံးက ကျွန်တော်တို့ ကျရှုံးမှုကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာပါပဲ။ ယနေ့မှာ အောင်မြင်နေတဲ့သူတွေဟာ တစ်ချိန်က အရှုံးသမားတွေပါ။ ဒါပေမယ့် သူတို့ အရှုံးမပေးခဲ့ဘူး။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့လုပ်ဆောင်ခဲ့ကြရင်း နောက်ဆုံးမှာ အောင်မြင်တဲ့သူတွေ ဖြစ်လာကြတယ်။


ငြင်းပယ်ခံရခြင်းကို ကြုံလာရတဲ့အခါ

အနှေးနဲ့အမြန်တော့ ကျွန်တော်တို့ ငြင်းပယ်ခံရခြင်းကို ကြုံတွေ့ရမှာပါ။ အလုပ်အင်တာဗျူးဘဲဖြစ်ဖြစ် တခြားတစ်ယောက်ကို ချစ်ခွင့်ပန်တာဘဲဖြစ်ဖြစ် ငြင်းပယ်ခြင်းခံရမှာပါ။ ဒါပေမယ့် ငြင်းပယ်ခံရတဲ့အခါ အရမ်းစိတ်ဓာတ်မကျပါနဲ့။ အလျှော့မပေးပါနဲ့။

 

Recommended for you - ဆရာများ သင်ကြားရေးထိရောက်ဖို့အတွက် အရေးကြီးသောအချက်များ

 

Credit; Toptenteam

Read times Last modified on Wednesday, 08 January 2020 14:52
Rate this articles
(1 Vote)