×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 24 September 2018

အချိန်ကြာကြာစာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

အချိန်ကြာကြာစာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက် google.com

စာပေလေ့လာခြင်း၊ စာကျက်ခြင်းဆိုတာ ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ စာမေးပွဲအရမ်းနီးလာတာမျိုး၊ Assignment တွေတင်ဖို့ များနေတာမျိုးဆို စာလုပ်ဖို့ အချိန်ကြာကြာလိုအပ်လာပါပြီ။ ဒီတော့ မငြီးမငွေ့ပဲ အချိန်ကြာကြာဆက်တိုက် ဘယ်လိုစာလုပ်ကြမလဲ။


၁။ အကောင်းဆုံး အချိန်ကာလကို ရွေးချယ်ပါ

သင့်အတွက် အလန်းဆန်းဆုံးဖြစ်နေစေမယ့် အချိန်မျိုးကို ရွေးချယ်ရမှာဖြစ်ပြီး ညဘက်သန်းခေါင် စာကျက်ခြင်းမျိုးကို ရှောင်ရှားပါ။ မနက်ဖြေရမယ့် စာမေးပွဲအတွက် ညမှအတင်းဖိကျက်ခြင်းက ဖိအားတွေသာ များစေသလို၊ သေချာလည်း ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ တစ်နာရီဆက်တိုက် စာကျက်ပြီးတိုင်း ၁၀ မိနစ်ခန့် နားပေးသင့်သလို၊ ကြားထဲမှာလည်း မုန့်စားဖို့ ဘာညာအတွက်လည်း နည်းနည်းနားပေးပါ။


၂။ မတူညီတဲ့စာကျက်နည်းများ

ဘာသာရပ်တစ်ခုပြီးမှ တစ်ခုကျက်ခြင်းက အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပေမယ့် သိပ်ပြီး မထိရောက်လှပါဘူး။ ဒီအတွက် အချိန်ကြာကြာ စာကျက်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးချရပါမယ်။ သူငယ်ချင်းနဲ့ အတူတူ စာကျက်တာမျိုး၊ ဖော်မြူလာတွေကို နှုတ်နဲ့ရော စာနဲ့ပါ ရေးပြီး လေ့ကျင့်တာမျိုး၊ သင်ခန်းစာတွေရဲ့ အခြေခံအတွေးအခေါ် (concepts) တွေကို သေချာသိအောင် ပြုလုပ်တာမျိုး၊ ဝူးတူးဝူးတူးနဲ့ လျှောက်အော်ကျက်နေတာမျိုး မဟုတ်ပဲ အမှန်တကယ် အခြေခံကျကျ နားလည်အောင် မှတ်သားတာမျိုးစတဲ့ နည်းစနစ်တွေကို အသုံးပြုသင့်ပါတယ်။


၃။ အိပ်မငိုက်အောင်

အချိန်ကြာကြာ စာကျက်ရတော့မယ်ဆို အာရုံစူးစိုက်မှု အချိန်တိုင်းကောင်းနေစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီအတွက် အများကတော့ ကော်ဖီသောက်လေ့ရှိကြပေမယ့် ကော်ဖီသောက်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်းက ပန်းသီးစားခြင်းပါ။ ပန်းသီးဟာ ကော်ဖီထက် လူကိုပိုမိုနိုးကြားတက်ကြွစေတယ်လို့ ဆိုပြီး အဆီအစိမ့်များတဲ့ သွားရည်စားများ စားသုံးခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။

 

Recommended for you - အဝေးသင်တက္ကသိုလ် ဘာသာရပ်လေးခု လာမည့်နှစ်တွင် သင်ယူမည့်သူ မရှိတော့


၎။ အနှောက်အယှက်တွေနဲ့ ကင်းအောင်နေပါ

စာကျက်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရွေးချယ်ရန် လိုအပ်ပြီး သင့်ရဲ့ စာကျက်လိုစိတ်ကို အနှောက်အယှက်ပေးမယ့် မိုဘိုင်းဖုန်း၊ တီဗွီ၊ အိမ်မွေးတိရိစ္ဆာန် စတာတွေနဲ့ ဝေးဝေးမှာ နေသင့်ပါတယ်။ ထိုင်ခုံဟာလည်း အရမ်းဇိမ်ကျလွန်းတာ မသင့်တော်ပေမယ့် သက်တောင့်သက်သာ ရှိရမှာဖြစ်သလို၊ အလင်းရောင်လည်း လုံလောက်စွာရှိသင့်ပြီး အိပ်ရာပေါ်မှာ စာကျက်ခြင်းကိုတော့ အထူးရှောင်ပါ။


၅။ လမ်းလျှောက်ပါ

အနားယူတဲ့ သဘောမျိုးမဟုတ်ပဲ အခန်းတွင်းမှာ စာအုပ်ကိုင်ရင်း ဟိုလျှောက်ဒီလျှောက်လုပ်ပေးတာကလည်း စိတ်ပြေလက်ပျောက် သဘောမျိုး ဖြစ်သလို အချိန်ကြာကြာ စာကျက်နိုင်စေဖို့ အထောက်အကူကောင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကြာကြာထိုင်ရလို့ ဖြစ်တတ်တဲ့ ညောင်းညာခြင်းမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဘယ်သူ့အတွက် အသက်ရှင်မလဲ?

 

Recommended for you - ၈ တန်းအောင်ပြီးသူတိုင်း အခမဲ့တက်ရောက်နိုင်တဲ့ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း

 

Credit; momolay

Read times Last modified on Wednesday, 08 January 2020 15:03
Rate this articles
(1 Vote)