×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 24 September 2018

သင့်ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမဲ့အချက်များ

သင့်ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမဲ့အချက်များ google.com

ဘဝမှာ စိတ်ချမ်းသာချင်ကြတယ်၊ ကြီးပွားတိုးတက် အောင်မြင်လိုကြတယ်ဆိုတာ လူတိုင်းလိုလိုရဲ့ ဆန္ဒတွေဖြစ်ပါတယ်။

စီးပွားရေး၊ လူမှုရေးကိစ္စအရပ်ရပ်မှာ အောင်မြင်မှုသရဖူဆောင်းနိုင်ဖို့ရာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကြိုးစားအားထုတ်မှုတွေ အရာထင်ဖို့ရာ ဒီလိုအချက်တွေကို လိုက်နာကြည့်ပါဦး။


၁။ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း

သင့်ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေ တိုးတက်မှုတွေကို ရရှိနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုရင် သင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်နေခြင်းကနေ လုပ်ငန်းခွင်အတွင်း တိုးတက်မှုတွေ လူမှုဆက်ဆံရေးကောင်းမွန်မှုတွေကို ပေါက်ဖွားလာနိုင်ပါတယ်။ ဒါတွေက ဆက်စပ်နေတာကြောင့် သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေအပြင် ကျန်းမာရေးကောင်းမွန်ဖို့ စတာတွေကို ဦးစားပေးအနေနဲ့ ဂရုစိုက်လိုက်ပါ။


၂။ ကာလတိုရည်မှန်းချက်

လူတိုင်းလိုလိုမှာ မြင့်မားတဲ့ရည်မှန်းချက်ရှိနေကြတယ်ဆိုပေမဲ့ ကာလတိုရည်မှန်းချက်လေးတွေလည်း ထားသင့်ပါတယ်။ ရေတိုရည်မှန်းချက်လေးတွေက များကောင်းများနေနိုင်ပေမဲ့ တကယ်တမ်း အောင်မြင်ပြီးမြောက်သွားတဲ့အခါမှာ ပျော်ရွှင်ရမှာပါ။ ဒါကြောင့် မကြာခဏ စိတ်အားတက်ကြွနေစေနိုင်မှာလည်း ဖြစ်ပါတယ်။

 

Recommended for you - ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးဖွင့်လှစ်မည့် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် ဘွဲ့ကြိုသင်တန်း ၄၇ ဦး တက်ခွင့်ရ


၃။ ကိုယ်ပိုင်လွတ်လပ်တဲ့အချိန်

နေစဉ်နေ့တိုင်းဟာ အိပ်မယ်၊ စားမယ်၊ အလုပ်သွားမယ်နဲ့ သံသရာလည်နေကြတာ များပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးကလည်ပတ်နေတာပါ။ အလုပ်တွေ၊ လူမှုရေးတွေနဲ့ချည်း စိတ်ဖိစီးမွန်းကျပ်နေတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်အချိန်လေးရအောင် ယူသင့်ပါတယ်။ စိတ်ချမ်းသာပျော်ရွှင်အောင်နေထိုင်ခြင်းဖြင့် ဘဝကို ဟန်ချက်ညီညီနဲ့ ထိန်းကျောင်းနိုင်အောင် ကြိုးစားသင့်ပါတယ်။


၎။ သူငယ်ချင်းအစစ်အမှန်

လူဆိုတာ တစ်ယောက်တည်းမနေဘဲ အစုအဖွဲ့နဲ့နေတဲ့သူတွေ ဖြစ်ပါတယ်။ လူပေါင်းများစွာထဲကမှ ကိုယ့်အပေါ်စိတ်ရင်းအမှန်နဲ့ ချစ်ခင်တဲ့သူရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အခက်အခဲတွေ၊ ပြဿနာတွေ မှန်သမျှကို မခြွင်းမချန် ရင်ဖွင့်တိုင်ပင်လို့ရတဲ့သူရှိနေတာက လုံခြုံပြီး စိတ်ချမ်းသာစရာကောင်းပါတယ်။ အဲ့ဒီတော့ သူငယ်ချင်းကောင်းတွေရှိဖို့ကလည်း လိုအပ်တာပါပဲ။

 

Recommended for you - အချိန်ကြာကြာစာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

 

Recommended for you - တိုက်ရိုက်လျှောက်ထားခွင့်ရှိသော တက္ကသိုလ်များတွင် ၀င်ခွင့်မရရှိပါက အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲသို့လျှောက်ထားနိုင်

 

Credit; thoughtsabove

Read times Last modified on Wednesday, 08 January 2020 15:00
Rate this articles
(2 votes)