×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 26 September 2018

British Council က ပေးမည့် ဒေသဆိုင်ရာ IELTS ဆု လျှောက်ထားနိုင်

British Council က ပေးမည့် ဒေသဆိုင်ရာ IELTS ဆု လျှောက်ထားနိုင် google.com

British Council က ပေးအပ်မယ့် Regional IELTS Prize ကို အမေရိက၊ ယူကေ၊ ကနေဒါ တက္ကသိုလ်ပြပွဲ (USA, UK, CANADA University Fair 2018 ) မှာ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။


ပြပွဲကို အောက်တိုဘာ ၆ ရက်၊ မနက် ၉ နာရီမှ ၁၂ နာရီအထိ Novotel Hotel (Yangon Ballroom) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ iGCSE အမှတ်နဲ့ UK USA Canada တက္ကသိုလ်တွေကို လျှောက်လိုသူတွေ၊ ဆေးတက္ကသိုလ်လျှောက်ဖို့ အကောင်းဆုံးတက္ကသိုလ်နဲ့ နိုင်ငံတွေကို သိလိုသူတွေ၊ မြန်မာဆယ်တန်း အောင်လက်မှတ်နဲ့ နိုင်ငံခြားတက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်လိုသူတွေ၊ ပညာသင်ဆုတွေအကြောင်း လေ့လာချင်သူတွေ၊ IELTS Prize လျှောက်ထားလိုသူတွေ တက်ရောက်နိုင်ပါတယ်။ British Council အနေနဲ့ အဲဒီအခမ်းအနားအတွင်း IELTS Test Register လုပ်သူတွေအတွက်လည်း “ Official IELTS practice tests ” တွေပါတဲ့ USB wristband တွေကို လက်ဆောင်ပေးမယ်လို့ ဆိုပါတယ်။


IELTS Prize လျှောက်ထားလိုသူတွေ ၊ IELTS ဖြေဆိုရန် ပြင်ဆင်နေသူတွေနဲ့ British Council ရဲ့ IELTS စာမေးပွဲအကြောင်းကိုလည်း အသေးစိတ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - လမ်းဆုံးကိုရောက်နေပြီလား?

 

Recommended for you - ပညာရေးကောလိပ်ကျောင်းသား/သူများ၏ တောင်းဆိုချက်အား ပညာရေးဝန်ကြီးဌာန အနေဖြင့် စီစဉ်ထားရှိခြင်းကိစ္စ

 

Credit; Internet Journal

Read times Last modified on Wednesday, 08 January 2020 15:04
Rate this articles
(2 votes)