×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 28 September 2018

ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ထိခိုက်စေမည့်အတွေးတချို့

ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ထိခိုက်စေမည့်အတွေးတချို့ google.com

အမှတ်မထင် စိတ်ထဲကပြောမိတဲ့စကားတွေက ကျွန်ုပ်တို့ဦးနှောက်လုပ်ဆောင်ချက်တွေ စွမ်းဆောင်ရည်တွေကို ထိခိုက်နိုင်ပါတယ်။ ကျွန်ုပ်တို့ကို အကောင်းဘက်ကတွေးပြီး တိုးတက်စေနိုင်တဲ့ ကိုယ့်ကိုယ်ကိုပြောမိတဲ့ စကားတချို့ “ ငါလုပ်နိုင်တယ်၊ ငါသည်ပြောင်းလဲမှုကို ကိုင်တွယ်ထိန်းသိမ်းနိုင်တယ် ” ပြောမိနိုင်သလို “ ငါမလုပ်နိုင်ဘူး၊ ငါအဲ့လောက်မတော်ဘူး၊ ဖြစ်နိုင်မှာမဟုတ်ပါဘူး ” ဒီလိုမျိုး အနုတ်ဘက်ကနေလည်းပြောမိနိုင်ပါတယ်။

ဒီလိုစကားမျိုး အတွေးမျိုးကို အခက်အခဲတခုခုနဲ့ ကြုံတဲ့အခါမှာ ပြောမိတတ်ပါတယ်။ အဲ့လိုအတွေးတွေဟာ ကျွန်ုပ်တို့ထင်တာထက် ပိုပြီးစွမ်းအားကြီးပါတယ်။ ကျွန်ုပ်တို့ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်သလို ရှုံးနိမ့်မှုဆီသို့လည်း ဦးတည်သွားနိုင်ပါတယ်။


၁။ အဲ့ဒါ လွယ်ကူပါတယ်

တစုံတခုကို လွယ်ကူပါတယ်လို့ စဉ်းစားမိတဲ့အခါ ကျွန်ုပ်တို့သည်ပိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဖို့ကို ရပ်တန့်လိုက်ပါတယ်။ ထိုအခါ ကျွန်ုပ်တို့သည် အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးနိုင်မယ့် အသေးစိတ်အချက်အလက်တွေကို သတိမထားမိတော့ပါဘူး။


၂။ အဆင်ပြေပါတယ်

“ အဲဒါ အဆင်ပြေပါတယ်.. ” သင်တခုခုကို အမှန်တကယ် သဘောတူတဲ့အခါမျိုးမှာ ဒီလိုမျိုးပြောတတ်ပါတယ်။ ပြဿနာတခုက ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အရာဆိုရင်တောင် အဆင်ပြေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြောမိတတ်ပါတယ်။ ဒီလိုမျိုးပြောလိုက်တဲ့အခါ သင်ရဲ့ ဦးနှောက်က တခြားအဆင်ပြေပြီး ပိုကောင်းမွန်တဲ့နည်းလမ်းတွေကို ရှာဖွေဖို့မကြိုးစားတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုရိုးသားပါ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အရာတွေကို လက်မခံပါနဲ့။

 

Recommended for you - ဂျပန်နိုင်ငံမှ ပေးအပ်မည့် MBA ပညာသင်ဆု လျှောက်ထားနိုင်


၃။ ငါမသိဘူး

ကိုယ့်ကိုယ်ကို ဒီစကားမျိုးပြောလိုက်တဲ့အချိန်က ကျွန်ုပ်တို့ရှုံးနိမ့်ဖို့အတွက် လမ်းစပဲဖြစ်ပါတယ်။ အခက်အခဲတစ်စုံတစ်ရာတွေ့တာနဲ့ ငါမသိတော့ဘူး ငါမဖြေရှင်းတတ်တော့ဘူးလို့ ပြောမိတတ်ပါတယ်။ ဒီအခါမှာ ကျွန်ုပ်တို့ ဦးနှောက်က ဖြေရှင်းဖို့နည်းလမ်းတွေ စဉ်းစားတဲ့အလုပ်ကို မလုပ်တော့ပါဘူး။


၎။ ငါ့အတွက် အဆင်ပြေမှာမဟုတ်ဘူး

“ ငါ့အတွက်အဆင်မပြေနိုင်ဘူး ” ဒီလိုမျိုးအခြေအနေတွေဟာ အကြောင်းပြချက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ “ ဒါကို မကြိုက်ဘူး အဆင်မပြေဘူး ” လို့ပဲ ထပ်ခါထပ်ခါပြောနေတဲ့အခါမှာ ဦးနှောက်က ဘာကြောင့်အဆင်မပြေတာလဲဆိုတဲ့ အကြောင်းအရင်းကို မရှာမိတော့ပါဘူး။


၅။ မဖြစ်နိုင်ဘူး

သင့်ရဲ့ဦးနှောက်က သင့်အတွက် လွယ်ကူစေမယ့်အရာတွေကို အမြဲတမ်းရှာဖွေပေးနေတာပါ။ သင်က မဖြစ်နိုင်ပါဘူးလို့ စဉ်းစားမိတဲ့အခါ ဖြစ်နိုင်ချေတွေအားလုံးကို သင့်ဦးနှောက်က မစဉ်းစားပေးတော့ပါဘူး။ မကြိုးစားကြည့်ပဲနဲ့တော့ မဖြစ်နိုင်ပါဘူးလို့ မပြောသင့်ပါဘူး။ “ မလုပ်နိုင်ပေမယ့် ငါကြိုးစားကြည့်မယ် ” ဒီလိုမျိုးကိုယ့်ကိုယ်ကို ပြောပြီး ကြိုးစားသင့်ပါတယ်။

 

Recommended for you - ဘီလ်ဂိတ်နဲ့ ဝါရင်းဘက်ဖက်တို့ရဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်

 

Recommended for you - သင်ကြားရေးအကူ နေ့စားလပေးများကို ၉ တန်းအောင်အဆင့်မှ စတင်ခန့်ထားမည်

 

Credit; lifehack

Read times Last modified on Wednesday, 29 January 2020 10:37
Rate this articles
(1 Vote)