×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 28 September 2018

အ​မေရိကားမှာ မီလျံနာဖြစ်​​​သွားတဲ့ မြန်​မာနိုင်​ငံသားတစ်​​ယောက်

အ​မေရိကားမှာ မီလျံနာဖြစ်​​​သွားတဲ့ မြန်​မာနိုင်​ငံသားတစ်​​ယောက် google.com

သူ…၁၉၈၉ခုနှစ်​မှာ အ​မေရိကန်​ကို​ရောက်​ခဲ့ချိန်​က သူ့အိတ်​ကပ်​ထဲမှာ အ​မေရိကန်​​ဒေါ်လာ ၁၃​ဒေါ်လာဘဲကျန်​ပါ​တော့တယ်​။ အ​မေရိကန်​ကို​ရောက်​ခါစမှာ သူဟာကြုံရာအလုပ်​လုပ်​ပြီး ဘဝကို ခက်​ခက်​ခဲခဲရုန်းကန်​ခဲ့ရသူ။

နေစရာမရှိလို့ သူငယ်​ချင်းရဲ့ ကားထဲမှာဘဲ တစ်​ပတ်​​လောက် ​ညအိပ်​ခဲ့ရပါတယ်​။ ဂျပန်​အစာဆူရှီလုပ်​နည်းကို တစ်​ပတ်​တည်းနဲ့ အတတ်​သင်​ယူခဲ့ပြီး ​နောက်​ပိုင်းမှာ အ​မေရိကန်​နိုင်​ငံအနှံ့မှာ ဆူရှီဆိုင်​​တွေဖွင့်ရင်း​ ​အောင်​မြင်​လာခဲ့တယ်​။


၂၀၁၁ခုနှစ်​မှာ အ​မေရိကန်​သမ္မတ အိုဘာမားက အိမ်​ဖြူတော်​ကို ဖိတ်​​ခေါ်ပြီး ချီးကျူးဂုဏ်​ပြုခံရတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေထဲမှာ သူပါဝင်​ခဲ့ပါတယ်​။ ဖိတ်​​ခေါ်ဂုဏ်​ပြုခံရတဲ့ အ​ကြောင်းက​တော့ အ​မေရိကန်​စီးပွား​ရေးကျဆင်းချိန်​မှာ သူ့ကုမ္ပဏီက အ​မေရိကန်​နိုင်​ငံသားများစွားကို အလုပ်​​ပေးထားနိုင်​ခဲ့လို့ပါ။


သူဟာ အ​မေရိကန်​မှာ မီလျံနာသူ​ဌေးတစ်​​ယောက်​ဖြစ်​​နေပါပြီ။ ဒါ​ပေမယ့်​ သူဟာ​အောင်​မြင်​မှုကို လွယ်​လွယ်​နဲ့ရခဲ့တာ မဟုတ်​ပါဘူး။ သူဘယ်​လိုကြိုးစားခဲ့ရလဲဆိုတာ ဖတ်​ကြည့်​လိုက်​ပါ။


ဖိလစ်​​​မောင်​ရဲ့ အဘိုးအဘွား​တွေက တရုတ်​ပြည်​မကဖြစ်​ပြီး ဒုတိယကမ္ဘာစစ်​မဖြစ်​ခင်​မှာ ​ရေကြည်​ရာမြက်​နုရာရှာရင်းနဲ့ မြန်​မာပြည်​မှာ အ​ခြေချ​နေထိုင်​ခဲ့ကြပါတယ်​။ သူ့အ​ဖေနဲ့ အ​မေဟာ မြန်​မာပြည်​မှာ​ မွေးဖွားခဲ့သူ​တွေဖြစ်​ကြပါတယ်​။ အ​ဖေက စီးပွား​ရေးလုပ်​ငန်းလုပ်​​ပေမယ့် ရရစားစားနဲ့ ဖိလစ်​တို့​မောင်​နှမ​​ခြောက်​​ယောက်​ဟာ ငယ်​စဉ်​ကတည်းက ဆင်းရဲချို့တဲ့ခဲ့ကြပါတယ်​။ ​ကျောင်းဆင်းလို့ အိမ်​ပြန်​​ရောက်​တာနဲ့ သူ့အ​ဖေရဲ့ ဝက်​​ခေါက်​ကင်​လုပ်​ရာမှာ ဝင်​ကူပြီး ဝက်​​ခေါက်​ကအ​မွှေး​တွေကို ဇာဂနာနဲ့ တစ်​​ချောင်းစီဆွဲနှုတ်​ကြရတာဖြစ်​လို့ ​တော်​​တော်​ပင်​ပန်းတဲ့အလုပ်​ပါ။ တစ်​ခါတစ်​​လေ သူတို့ဟာ ညဉ့်​နက်​သန်း​ခေါင်​ထိ​တောင် ​လုပ်​ကြပါတယ်​။


ဖိလစ်​က အဲ့ဒီဆင်းရဲပင်​ပန်းမှုကို ဘဝ​ပေးသင်​ခန်းစာတစ်​ခုလို့မှတ်​ယူလိုက်​ပြီး ” ဆင်းရဲရင်​ ဒီလို ပင်​ပင်​ပန်းပန်း လုပ်​ကိုင်​ရပါလား ” ဆိုတဲ့အသိကို ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ရလိုက်​တယ်​။ သူက စာအရမ်းကြိုးစားလို့ စာ​မေးပွဲ​တွေမှာ ထိပ်​ဆုံးအဆင့်​က​နေ ​အောင်​​လေ့ရှိပြီး ညမအိပ်​ခင်​မှာ အင်္ဂလိပ်​ဝတ္ထုရှည်​​တွေကိုဖတ်​တယ်​ ​ဒေးလ်​ကာနက်​ဂျီ​ရေးတဲ့ ” How To Win Friends and Influence People ” စာအုပ်​ကို အပြန်​ပြန်​အလှန်​လှန်​ဖတ်​ပြီး လူ​တွေနဲ့ဆက်​ဆံ​ရေးမှာ လက်​​တွေ့စမ်းသုံးကြည့်​တယ်​။ ၁၀တန်းကို ဂုဏ်​ထူးနဲ့​အောင်​ပြီး ​ဆေးတက္ကသိုလ်​ကိုတက်​တယ်​။ ၃လအကြာမှာ မိဘ​တွေက နိုင်​ငံခြားသားဖြစ်​လို့ဆိုပြီး ​ကျောင်းဆက်​တက်​ခွင့် မရ​တော့ပါဘူး။


အဲ့ဒီ​ခေတ်​မှာ အစိုးရက နိုင်​ငံခြားသား​သွေး​နှောသူ​တွေကို ဆရာဝန်​၊ အင်​ဂျင်​နီယာ စတဲ့ အသက်​​မွေးဝမ်း​ကျောင်းတက္ကသိုလ်​​တွေမှာ ပညာသင်​ယူခွင့်​မ​ပေးလို့ပါ။ အဲဒါနဲ့ ဝိဇ္ဇာနဲ့သိပ္ပံဘွဲ့ဘဲယူပြီး ထိုင်​ဝမ်​နိုင်​ငံကို စ​ကောလားရှစ်​ရလို့ဆိုပြီး ​ကျောင်းသွားတက်​ပြီး တရုတ်​စာမှာအားနည်းလို့ ပထမနှစ်​မှာတင် ​​ကျောင်းထွက်​လိုက်​ရတယ်​။ မြန်​မာပြည်​ကိုပြန်​ရင်​လည်း စီးပွား​ရေးလုပ်​စားလို့ အဆင်​​ပြေမှာမဟုတ်​လို့ ထိုင်​ဝမ်​က​နေ အ​မေရိကန်​ပြည်​ဝင်​ခွင့်​​ဗီဇာ​လျှောက်​လိုက်​တယ်​။ သူ့အသက် ​၂၂နှစ်​မှာ ထိုင်​ဝမ်​က​နေ ​လေယာဉ်​စီးပြီး အ​မေရိကန်​နိုင်​ငံ ​လော့စ်​အင်​ဂျဲလိစ့်မြို့ကို ၁၃​ဒေါ်လာဘဲကိုင်​ကာ ထွက်​လာခဲ့တယ်​။ အ​မေရိကန်​မှာ ​ဆွေးမျိုးအ​ပေါင်းအသင်းမရှိဘဲ “ မစွန့်​စားရဲရင်​ မ​အောင်​မြင်​နိုင်​ဘူး ” ဆိုတာ လက်​ကိုင်​ထားပြီး ထွက်​လာခဲ့တယ်​။


အ​မေရိကန်​​ရောက်​​တော့ ပတ်​စပို့စ်​မှာပါတဲ့ ​” မောင်​ဖုန်းလွင် ​” ဟာ “ ဖုန်းလွင်​​မောင် ​” ဖြစ်​သွားပြီး အ​မေရိကန်​​တွေ​ခေါ်ရခက်​တာ​ကြောင့် ​သူ့ကိုယ်​သူ ” ဖိလစ်​​မောင် ​” လို့​ပေးလိုက်​တယ်​။ ဒီလိုနဲ့​နေစရာမရှိ၊ အလုပ်​မရှိဘဲ တစ်​ပါတ်​​ကျော်​​လောက်​ စိတ်​အဆင်းရဲဆုံးအချိန်​​တွေကို ရင်​ဆိုင်​ခဲ့ရပြီး၊ အခက်​အခဲ​တွေအားလုံးကို ကြံ့ကြံ့ခံရင်​ဆိုင်​ဖို့ စိတ်​ပိုင်းဖြတ်​ထားတယ်​။ မကြာခင်​ သူအထည်​ချုပ်​တဲ့စက်​ရုံတစ်​ခုမှာ အလုပ်​ရလို့ အခန်းကျဉ်း​လေးထဲမှာ ငှါး​နေလိုက်​တယ်​။ ​နောက်​​တော့ ဓာတ်​ဆီဆိုင်​မှာ ညပိုင်းဆီဖြည့် ​ကား​ရေ​ဆေးတဲ့အလုပ်​ရ​တော့ စာအုပ်​​တွေပိုဖတ်​ချိန်​ရ​လာပြီး စီးပွား​ရေးနဲ့ဆိုင်​တဲ့စာအုပ်​​တွေ ပိုဖတ်​ဖြစ်​တယ်​။


ဘီလျံနာသူ​ဌေးကြီး Donal Trump အ​ကြောင်းနဲ့ သူ့ရဲ့ အိမ်​ခြံ​မြေလုပ်​ငန်းက​နေ ကြီးပွားချမ်းသာလာတဲ့အ​ကြောင်း​တွေကို သ​ဘောကျပြီး၊ အိမ်​ခြံ​မြေဝယ်​/ ​ရောင်း သင်​တန်းတက်​လိုက်​တယ်​။ ဒါ​ပေမယ့် လိုင်​စင်​ရ​တော့ အဲ့အလုပ်​ကိုစိတ်​မပါ​တာနဲ့ သူတကယ်​လုပ်​ချင်​တဲ့ အ​ကြောင်းအရာကို​ သေချာစဉ်းစား​တော့မှ အစားအ​သောက်​​ရောင်းတဲ့လုပ်​ငန်းဖြစ်​​နေတယ်​။ အ​မေရိကန်​​တွေက ဆူရှီ Sushi (ထမင်းနဲ့ငါးစိမ်း၊ ​ရေညှိနဲ့လုပ်​ထားတဲ့ ဂျပန်​အစာ) ကိုနှစ်​ခြိုက်​ကြတာ​ကြောင့်​ ဆူရှီဆိုင်​ဖွင့်ပြီး​ ရောင်းဖို့ စိတ်​ကူးလိုက်​တယ်​။ ဒါ​ပေမယ့်​ သူဟာ ဆူရှီမစားဘူးလို့ ဆူရှီဆိုင်​တစ်​ဆိုင်​မှာ ဆူရှီစားကြည့်​ပြီး အရသာနဲ့ဆိုင်​အပြင်​အဆင်​ကိုပါ သ​ဘောကျသွားတယ်​။

 

Recommended for you - တက္ကသိုလ်ဝင်တန်းကျောင်းသားများ ကောလိပ်၊ တက္ကသိုလ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ


ဆူရှီဆိုင်​ဖွင့်​နိုင်​မယ်​ နည်းလမ်း​တွေရှာရင်း AFC ဆူရှီဆိုင်​​တွေဖွင့်​ထားတဲ့ သူ​ဌေးကြီး ရန်​ချိုကိုသွား​တွေ့ပြီး သူ​နေတဲ့ ​လော့အင်​ဂျဲလိစ့်မှာ ဆူရှီဆိုင်​ဖွင့်ခွင့်​တောင်းတယ်​။ ရတဲ့အမြတ်​ကို ခွဲ​ပေးပါ့မယ်​။ သူကရန်​ချိုကို ” ကျ​နော်​ဆိုင်​အ​နောက်​ဖက်​မီးဖိုခန်းက​နေ လိုတာ​တွေလုပ်​​ပေးပါ့မယ်​၊ လုပ်​အားခ​ပေးစရာမလိုပါဘူး။ ဆူရှီလုပ်​နည်းတတ်​ဖို့ အချိန်​တစ်​ပတ်​ပဲ​ပေးပါ။ တစ်​ပတ်​အတွင်း တတ်​​အောင်​သင်​ပါ့မယ်​ ” ဆိုပြီး​ပြော​တော့ သူ့စိတ်​အားထက်​သန်​မှုကို သ​ဘောကျပြီး ဆိုင်​ဖွင့်ခွင့်​​ပေးလိုက်​​တော့တယ်​။ တစ်​ပတ်​အတွင်းမှာ အပြင်းအထန်​​လေ့လာပြီး ပင်​ပန်းလာချိန်​တိုင်း ဝက်​​ခေါက်​ကအ​မွှေး​တွေကို တစ်​​ချောင်းချင်းစီ အကြာကြီးနှုတ်​ရတာ​လောက်​​တော့ မပင်​ပန်းပါဘူးလို့ သူ့ကိုယ်​သူ​ပြောရင်းစိတ်​​ဖြေတယ်​။ သူက “ ကျ​နော်​အဓိကထား​လေ့လာတာက လာစားသူ​တွေကို ဘယ်​လိုဆက်​ဆံတယ်​၊ဘယ်​လိုဝန်​​ဆောင်​မှု​ပေးတယ်​ ဆိုတာကိုပါ။ လုပ်​ငန်းလုပ်​တယ်​ဆိုတာ ပစ္စည်း​ရောင်းချင်းထက်​ ဝန်​​ဆောင်​မှု​ပေးတာက အဓိကပိုကျပါတယ်​ ” လို့​ပြောပါတယ်​။


လအနည်းငယ်​အကြာမှာ AFC လက်​​အောက်​က​နေ ဆိုင်​ခွဲ​တွေဖွင့်​လာနိုင်​ပြီး၊ သူနဲ့သိလာတဲ့ သူ​ဌေး​တွေက ကိုယ်​ပိုင်​လုပ်​ဖို့တိုက်​တွန်းတဲ့အတွက်​ AFC နဲ့လမ်းခွဲလိုက်​​တယ်​။ ဒါ​ပေမယ့် အစု​ငွေထည့်ဖို့ သ​ဘောတူညီမှုမရတာ​ကြောင့်​ ကိုယ်​ပိုင်​ဆူရှီဆိုင်​ဖွင့်​မယ့်​ အစီအစဉ်​ပျက်​ပြီး သူ​ဌေးရန်​ချို​ရဲ့​အောက်​မှာပြန်​ဝင်​လုပ်​ခဲ့တယ်​။


နောက်​နှစ်​နှစ်​အကြာ ၁၉၉၈မှာ​တော့ AFC နဲ့လမ်းခွဲကာ သူစုထားတဲ့ပိုက်​ဆံ​တွေရယ်​၊ credit card ​တွေရယ်​၊ ​ချေးယူထားတဲ့ ပိုက်​ဆံ​တွေ​ပေါင်းပြီး​တော့ “ ဟီရှိုဆူရှီ ” (Hissho Sushi) ကျိမ်း​သေ​ပေါက်​​အောင်​မြင်​မှုလို့ခေါ်တဲ့ ဂျပန်​နာမည်​​​ခေါ်တဲ့ ဆူရှီဆိုင်​ဖွင့်​ပြီး Kristina Tong လို့​ခေါ်တဲ့မြန်​မာအမျိုးသမီးနဲ့ ချစ်​ကြိုက်​ပြီး လက်​ထပ်​လိုက်​ပါတယ်​။ ဆိုင်​သစ်​​တွေဆက်​တိုက်​ တိုးချဲ့ဖွင့်​​နေရပြီး ၁၀နှစ်​တာကာလမှာ ဆိုင်​​တွေအများကြီးဖွင့်​​နေရလို့ ဝန်​ထမ်း​တွေလဲ အများကြီးခန့်​​နေရတယ်​။ အ​မေရိကန်​ရဲ့ ပြည်​နယ်​​ပေါင်း ၄၀မှာ ဆိုင်​​ပေါင်း ၇၀၀​ကျော်​ ဖွင့်​နိုင်​ခဲ့ပါတယ်​။ စီးပွား​ရေးကျဆင်းပြီး အလုပ်​လက်​မဲ့​တွေများ​နေတဲ့ ၂၀၀၈ခုနှစ်​မှာ ​သူ့ဆူရှီဆိုင်​​တွေက အ​မေရိကန်​လူမျိုးများစွာကို အလုပ်​​ပေးနိုင်​ခဲ့တယ်​။


အဲ့ဒီအတွက်​​ကြောင့် ၂၀၁၁ခုနှစ်​မှာ အ​မေရိကန်​သမ္မတ အိုဘားမားက အိမ်​ဖြူ​တော်​ကိုဖိတ်​ပြီး ဂုဏ်​ပြုတဲ့အခမ်းအနားကို တက်​​ရောက်​ရတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေထဲမှာ ဖိလစ်​တစ်​​ယောက်​ပါဝင်​ခဲ့ရသလို သူဟာသမ္မတက​တော်​ထိုင်​တဲ့ ​ရှေ့ဆုံးတန်းကထိုင်​ခုံမှာ ​နေရာယူထိုင်​ခွင့် ရခဲ့ပါတယ်​။


စ​နေမနား၊ တနင်္ဂ​တွေမနားလုပ်​ပြီး ကြိုးစားခဲ့ကြလို့ ကုမ္ပဏီဟာ​အောင်​မြင်​လာပြီး ဆိုင်​သစ်​​တွေအများကြီးဖွင့်နိုင်​ခဲ့​ပေမယ့် နှစ်​​တွေကြာလာတဲ့အခါ ဝန်​ထမ်း​တွေက မ​ပျော်​ကြ​တော့ပါဘူး။ သူ​တို့​တွေက လစာလည်း​ကောင်း​ကောင်းရ​နေကြတာမို့ သူတို့ကို ​ငွေနဲ့ဆွဲ​ဆောင်​လို့မရ​တော့ဘူးဆိုတာ သိ​နေပါတယ်​။ ၂၀၀၉ခု​လောက်​မှာထင်​တယ်​ ကျ​နော့်​ဆရာတစ်​​ယောက်​လက်​​ဆောင်​​ပေးတဲ့ ” Good to Greate:Why Some Companies Make the Leap and Other Don´t ” ဆိုတဲ့စာအုပ်​က​နေ ကုမ္ပဏီ​တွေဟာ အမြတ်​​ငွေတစ်​ခုတည်းအတွက်​လုပ်​ရင် ​​ရေရှည်​မရပ်​တည်​နိုင်​ဘူးဆိုတာကိုသိခဲ့ပြီး ဝန်​ထမ်း​တွေအတွက်​ ထုံးတမ်း​ယဉ်​​ကျေးမှု (Culture) ​တွေရှိသင့်​တယ်​ဆိုတာ​တွေကို သိခွင့်ရခဲ့တယ်​။ လွန်​ခဲ့တဲ့နှစ်​အနည်းငယ်​ကစပြီး ဟီရှိုဆူရှီရဲ့ Culture ကို စတင်​အ​ကောင်​အထည်​​ဖော်​လိုက်​တယ်​။ ဝန်​ထမ်း​တွေကို တစ်​ပတ်​မှာနှစ်​ကြိမ်​ ​Yoga ကျင့်​​ပေးတာ၊ အပန်း​ဖြေကစားကွင်း​တွေလုပ်​​ပေးတာ၊ စာကြည့်​တိုက်​​တွေ၊ ​မွေး​နေ့​တွေလုပ်​​ပေးတာနဲ့ အိမ်​ယာမဲ့​တွေ၊ သက်​ကြီးရွယ်​အို​တွေအတွက်​လုပ်​တဲ့ လူမှု​ရေး​တွေမှာပါဝင်​​ဖို့ အား​ပေးတယ်​။ အဲ့ဒီ​နောက်​မှာ​တော့ ဝန်​ထမ်း​တွေ​ပျော်​ရွှင်​ပြီး အလုပ်​လုပ်​လာကြတယ်​။ လုပ်​ငန်းစလုပ်​ကတည်းက Culture အ​ကြောင်းကိုသိခဲ့ရင်​ ဘယ်​​လောက်​​ကောင်းလိမ့်​မလဲလို့ သူ​တွေး​နေမိ​တော့တယ်​။


“ ကျ​နော်​တို့ဟာ ဝန်​ထမ်း​တွေကို အ​ကောင်းဆုံးကုန်​ပစ္စည်း​တွေဖြစ်​လာ​အောင်​ ဘယ်​လိုထုတ်​လုပ်​ရမယ်​၊ အ​ကောင်းဆုံးဝန်​​ဆောင်​မှု​တွေ ဘယ်​လို​ပေးရမယ်​ဆိုတဲ့ သင်​တန်း​တွေ ဘယ်​​လောက်​​ပေး​ပေး ကုမ္ပဏီကဝန်​ထမ်း​တွေကို ဂရုမစိုက်​ဘူးဆိုရင်​ အ​ကောင်းဆုံးရလဒ်​​တွေကို ရနိုင်​မှာမဟုတ်​ပါဘူး။ ဝန်​ထမ်း​တွေကို​ပျော်​​အောင်​လုပ်​​ပေးဖို့က အ​ရေးကြီးပါတယ်​ ” လို့ ဖိလစ်​​မောင်​က ​ရှင်းပြထားပါတယ်​။

 

ဖိလစ်​​မောင်​ရဲ့ မှတ်​သားစရာစကားများ

- မိမိလုပ်​​နေတဲ့အလုပ်​ဟာ စိတ်​ထဲမှာ အရမ်းလုပ်​ချင်​​နေတဲ့ အလုပ်​မျိုးဖြစ်​ပါ​စေ၊ လူအများ ​လုပ်​တာ​တွေမလုပ်​ပါနဲ့၊ ​ငွေ​နောက်​မလိုက်​ပါနဲ့။ အလုပ်​ကိုချစ်​လို့ စိတ်​​ရောကိုယ်​ပါလုပ်​​နေရင်းနဲ့ ကြီးပွား​အောင်​မြင်​မှုက ​နောက်​ကလိုက်​လာမှာပါ။

- မိမိလုပ်​​နေတဲ့အလုပ်​မှာ စိတ်​မဝင်​စားရင်​ဆက်​မလုပ်​ပါနဲ့၊ စိတ်​ဝင်​စားတဲ့ အလုပ်​ကို​ပြောင်းလုပ်​ပါ။

- ဝန်​ထမ်း​တွေအလုပ်​ထဲမှာ စိတ်​မပါ​တော့ဘူးဆိုရင်​ အဲ့ဒါလုပ်​ငန်းကျရှုံးမှုရဲ့အစပါဘဲ။

- ​ငွေ​နောက်​ကိုချည်းမလိုက်​ပါနဲ့။ အလုပ်​နဲ့မိသားစုဘဝဟာ မျှတပါ​စေ။

- လုပ်​ငန်းကို အစဉ်​တိုးတက်​​အောင် ​လုပ်​​နေရမယ်​။ ဒါမှ ကိုယ့်ပြိုင်​ဖက်​ဟာ ကိုယ်​ဘာလုပ်​မယ်​ဆိုတာ မှန်းဆလို့ မရနိုင်​မှာပါ။

 

Recommended for you - ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ထိခိုက်စေမည့်အတွေးတချို့

 

Recommended for you - ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မည်သူမဆို စာအုပ်များငှားရမ်းဖတ်ရှုနိုင်ပြီ

 

Credit; Dollar media and marketing group

Read times Last modified on Wednesday, 29 January 2020 10:39
Rate this articles
(1 Vote)