×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 01 October 2018

လူမှုဆက်ဆံရေး အရေးပါမှု

လူမှုဆက်ဆံရေး အရေးပါမှု google.com

လူမှုဆက်ဆံရေးဟာ ကမ်းတဖက်က အောင်မြင်မှု ပန်းတိုင်သို့သွားဖို့ ပေါင်းကူးတံထားတစ်စင်းပမာ အရေးကြီးပါတယ်။ ခေါင်းဆောင်များကို မွေးဖွားပေးတဲ့ လက်သည်လည်း ဖြစ်ပါတယ်။

ပညာတတ် ဘွဲ့တွေအများကြီးရထားလို့ ရာထူးတွေကြီးနေလို့ ဆက်ဆံရေး မတတ်ရင် ထိပ်တန်းအောင်မြင်သူ မဖြစ်နိုင်ပါ။ မိဘချမ်းသာနေပေမဲ့ ဆက်ဆံရေးကို အလေးမထားတဲ့ သားသမီးများဟာ အချိန်မရွေး ကျရှုံးသွားနိုင်ပါတယ်။ အိုင်တီပညာ မိုးထိုးအောင် ကျွမ်းကျင်နေပေမဲ့ ဆက်ဆံရေး မကျွမ်းကျင်လျှင် တိုးတက်ဖို့ ခက်ခဲသွားပြီ။


နေ့စဉ်လူမှုဘဝမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အရာတစ်ခုပါ။ သင်ဟာ အရမ်းတော်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုရင်တောင် ညံ့ဖျင်းတဲ့ဆက်ဆံရေးရှိနေရင် အမြင်ကပ်ပုဒ်မနဲ့ လူအများရဲ့ချောင်ထိုးခြင်းကိုခံရမယ့် အခြေအနေရှိပါတယ်။ လှုမှုဆက်ဆံရေးကိုသာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေတယ်ဆိုရင်တော့ အားနည်းချက်တွေကို ဖုံးကွယ်ပေးနိုင်သလို လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။


ခေါင်းဆောင်ပိုင်းနေရာယူသူတွေအများစုဟာ လူမှုဆက်ဆံရေးကို တိတ်တဆိတ်နဲ့ အမြဲမပြတ်လေ့လာဆည်းပူးနေရပါတယ်။ ဦးဆောင်ဦးရွက်ပြုသူတစ်ဦးအနေနဲ့ ပင်ကိုစေတနာအရင်းခံဘယ်လောက်ရှိရှိ လူအများရဲ့ထောက်ခံမှုရရှိဖို့က အရေးအကြီးဆုံးပါ။ ပြောချင်တာကတော့ သင့်အပေါ် လူတွေဘယ်လိုသဘောထားလဲဆိုတာ အရေးပါတဲ့အချက်တစ်ချက်ဆိုတာ သိစေချင်ပါတယ်။ လူနဲ့လူ့ပတ်ဝန်းကျင်မှာ နေထိုင်ကျင်လည်နေရသရွေ့ တရားအားထုတ်မှုကိုမပြုနိုင်သေးသရွေ့ လူတွေရဲ့အမြင်ကို ဂရုစိုက်နေရဦးမှာပါပဲ။ အမြင့်ရောက်လေ သတိထားရလေပါပဲ။


လှုမှုဆက်ဆံရေးဟာ ကျဉ်းမြောင်းတဲ့ အသိပညာတစ်ခုလို့ထင်နေရင် မှားပါလိမ့်မယ်။ တွေ့သမျှလူ မျက်နှာချိုသွေးနေရင် အဆင်ပြေပြီလို့ မထင်လိုက်ပါနဲ့။ သူ့မှာလည်း ကျယ်ပြန့်တဲ့နည်းဗျူဟာနဲ့ အတွေးအခေါ်အယူအဆတွေ ပါဝင်ပတ်သတ်နေပါတယ်။ ခေါင်းစဉ်ပေါင်းများစွာအောက်မှာ သင်ခန်းစာပေါင်းစုံရှိလို့ ဘာသာရပ်တစ်ခုအနေနဲ့တောင် သတ်မှတ်လို့ရနိုင်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ လှုမှုဆက်ဆံရေးနဲ့ပတ်သတ်တဲ့သင်တန်းတွေ အကျယ်တဝင့်ပဲ ဖွင့်လှစ်သင်ကြားပေးပါတယ်။ ပြည်တွင်းမှာလည်း အထိုက်အလျှောက်ရှိပေမယ့် လူစိတ်ဝင်စားမှုနည်းပါတယ်။


လူတစ်ဖက်သားရဲ့စိတ်ဝင်စားမှုကိုရယူဖို့အတွက် အရေးအကြီးဆုံးအချက်က မိမိကိုယ်တိုင်က တခြားသူအပေါ် ရိုးသားစွာစိတ်ဝင်စားတတ်ဖို့ပါပဲ။ သူတစ်ပါးပေါ် ရိုးသားစွာစိတ်ဝင်စားဖို့က ကနဦးမှာခက်ခဲလေ့ရှိပါတယ်။ ဂစ်တာတီးရသလိုပါပဲ။ သင်ကာစမှာ လက်ချောင်းလေးတွေ မခံမရပ်နိုင်နာကျင်နေပေမဲ့ ကြာလာရင် သင့်ရဲ့ကိုင်တွယ်မှုအောက်မှာပဲ သင့်ကိုသာယာနာပျော်ဖွယ် အသံတွေပေးလာပါတယ်။ ဒီလိုပါပဲ လူတစ်ယောက်ကို စိတ်ဝင်စားကြည့်တဲ့အခါ စစချင်းမှာ တစ်ဖက်လူရဲ့မလျှော်ကန်တဲ့ တုံ့ပြန်မှုတွေရှိလာနိုင်ပါတယ်။ ဒါကလည်း သင့်ရဲကျွမ်းကျင်မှု အားနည်းခြင်းကြောင့်ပင်ဖြစ်ပါတယ်။ ကြာလာတဲ့အခါမှာတော့ သင့်ရဲ့ကိုင်တွယ်မှုအောက်မှာပဲ သင့်ကို ဂရုစိုက်လာမိနိုင်ပါတယ်။ အပြန်အလှန်သဘောပါ။


စကားပြောကောင်းပါတယ်ဆိုပြီး နာမည်ကြီးတဲ့လူကို တွေ့ဆုံပြီး စကားပြောခွင့်ရမယ်ဆိုရင် သင်သတိထားမိမှာပါ။ သူက အရာရာတိုင်းမှာ သင့်ရဲ့အမြင်ကို ဦးစားပေးပြီးဆွေးနွှေးမယ်။ တချို့ကိစ္စတွေကို လေးလေးစားစားထောက်ခံမယ်။ နောက်ဆုံးမှ ခိုင်လုံတဲ့အချက်တွေထောက်ပြပြီး သူ့ရဲ့အမြင်ကို သင့်ဆီတဖြည်းဖြည်းချင်းယူဆောင်လာပါလိမ့်မယ်။ အဲ့ဒီ့အခါမှာ သင်ရဲ့ကိုယ်ပိုင်အမြင်ကို မစွန့်လွှတ်နိုင်သေးရင်တောင် ထိုသူရဲ့အမြင်ကို ပေါ်ပေါ်ထင်ထင် ငြင်းဆိုရဲတဲ့သတ္တိ မရှိနိုင်တော့ပါဘူး။ ဒါဟာ စကားပြောကောင်းပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အားသာချက်ပေါင်းများစွာထဲကတစ်ခုပါ။


တကယ်လို့သင်ဟာ အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်ပဲဆိုပါစို့။ လက်အောက်ကလူတွေကို ဘယ်တော့မှအထင်မသေးလိုက်ပါနဲ့။ ထိုသူတွေအပေါ် ကောင်းမွန်တဲ့ဆက်ဆက်ရေးမထူထောင်နိုင်ရင် သင်တစ်နေ့ ဒုက္ခလှလှတွေ့ဖို့သေချာပါတယ်။ စစ်ဗိုလ်ကြီးတစ်ယောက်... နောက်တန်းမှာ မာနထောင်မောက်မာနေတာ ပြဿနာသိပ်မရှိပေမဲ့ ရှေ့တန်းထွက်တိုက်ပွဲဝင်ရင် ကြောက်ရပါပြီ။ သူ့ပစ်မယ့်ကျည်ဆံတွေက ရှေ့ကပဲလာမယ်လို့ ပြောလို့ရပါမလား။ နောက်ကလဲလာနိုင်ပါတယ်။ ဘယ်သူမှမရှိတဲ့နေရာမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ အခြားသောနယ်ပယ် အခြေအနေတွေမှာလဲ အတူတူပါပဲ။ လက်အောက်ငယ်သားတွေအပေါ်ဆက်ဆံတဲ့အခါ အမြဲဂရုစိုက်ရပါမယ်။


လူသာမန်တွေမှန်သမျှက အမြှောက်အပင့်သိပ်ကြိုက်ကြပါတယ်။ ဒါပေမယ့်မြောက်တာပင့်တာကို အလွယ်မတွေးလိုက်ပါနဲ့။ သာမန်ကာလျံကာ ရုပ်ရည်ရှိတဲ့မိန်းကလေးကို သိပ်ချောတာပဲလို့ ချီးကျူးတာထက် မင်းဆွဲထားတဲ့ပုံလေး မဆိုးဘူးလို့ပြောပေးတာက ပိုခရီးရောက်ပါမယ်။ လူတစ်ယောက်ရဲ့အားသာချက်ကို ရှာပြီးချီးကျူးပေးနိုင်ပါမှ တော်ကာကျပါမယ်။ မဟုတ်ရင် သင့်ကိုမရိုးသားသောသူအဖြစ် သို့မဟုတ် တစ်စုံတစ်ရာအလိုရှိ၍ချဉ်းကပ်ခြင်းလို့ပဲ သတ်မှတ်သွားမှပါ။ သူပြုံးနေပြီ ပိုက်ဆံချေးတော့မယ် ဆိုတဲ့စကားလိုပေါ့။


Facebook ဆိုတာ လူမှုကွန်ရက်တစ်ခုပါ။ နည်းလမ်းပေါင်းများစွာနဲ့ လူအများကအသုံးချပါတယ်။ စီးပွားရေးအတွက်လည်းဖြစ်နိုင်သလို စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင် လှုမှုဆက်ဆံရေးသီအိုရီတွေကိုလည်း စမ်းသပ်ကြည့်ဖို့ကောင်းပါတယ်။ သင့်ရဲ့ Friend List ထဲက active ဖြစ်နေလေ့ရှိတဲ့ လူအချို့ကိုရွေးချယ်လိုက်ပါ။ ထိုသူတွေတင်ထားတဲ့ပို့စ်တွေထဲက ဘယ်အရာက လေးနက်တဲ့စိတ်တစ်ခုနဲ့ တင်ထားတာဖြစ်နိုင်လဲဆိုတာ သင်အကဲဖြတ်ပြ Like ပေးပါ။ ထို့ထက်အရေးကြီးတာက Comment ပါ။ သင့်တင့်တဲ့စကားလုံးကို ရွေးချယ်ပြီး မြောက်ပင့်တတ်ပါစေ။ သင်မကြာခင်မှာ ထိုသူတွေထဲက အများစုရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိလာပါလိမ့်မယ်။

 

Recommended for you - ကျောင်းသားများကို စာသင်ခန်းအတွင်း စိတ်ဝင်စားအောင် ဘယ်လိုသင်ကြားမလဲ?

 

Recommended for you - သုတရတနာသိုက် စွယ်စုံကျမ်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ထားရှိမည်

 

Credit; Superuser

Read times Last modified on Wednesday, 08 January 2020 15:13
Rate this articles
(1 Vote)