×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 01 October 2018

ကျောင်းသားများ စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ?

ကျောင်းသားများ စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ? google.com

၁။ စာကျက်သည့်နေရာ

စာကျက်တဲ့နေရာကလည်း များစွာ အရေးပါပါတယ်။ နေရာတစ်နေရာတည်းမှာပဲ အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာပိုမှတ်မိစေပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ ထက် စာကြည့်စာမေးပွဲမှာ ဖြစ်သင့်ပါတယ်။


စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကာ (reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာကျက်နေရင် ထရှာစရာလိုအောင် အရန်သင့်ထားရှိသင့်ပါတယ်။


၂။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှုနှင့် ပန်းတိုင်

ကျောင်းသားအများစုဟာ Planning ရေးဆွဲတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။ စာသင်နှစ် စစချင်းမှာ ဘာသာရပ်တွေကို ဘယ်နေ့ဘယ်ရက်မှာ သင်ရိုးကုန်လေ့လာပြီး ပြန်လည်လေ့ကျင့်ခန်းလုပ်မယ်ဆိုတာ ကိုယ်ရဲ့ studying process နဲ့ ဆက်စပ်မှုများကို အသေးစိတ် ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။


ကိုယ်ရေးဆွဲထားတဲ့ Plan နဲ့အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါ့မယ်။ အဲဒီလိုလုပ်နေစဉ်မှာလည်း ကိုယ်ရဲ့ plan ဟာ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီမကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျော့လုပ်ပေးရမှာ ဖြစ်ပါတယ်။


၃။ အမျိုးမျိုးသော စာဖတ်နည်းများ

မြန်မာကျောင်းသားများဟာ စာဆိုတာနဲ့တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ အပေါ်ယံရှုပ်ဖတ်ခြင်းဆိုတာဟာ သင်ရိုးတစ်ခုလုံး၊ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ်မဖတ်ရှုမီ စာအုပ်ရဲ့ ဆိုလိုရင်း အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံဖတ်ရှုသင့်ပါတယ်။ မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်းဆိုတာက စာမေးပွဲမှာ မေ့လေးမေးထရှိတဲ့ အကြောင်းအရာများ၊ မသိမဖြစ် သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် memorizing reading style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါ့မယ်။


၎။ တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့် စာများကို အသံထွက်၍ ကျက်ပါ

စာကျက်မှတ်တဲ့အခါ တချို့ကပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့် တချို့ကတော့ မျက်စိနဲ့ပဲ ဖတ်ပြီး အသံထွက်ကျက်လေ့ရှိပါတယ်။ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့် အကြောင်းအရာတွေကို မျက်စိနဲ့ပဲ Scan လုပ်မှတ်သားနိုင်ပြီး နားနဲ့ အသံမကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိသူများဟာ သူတို့ရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သားလုပ်နိုင်ပါတယ်။


၅။ စိတ်ဖိစီးမှုများကို လျော့ချပါ

တတ်နိုင်သလောက် စာမကျက်ခင်မှာ စိတ်ကိုပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုးကို ၁၅ မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ် သို့မဟုတ် ကိုယ်အနှစ်အသက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅ မိနစ် ၁၀ မိနစ်လောက် နားထောင်ပါ။ ကိုယ်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း တောက်လျှောက်စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅ မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ပြီးပြည့်စုံတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လျှို့ဝှက်ချက်များ

 

Recommended for you - မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်

 

Credit; myanmar-network.net

Read times Last modified on Wednesday, 29 January 2020 10:45
Rate this articles
(2 votes)