×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 02 October 2018

ဂျပန်နိုင်ငံ Young Leaders’ Program (YLP) ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံ Young Leaders’ Program (YLP) ပညာသင်ဆု လျှောက်ထားနိုင် google.com

ဂျပန်နိုင်ငံ Young Leaders’ Program (YLP) အစီအစဉ်နဲ့ Master of Business Administration (MBA) ၁ နှစ် ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်တွေနဲ့ ဝန်ထမ်းတွေ၊ ညီနောင်အသင်းတွေရဲ့ အမှုဆောင် (သို့) ဝန်ထမ်းတွေ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင် ကုမ္ပဏီတွေရဲ့ အဖွဲ့ဝင် (သို့) ဝန်ထမ်းတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားလို သူတွေအနေနဲ့ Application Form တွေကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) HRD ဌာနသို့ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဖြည့်စွက်ထားတဲ့ Application Form နဲ့အတူ ကိုယ်တိုင်ရေး လျှောက်လွှာ၊ ပညာအရည်အချင်း ထောက်ခံချက်မိတ္တူ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်းတွေ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီတွေက အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ (သို့) မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၃ ပုံ နှင့် UMFCCI အသင်းဝင်ကဒ်မိတ္တူပါဝင်တဲ့ စာရွက်စာတမ်းများ မိတ္တူ ၂ စုံ တို့ကို ပူးတွဲ၍လျှောက်ထားရမှာဖြစ်ကြောင်း သိရပါတယ်။


လျှောက်လွှာတွေကို အောက်တိုဘာလ ၁၂ ရက်နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမှာ ဖြစ်ပြီ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ ၊ ၀၁-၂၃၁၇၄၈၀ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဘဝအတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ

 

Recommended for you - ယနေ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ ကြုံတွေ့နေရသော အခက်အခဲ

 

Credit; Internet Journal

Read times Last modified on Wednesday, 08 January 2020 15:14
Rate this articles
(1 Vote)