×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 05 May 2017

အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုရှိရှိ ပြောနိုင်စေဖို့အတွက် နည်းလမ်းကောင်းများ

အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုရှိရှိ ပြောနိုင်စေဖို့အတွက် နည်းလမ်းကောင်းများ Google.com

အခုချိန်မှာ ပြည်ပကုမ္ပဏီများ အများအပြားဝင်ရောက်လာသလို နိုင်ငံခြားသားများနှင့်လည်း တွဲဖက် အလုပ်လုပ်ရတာမျိုးတွေ ရှိလာပြီး အင်တာဗျူးတဲ့အခါမှာလည်း  နိုင်ငံခြားသားများမှ တိုက်ရိုက်ဗျူးတာတွေလည်း ရှိပါတယ်။

ဒီလိုအချိန်မှာ ကိုယ်ဟာ ပြန်လည် မပြောနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ first impression လည်း ဒေါင်းပါတယ်။ သူများပြောနိုင်ပြီး ကိုယ်မပြောနိုင်တဲ့အခါမှာ မိမိကိုယ်ကို မိမိလည်း စိတ်ပျက်အားငယ်သွား နိုင်ပါတယ်။

အချို့က ဘယ်က ဘယ်လို စလေ့လာရမှန်း မသိကြဘူး။သင်တန်းတွေတက်ပြီးလည်း ဘာမှအကျိုးမထူးဘူး ဖြစ်နေတတ်ကြပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

အင်္ဂလိပ်စာဘာသာရပ်ဟာ လေ့လာသင်ယူဖို့ သင်တန်းတက်ရုံနဲ့လည်း မလုံလောက်ပါဘူး။ ထို့ကြောင့် အင်္ဂလိပ်စာလေ့လာဖို့၊ ပြောရဲဆိုရဲ ရှိလာစေဖို့အတွက် အကောင်းဆုံးလမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. Vocabulary များ ကျက်မှတ်ပါ။
အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ Vocabulary ကြွယ်ဝဖို့ အရေးကြီးတယ်ဆိုတာလည်း မမေ့ပါနဲ့နော်။

၂. အင်္ဂလိပ်သီချင်း များများနားထောင်ပါ။

အင်္ဂလိပ်သီချင်းတွေ နားထောင်ခြင်းဖြင့် Listening skill ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်မယ်၊ စကားလုံးတွေ နားယဉ်လာပါ့မယ်။ အင်္ဂလိပ်သီချင်းစားသားများကိုလည်း နားထောင်ရုံမဟုတ်ဘဲ ပါးစပ်မှ လိုက်ဆိုပေးရင် ပိုကောင်းပါတယ်။

၃. အင်္ဂလိပ်ဇာတ်လမ်းများ ကြည့်ပါ။

အင်္ဂလိပ်ဇာတ်လမ်းကြည့်တဲ့အခါ ပထမဦးဆုံးအခေါက်ကို စာတန်းမထိုးဘဲနဲ့ ကြည့်ပါ။ Listening and Speaking အတွက် ကျင့်သားရအောင်ပါ။ သူတို့ဘယ်လိုပြောတယ်၊ ဘယ်လိုအသုံးအနှုန်းတွေ သုံးတယ်ဆိုတာကို မှတ်ထားပါ။ ဒုတိယတစ်ခေါက်ကြည့်တဲ့အခါမှ စာတန်းထိုးပြီး ကြည့်ပါ။

၎. Grammar လေ့လာပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Sentence တစ်ခုကို ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ရေးနိုင်ဖို့အတွက် Grammar တွေကို လေ့လာထားဖို့လိုပါတယ်။

၅. အွန်လိုင်းမှလည်း လေ့လာနိုင်ပါတယ်။

အခုလို အင်တာနက်ခေတ်ကြီးမှာ ဘာပဲလေ့လာချင်ချင် အွန်လိုင်းမှာ အလွယ်တကူရှာလို့ရပါတယ်။ Facebook လို ဆိုရှယ်မီဒီယာမျိုးမှာလည်း အင်္ဂလိပ်စာ လေ့လာဖို့အတွက် အသုံးအနှုန်းတွေ၊ ဝေါဟာရတွေကို လေ့လာမှတ်သား လို့ရပါတယ်။

၆. ကိုယ်တိုင်လေ့ကျင့်ပြောဆိုပါ။

မိမိအိမ်မှာ မှန်ကြည့်ပြီးဖြစ်စေ ၊ မိသားစုဝင်များကိုဖြစ်စေ အလေ့အကျင့်ဖြစ်အောင် အင်္ဂလိပ်စကားကို ပြောဆိုကျင့်ရှိအောင် လေ့ကျင့်ပြောဆိုပါ။ ပြောရမှာ မရှက်ပါနဲ့။ ရှက်ရင်ရှေ့မရောက်သလို ကြောက်ရင်လည်း ခရီးတွင်မှာ မဟုတ်ပါဘူးနော်။ မှားမှာလည်း မစိုးရိမ်ပါနဲ့။ မှားမှန်းသိမှ အမှန်ပြင်နိုင်မှာ ဖြစ်ပါတယ်။

၇. နေ့စဉ်ဒိုင်ယာရီရေးပါ။

နေ့စဉ်တော့ ပုံမှန်ရေးပေးနိင်အောင်လုပ်ပါ။ ရေးတဲ့အခါ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးပါ။ သို့မဟုတ် အရင်ဆုံး ရေးချင်တာကို မြန်မာလို ရေးချပါ။ ပြီးလျှင် အင်္ဂလိပ်လို ပြန်ရေးပါ။ ဒီလို အလေ့အကျင့်လုပ်ခြင်းဖြင့် Writing အတွက်လည်း အလေ့အကျင့်ကောင်းဖြစ်သလို ဝေါဟာရတွေလည်း ကြွယ်ဝလာစေမှာပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shweinnlay

Read times Last modified on Saturday, 28 December 2019 11:34
Rate this articles
(6 votes)