×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 09 October 2018

ဆွစ်ဇာလန်နိုင်ငံအစိုးရကပေးအပ်သည့် နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသားများအတွက် ပညာသင်ဆု

ဆွစ်ဇာလန်နိုင်ငံအစိုးရကပေးအပ်သည့် နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသားများအတွက် ပညာသင်ဆု google.com

ဆွစ်ဇာလန်နိုင်ငံအစိုးရက ပေးအပ်သည့် နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသားများအတွက် ပညာသင်ဆုဖြစ်သည်။

နိုင်ငံတကာကျောင်းသားများနှင့် အပြန်အလှန် သုတေသနလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောငနိုင်ရန်ရည်ရွယ်ပြီး နိုင်ငံပေါင်း ၁၈၀ ကျော်မှ ကျောင်းသားများအား ဖိတ်ခေါ်ထားသည့် ပညာသင်ဆုလည်း ဖြစ်သည်။


ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနိုင်မည့်အခွင့်အရေးဖြစ်ပြီး ပေးအပ်မည့်ဘွဲ့အမျိုးအစားများမှာ Ph.D/ Postdoctoral Degree များဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ေကြာင်း သိရသည်။ လျှောက်လွှာများမှာ ယခုနှစ်စက်တင်ဘာမှ ဒီဇင်ဘာအထိ ပိတ်ရက်အမျိုးမျိုး သတ်မှတ်ထားသောကြောင့် မိမိတို့လေ့လာလိုသော ပညာရပ်အလိုက် သတ်မှတ်ထားသည့် Website များအတွင်း သေချာစွာ ဝင်ေရာက်လေ့လာရန်လိုသည်။


ဤပညာသင်ဆုကို နှစ်စဉ် Swiss Confederation အဖွဲ့က ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး အနိမ့်ဆုံး Master ဘွဲ့ရထားသူများသာ လျှောက်ထားနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံတက္ကသိုလ်များက ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများနှင့် သုတေသနပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အစီအစဉ်များကို လိုက်နာနိုင်သူများသာ လျှောက်ထားရန်ဖြစ်ပါသည်။


ရွေးချယ်ခြင်းခံရသူများကို ဆွစ်ဇာလန်နိုင်ငံရှိ သတ်မှတ်ထားသော တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခွင့်ရမည်ဖြစ်သည်။


ပညာသင်စရိတ်အတွက် လစဉ်လုံလောက်သော ထောက်ပံ့ကြေးများရမည်ဖြစ်သည်။ ကျူရှင်စရိတ်၊ ကျန်းမာရေး အာမခံ၊ လေယာဉ်စရိတ်၊ နေထိုင်အိမ်စရိတ်စသည်များကို ခံစားခွငေ့်ပးမည်။


လျှောက်လွှာများကို ပိတ်မည့်ရက်နှင့်ပတ်သက်ပြီး ၂၀၁၈ စက်တင်ဘာမှ ဒီဇင်ဘာဟု ပြောထားသော်လည်း နိုင်ငံအလိုက် သတ်မှတ်ထားချက်များ ရှိနိုင်ပါသည်။ မိမိတို့နိုင်ငံရှိ ဆွစ်ဇာလန်နိုင်ငံသံရုံးများ၏ သတ်မှတ်ချက်အလိုက် တင်ကြရန်ဖြစ်သည်။
အသေးစိတ်ကို ပညာသင်ဆုပေးသည့် Website ဖြစ်သော https://www.sbfi.admin.ch/sbfi/en/home/topics/swiss-education-area/scholarships-and-grants/swissgovernment-excellence-scholarships-for-foreign-scholars-an.html တွင် ဝင် ရောက်ကြည့်ရှုနိုင်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ ပညာသင်ဆုနှင့်ပတ်သက်ပြီး http://www.scholars4dev.com/category/ country/europescholarships/switzerland-scholarships/ တွင်လည်း ကြည့်ရှုနိုင်ပါသည်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - EQ ကောင်းတဲ့သူတွေလုပ်လေ့ရှိတဲ့ အမူအကျင့် (၁၀) ခု

 

Recommended for you - နည်းပညာတက္ကသိုလ် ၃၀ တွင် ရတနာပုံဆိုက်ဘာစီးတီး၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ အများဆုံးဖြစ်

 

Credit; The Voice

Read times Last modified on Wednesday, 29 January 2020 11:04
Rate this articles
(1 Vote)