×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 11 October 2018

အမေရိကန်တက္ကသိုလ်ဝင်ခွင့်များနှင့် ပတ်သက်ပြီး လိမ်လည်မှုရှိနေကြောင်း အမေရိကန်သံရုံးမှသတိပေး

အမေရိကန်တက္ကသိုလ်ဝင်ခွင့်များနှင့် ပတ်သက်ပြီး လိမ်လည်မှုရှိနေကြောင်း အမေရိကန်သံရုံးမှသတိပေး google.com

အမေရိကန်တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းတက်ရောက်ခွင့်တွေ ရရှိတယ်ဆိုပြီး လိမ်လည်လှည့်ဖြားမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ U.S.Embassy Rangoon ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


“ အမေရိကန်တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းတက်ခွင့်ရတယ်ဆိုပြီး လိမ်လည်လှည့်ဖြားခံရမှုတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အကြောင်း မကြာသေးမီက သိရှိရပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ် အင်စတီကျူးရှင်းတွေရဲ့ အင်တာနက်စာမျက်နှာမှာ မတွေ့ရတဲ့ အင်တာနက်စာမျက်နှာ လိပ်စာတွေကိုနှိပ်ရင် သတိထားကြဖို့ နှိုးဆော်ပါရစေ။ အဲဒီ အင်တာနက်လိပ်စာတွေဟာ တရားဝင်မဟုတ်တတ်ပါ ” လို့ ရေးသားထားပါတယ်။


ယခုလို လိမ်လည်မှုတွေနဲ့ မတွေ့ကြုံရအောင် အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်ရောက်လိုသူတွေအနေနဲ့ ရန်ကုန်အမေရိကန်စင်တာနဲ့ မန္တလေးဂျက်ဖာဆန်စင်တာမှ အမေရိကန်ပညာရေးဆိုင်ရာ အကြံပေးနဲ့ ဆွေးနွေးနိုင်ပါတယ်။ အဆိုပါအကြံပေးနဲ့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေးလ်က တစ်ဆင့်သော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်းကောင်း၊ Facebook စာမျက်နှာကနေသော်လည်းကောင်း ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - RSIS မှပေးအပ်မည့် မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားနိုင်

 

Recommended for you - အဝေးသင် တတိယနှစ် ဓာတုဗေဒမေးခွန်းတွင် မေးခွန်းနံပါတ်နှစ်ခုစီ၌ အကြောင်းအရာတူများ ထည့်မေး

 

Credit; Internet

Read times Last modified on Wednesday, 29 January 2020 11:31
Rate this articles
(1 Vote)