×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 12 May 2017

ဘ၀တစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလုပ်သင့်တဲ့ အချက်များ

ဘ၀တစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလုပ်သင့်တဲ့ အချက်များ Google.com

သင့်ဘ၀တစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလေး နည်းနည်းလုပ်ပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ဖြစ်အောင် ဖန်တီးလိုက်ပါ။

၁. ဘ၀မှာ စိတ်ကူးထားတဲ့ အောင်မြင်မှုတွေ ရဖို့ အလုပ်တွေကို စလိုက်ပါ။

လူတိုင်းမှာ သူတို့ဘ၀အတွက် ရည်မှန်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ငါ့ဘ၀အတွက် ရည်မှန်းချက်က ဘာလဲ။ ငါအခု စလုပ်နိုင်ပြီလား။ ငါ့ဘ၀ရည်မှန်းချက်ပြည့်ဖို့ ဒီနှစ်မှာ ဘာကို စပြီးလုပ်နိုင်မှာလဲ စတဲ့မေးခွန်းတွေ ကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

၂. အခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်လိုက်ပါ။

ကမ္ဘာကြီးမှာ အရည်အသွေးအမျိုးမျိုး၊ ထူချွန်မှုအမျိုးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေနဲ့ ပြည့်နှက်နေတာပါ။

အခြားလူတွေ ဘာလုပ်နေတယ်ဆိုတာကို လိုက်ကြည့်နေရင် သင်လုပ်ရမယ့် ဦးစားပေးအရာတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။

သင့်ဘ၀ရဲ့ အခက်အခဲတွေကိုပဲ တွေးနေတာမျိုး၊ အခြားလူတွေရဲ့ အကြောင်းတွေကို တွေးနေတာမျိုးတွေထက် သင့်ဘ၀ရည်မှန်းချက် အောင်မြင်နိုင်ဖို့နဲ့ ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. အိပ်ချိန်မှန်အောင် ကြိုးစား လေ့ကျင့်ပါ။

အားလပ်ရပ်တွေမှာ နောက်ကျမှ အိပ်ယာဝင်တတ်ကြတယ်ဆိုပေမယ့်လည်း နောက်ကျမှ အိပ်ယာက ထတဲ့ရက်တွေ နည်းနည်းများလာရင်တော့ သင့်ရဲ့အိပ်ချိန်ဟာ ပြန်အသစ်ဖြစ်စေနိုင်ပါတယ်။

ညနေပိုင်း အရမ်းပင်ပန်းမယ့် အလုပ်တွေ ရှောင်ခြင်း၊ အပြောင်းအလဲတစ်ခုခုလုပ်ပြီး လျှော့ချခြင်းတွေကို လုပ်ပြီး နေ့တိုင်း ပုံမှန်အိပ်ပြီး ပုံမှန် အိပ်ယာမှ ထသင့်ပါတယ်။

၎. ဦးစားပေးတစ်ခုအနေနဲ့ ပိုက်ဆံစုပါ။

သင့်ဘ၀မှာ အောင်မြင်မှုတစ်ခု ရဖို့ဆိုရင်တော့ ပိုက်ဆံကို ဦးစားပေး အနေနဲ့ စုဆောင်းတတ်ဖို့ပါပဲ။ ဘ၀မှာ မမျှော်လင့်ထားတာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။

ထို့ကြောင့် အရေးကိစ္စကြီးငယ် ပေါ်လာပါက အသုံးပြုနိုင်ဖို့အတွက် ပိုက်ဆံကို စုဆောင်းထားသင့်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၅. လေ့ကျင့်ခန်း စလုပ်ပါ။

ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ သင့်အတွက်တော့ များစွာ အကျိုးကျေးဇူး ရရှိစေမှာပါ။

ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်သလို၊ စိတ်ခံစားမှုနဲ့ စွမ်းအားတွေကိုလည်းတိုးတက်စေပြီး ရောဂါတွေကို ခုခံကာကွယ်နိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

သင့်ဘ၀မှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်ဆောင်သင့်ပါတယ်။

၆. နေ့တိုင်း တစ်စုံတစ်ခုကို လေ့လာသင်ယူဖို့ ရည်ရွယ်ထားပါ။

သင့်ကိုယ်သင် အမြဲလေ့လာသင်ယူနိုင်တဲ့လူ ဖြစ်အောင် အာရုံစိုက်ထားသင့်ပါတယ်။

သင့်ရဲ့စိတ်တံခါးတွေကို ဖွင့်ထားပါ။ သင့်ရဲ့လုပ်နိုင်စွမ်းနယ်ပယ်တွေကို ချဲ့ထွင်ပါ။ ပို့စ်ကဒ်တွေ၊ ဆွေးနွေးပွဲတွေက အစ စာအုပ်တွေအဆုံး သင်လေ့လာသင်ယူစရာတွေ အများကြီးရှိနေပါတယ်။

၇. ကိုယ့်ကိုယ်ကို အားပေးပါ။

သင့်ဘ၀မှာ အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို တွန်းအားပေးတတ်ဖို့ပါပဲ။

ခရီးတွေထွက်ပြီး ဓာတ်ပုံတွေလျှောက်ရိုက်တာဟာလည်း ဘ၀ကို အကောင်းဆုံး တွန်းအားပေးခြင်း ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

source: knaung

Read times Last modified on Saturday, 28 December 2019 11:43
Rate this articles
(2 votes)