Tuesday, 19 March 2019 16:11

သင့်​ဘဝမှာ ပျော်​ချင်​ရင်​လိုက်​နာရမည့်​ အချက်​( ၇ )ချက်

(၁) သင့်​ရဲ့ အတိတ်​နဲ့ ငြိမ်းချမ်းမှုယူပါ။

ဒါမှ သင့်​ရဲ့အတိတ်​က သင့်​ရဲ့ပစ္စုပ္ပန်​ကို မနှောက်​ယှက်​တော့မှာပါ။ လူတော်​တော်​များများ စိတ်​ဆင်းရဲရတဲ့ အကြောင်းအရင်း ကတော့ အတိတ်​က အကြောင်းတွေကို ပြန်​တွေးနေလို့ပါပဲ။

Tuesday, 19 March 2019 09:26

အသက်(၂၀) မတိုင်ခင်မှာ မီလျံနာဖြစ်ခဲ့ကြသူ (၅) ယောက်

ကျတော်တို့ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ပုံရိပ်တွေကို အကောင်းမွန်ဆုံးမြင့်တင်ပေးကြသူတွေ လည်း ဖြစ်ပါတယ်။

Thursday, 14 March 2019 11:13

"မိတ်ဆွေစစ်ကို ရှာဖွေခြင်း"

တစ်ခါက လယ်သမားတစ်ဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးနားချင်းများဖြစ်ကြသည်။

လယ်သမားမှာ ဘဲများမွေးမြူးထားပြီး မုဆိုးမှာမူ အမဲလိုက်ခွေးများ မွေးမြူထား၏။ ထိုခွေးများသည် မကြာခဏဆိုသလို လယ်သမား အိမ်သို့ ကျူးကျော် ၀င်ရောက်ပြီး ခြံထဲရှိ ဘဲများကို ကိုက်ဖြတ် စားသောက်လေသည်။

Friday, 01 March 2019 10:11

လူငယ်တစ်ယောက်ရဲ့တန်ဖိုး

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ အယူသီး လွန်းနေရင် အတွေးအခေါ် နည်းရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ အတ္တတွေ ကြီး လွန်းနေရင် အသိဉာဏ်နည်းရာ ရောက်တယ်။

Friday, 01 March 2019 09:54

ရည်မှန်းချက်နဲ့ ရှင်သန်ပါ

မျှော်လင့်ချက်နဲ့ အသက်မရှင်ပါနဲ့။ ရည်မှန်းချက်နဲ့ အသက်ရှင်ပါ။

မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ မောပန်းလွန်းသလောက်ရည်မှန်းချက်နဲ့ အသက်ရှင်ရတာ သိပ်ကိုစိတ်အားတက်ကြွတယ်။

Tuesday, 19 February 2019 11:16

ကိုယ်ကအရမ်းခင်တတ်ပေမဲ့ ကိုယ့်ကိုပြန်မခင်ကြတဲ့ အကြောင်းရင်း (၅) ခု

ကိုယ်က အရမ်းကို ခင်မင်တတ်သူပါ။ သူငယ်ချင်းအပေါင်းအသင်း ဆိုတာလည်း ဘဝရဲ့ အရေးကြီးဆုံးအရာလို့ သတ်မှတ်ထားတာပါ။ လူတွေကို အရမ်းခင်မင်တတ်ပေမဲ့ ကိုယ်ခင်သလောက် ကိုယ့်အပေါ် ခင်မင်မှု ပြန်မရတာမျိုး ကြုံနေရတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့ လိုနေပါပြီ။

Monday, 18 February 2019 16:14

လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်တဲ့ အချက်( ၅) ချက်

(၁) အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းအောင်သင်ကြားပါ။

အတတ်ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါ။ အသိပညာ၊ လူမှုက်ဆံရေးပညာ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို မဖြစ်မနေ သင်ကြား တတ်မြောက်ထားသင့်တယ်။

Wednesday, 13 February 2019 10:58

အနာဂတ်မှာ ပျော်ရွှင်တဲ့လူသားတစ်ယောက်ဖြစ်ဖို့ ကလေးဘ၀ထဲက တတ်ထားသင့်တဲ့ ကျွမ်းကျင်မှုများ

ကျွန်ုပ်တို့တွေဟာ လူလောကကြီးထဲကို ရောက်လာတာနဲ့ အကောင်းရော အဆိုးရော ခံစားရကြပါတယ်။ တချို့ကတော့ ဆင်းဆင်းရဲမွေးလာကြသလို တချို့ကတော့ ချမ်းချမ်းသာသာမွေးလာကြပါတယ်။ မည်သို့ပင်ဖြစ်စေ ဘ၀ရဲ့ဖြတ်သန်းမှုတိုင်းရဲ့ အဓိကအချက်က တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ‘ပျော်ရွှင်ခြင်း’ ဆိုတာပါပဲ။ ဘယ်လောက်ပဲချမ်းသာနေပါစေ စိတ်ဆင်းရဲ့နေရမယ်ဆိုရင် ဒီချမ်းသာမှုတွေက အလကားပါပဲ။ ဘယ်လောက်ပဲ ဆင်းရဲနေပါတယ် ပျော်ရွှင်နေတဲ့သူအတွက်တော့ ဆင်းရဲ့ခြင်းဟာလည်း အလကားပါပဲ။ လောကမှာ ဆင်းရဲ ချမ်းသာဟာတွေက လူတစ်ယောက်ရဲ့ ဘ၀ကိုဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ သူ့မှာရှိနေတဲ့ ပျော်ရွှင်ခြင်းတွေ လူတစ်ယောက်ရဲ့ဘ၀ကို တိုင်းတာဆုံးဖြတ်ပေးတာပါ။ လူတစ်ယောက်ဟာ အမြဲတမ်းစိတ်ဆင်းရဲစွာနဲ့ ဘ၀တစ်သက်လုံး ပြီးဆုံးသွားမယ်ဆိုရင် လူဖြစ်ရတာ မတန်ပါဘူး။ ရခဲ့လှတဲ့ဘ၀မှာ အကောင်းရော အဆိုရောရှိနေမှာပါ။ ဒါတွေကို ဖြေရှင်းသင့်တာဖြေရှင်း လှစ်လူရှုသင့်တာရှုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှသာ အဓိပ္ပါယ်ရှိတဲ့ လူသားတစ်ယောက်ဖြစ်မှာပါ။ ဒါကြောင့် ဘ၀မှာပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ငယ်ငယ်ထဲက ကလေးတွေကို သင်ပေးထားသင့် ကျွမ်းကျင်မှုတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဘာသာစကား

Language Literacy 1024x683

လေ့လာမှုတစ်ခုမှာ ဒုတိယဘာသာစကားတစ်ခုကို လေ့လာသင်ယူတဲ့ကလေးဟာ မှတ်ဥာဏ်ပိုကောင်းပြီး အပြောင်းအလဲတွေအတွက် မြန်မြန် ကျင့်သားရပါတယ်။ ဘာသာစကားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုရှိကြောင်း ပြသခဲ့ပါတယ်။ ကနေဒါမှာရှိတဲ့ Rotman သုတေသနလုပ်ငန်းက သိပ္ပံပညာရှင်များက ဘာသာစကား၂ခုပြောခြင်းက အသက်ကြီးတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ စတင်ခြင်းကို နှောင့်နှေးဖို့ ဦးနှောက်ကို ကူညီပေးကြောင်း သက်သေပြခဲ့ပါတယ်။

၂။ ရေကူးခြင်း

AdobeStock 59111984

ဘယ်ကိုယ်လက်လှုပ်ရှားမှုမဆို လေ့ကျင့်ခြင်းက ကျန်းမာသန်စွမ်းတဲ့ ဘဝတစ်ခုကို ပေးစွမ်းပါတယ်။ မေမေတို့ရဲ့ကလေးကို ရေကူးသင်ပေးခြင်းက ကျွမ်းကျင်မှုတစ်ခု ဖြစ်ခြင်းအပြင် အရေးကြုံလာတဲ့ အခြေအနေမျိုးမှာ သင့်ကလေးရဲ့ အသက်ကို ကယ်တင်နိုင်ပြီး အတွေ့အကြုံအမျိုးမျိုးကို ရရှိနိုင်ပါတယ်။ သူတို့ရဲ့ ခြေလက်အင်္ဂါများကို အားကောင်းလာစေဖို့နဲ့ သူတို့ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်မှု(coordination) ကိုဖွံ့ဖြိုးတိုးတတ်စေဖို့ ကူညီပေးပါတယ်။ ရေကူးခြင်းက ဦးနှောက်ကို သက်ရှည်ကျန်းမာနေစေဖို့လည်း ကူညီပေးတယ်လို့ ဇီဝနည်းပညာ နိုင်ငံတကာစင်တာက ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုက ပြောပါတယ်။

၃။ တူရိယာ တီးခတ်ခြင်း

1100 kid instruments

အာရုံကြောသိပ္ပံဂျာနယ်တစ်ခုက တူရိယာတစ်ခုကို တီးခတ်ဖို့ သင်ယူခြင်းဟာ (အကြားအာရုံနှင့်ဆိုင်သော) auditory skills ကိုတိုးတတ်စေပြီး အိုမင်းခြင်းရဲ့ သဘာဝဖြစ်တဲ့ ဦးနှောက်စွမ်းဆောင်ရည် ယိုယွင်းပျက်စီးမှုကို နှောင့်နှေးအောင် ကူညီပေးကြောင်း ရှာဖွေ လေ့လာမှုတစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော်တို့ တူရိယာတစ်ခု တီးခတ်တဲ့အခါ (အကြားအာရုံ) auditory, (ခြေလက်လှုပ်ရှားမှု) motor, နှင့် (အမြင်အာရုံ)perception ကဲ့သို့သော ဦးနှောက်စနစ်အတော်များများကို activate လုပ်တာကြောင့် ဖြစ်ပါတယ်။ သင့်ကလေး အရွယ်ရောက်သူတစ်ယောက်ဖြစ်လာတဲ့အခါ သူတို့မှာ ပြောဆိုဆက်ဆံမှု ပြေပြစ်တဲ့စွမ်းရည်နဲ့ သူတို့ကိုယ်တိုင် တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့ စွမ်းရည်ကို ရရှိပါလိမ့်မယ်။

၎။ ကခုန်ခြင်း

5aa6196401a21.image

Karlstad တက္ကသိုလ်မှ လေ့လာမှုတစ်ခုမှာ ကခုန်ခြင်းဟာ မျောက်ရှုံးတဲ့ကလေးတွေမှာ စွမ်းဆောင်ရည် တိုးတတ်ကောင်းမွန်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒါက ပြောဆိုဆက်ဆံမှု ပြေပြစ်စေဖို့နှင့် သူတို့ရဲ့ ခန္ဓာကိုယ်မှတဆင့် စိတ်ခံစားမှုတွေကို ဖော်ပြခွင့် ပေးထားပါတယ်။ ဂီတရဲ့ အကူအညီနှင့်အတူ ကိုယ်ကိုယ့်ကို လေးစားမှု( self-esteem) တည်ဆောက်မှုနှင့် motor skills၊ social skills၊ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးပါတယ်။ ကခုန်ခြင်းက သင့်ကလေးကို မတူညီတဲ့ ယဉ်ကျေးမှုတွေကို ပိုရင်းနှီးစေပါလိမ့်မယ်။ သူတို့ရဲ့ခန္ဓာကိုယ်မှာ ယုံကြည်မှု ပိုရှိစေပြီး ပိုပြီးပွင့်လင်းတဲ့ စိတ်သဘောထားရရှိစေပါတယ်။

၅။ ပြန်လည်အသုံးချခြင်း

kidsvolunteering 660x330

recycle လုပ်ခြင်းဖြင့် ကျွန်တော်တို့ ကမ္ဘာမြေကြီးကို စောင့်ရှောက်ဖို့နှင့် နောက်လာမယ့် မျိုးဆက်သစ်တွေအတွက် ပိုကောင်းတဲ့ ကမ္ဘာမြေကြီးကို ချန်ထားခဲ့ဖို့ အကူအညီဖြစ်စေပါတယ်။ recycling လုပ်ခြင်းက psychomotricity နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးတာကြောင့် သင့်ကလေးတွေအတွက် ကောင်းပါတယ်။
သင့်ကလေးဟာ သူ့ရဲ့အိုင်ဒီယာကို အကောင်အထည်ဖော်ဖို့ ဈေးကြီးတဲ့ resource တွေ မလိုအပ်ဘူးဆိုတာ သိလာပါလိမ်မ့ယ်။ စပိန်နိုင်ငံဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းနှင့် စားသုံးမှုနှင့်ပတ်သတ်တဲ့ အသိပညာပေးတွေကို ပျိုးထောင်ဖို့ ကျောင်းတွေမှာ (ပြန်လည်အသုံးချခြင်း)recycling သင်ကြားခြင်းကို အားပေးထားပါတယ်။

၆။ သန့်ရှင်းရေး

cleaning

ဘယ်လူသားမဆို စနစ်ကျမှုနှင့် သန့်ရှင်းရေးဟာ ဘဝအတွက် မရှိမဖြစ် ဖြစ်ပါတယ်။ ကျန်းမာတဲ့ဘဝတစ်ခုကို ဦးတည်ခြင်း ကဲ့သို့ လက်တွေ့အကြောင်းရင်းတွေအပြင် စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို စနစ်တကျ ပိုပြီး ဖွဲ့စည်းတည်ဆောက်စေဖို့ ကူညီပေးပါတယ်။ ဂျပန်မှာ ကိုယ့်ရဲ့စာသင်ခန်းနဲ့ ကျောင်းသန့်ရှင်းရေးကို ကျောင်းပညာရေးရဲ့ တစ်စိတ်တပိုင်းအဖြစ် သင်ကြားပေးပါတယ်။

၇။ ချက်ပြုတ်ခြင်း

15759897 1465307137 640x360

ကလေးတွေနဲ့အတူတူ ထမင်းဟင်းချက်ပြုတ်တာဟာ မိသားစုအတွင်း ဆက်ဆံရေးကို ပိုတိုးတတ်စေပါတယ်။ မေမေတို့က ဟင်းပွဲပြင်တဲ့နေရာမှာ ကလေးတွေကို ပါဝင်စေလျှင် သူတို့အတွက် အာဟာရမဖြစ်တဲ့ အစားအစာတွေကို စားသုံးတာ လျော့နည်းနိုင်ဖွယ် ရှိပြီး အစားအသောက်ကို ပိုပြီး သတိထားလာပါလိမ့်မယ်။
ဟင်းချက်နည်းတွေကိုလည်း သိလာစေပြီး ဟင်းအမယ်ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုစီကိုလည်း စူးစမ်းလေ့လာပါလိမ့်မယ်။ ချက်ပြုတ်နေတဲ့အချိန်မှာ ဘယ်အစားအစာဆိုရင် ဘယ်လိုချက်ရတယ်? ဘာထည့်ရတယ်ဆိုတာ သူတို့ကို ပြသပေးပါ။ သင့်ကလေးက အရမ်းငယ်သေးရင် မတော်တဆဖြစ်ခြင်းမှ ရှောင်ရှားဖို့ ရိုးရှင်းတဲ့အရာနဲ့ပဲ စတင်ပါ။

၈။ ငွေကြေး အသုံးပြုခြင်း

dollarphotoclub 40338810 3

ကျွန်တော်တို့ အရွယ်ရောက်လာတာနဲ့အမျှ ငွေရေးကြေးရေးတာဝန်များက တဖြည်းဖြည်း ရောက်လာပါတယ်။ ကျွန်တော်တို့ ပြင်ဆင်မထားဘူးဆိုရင် အမှားတွေ ပြုလုပ်နိုင်ပါတယ်။ ကလေးတွေကို အမြော်အမြင်ရှိရှိ ငွေကြေးသုံးတတ်စေဖို့နှင့် ပိုက်ဆံစုတတ်စေဖို့ သင်ပေးထားတာ ကောင်းပါတယ်။ သူတို့အတွက် ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲ သုံးစွဲရမလည်းဆိုတာ သိလာပါလိမ့်မယ်။

၉။ သူတို့ခံစားချက်များကို ဆက်သွယ်ပြောဆိုခြင်း

iStock 20583642 LARGE

လူတိုင်းက အချိန်တိုင်း ပျော်ရွင်နေမှာ မဟုတ်ပါဘူး။ တချို့အခြေအနေတွေက ကျွန်တော်တို့ ရှောင်လို့မရနိုင်တဲ့ မဆင်မပြေတဲ့ ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။
ဒီခံစားချက်တွေကို သူတို့ လက်ခံသင့်တာ လက်ခံဖို့နဲ့ မိဘနဲ့ တိုင်ပင်ဆွေးနွေးသင့်တာ တိုင်ပင်ဖို့ ဘယ်လိုခွဲခြားသတ်မှတ်ရမယ်ဆိုတာ အစောပိုင်းအသက်အရွယ်မှာ သင်ထားပေးရပါမယ်။ 
စိတ်ခံစားမှု intelligence ဖြစ်တာဟာ သင့်ကလေးကို ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ နှင့် ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ သင့်လျော်စွာ တုံ့ပြန်တတ်စေဖို့ ခွင့်ပြုပေးပါလိမ့်မယ်။

၁၀။ အပန်းဖြေဖို့ သင်ပေးပါ

relaxation for kids article content card

ကျောင်းတွေမှာ ကလေးတွေကို စာတော်စေဖို့၊ တာဝန်ထမ်းဆောင်တတ်စေဖို့၊ သတင်းအချက်အလက်တွေ ရယူတတ်စေဖို့နှင့် တခြားသူတွေနဲ့ နေထိုင်တတ်စေဖို့ သင်ပေးပါတယ်။ မိဘတွေအနေနဲ့ ကလေးကို စိတ်ပင်ပန်းမှုတွေကို ဖြေလျော့ဖို့နှင့် ကစားဖို့ အချိန်လေးတွေ ဘယ်လိုရှာဖွေရမလဲဆိုတဲ့ အနားယူခြင်းရဲ့ အရေးပါမူနှင့် ပတ်သတ်တာလေးတွေ သူတို့ကို သင်ပေးသင့်ပါတယ်။ မိသားစုတစ်စုလုံး အိမ်မှာ စိတ်အေးလက်အေးပတ်ဝန်းကျင်ကို ဖန်တီးဖို့ လေ့ကျင့်နိုင်တဲ့ အသက်ရှုနည်းစနစ်အမျိုးမျိုးရှိပါတယ်။ ဒါက သူတို့ရဲ့စိတ်ဖိစီးမှုအဆင့်ဆင့်နဲ့ စိတ်ဖိစီးမှုနှင့် ဆက်စပ်တဲ့ ရောဂါများ ခံစားရနိုင်ခြေကို လျှော့ချပေးပါလိမ့်မယ်။

ဒီအချက်တွေက ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ ကလေးဘ၀ထဲက တတ်ထားသင့်တဲ့အချက်တွေဖြစ်ပြီး ကလေးဘ၀က မတတ်ခဲ့ရင်တောင် ယခုလက်ရှိအချိန်မှာ တတ်ထားမယ်ဆိုရင်တော့ သင့်ဘ၀ကလွတ်လပ်ပျော်ရွှင်တဲ့ သူသားတစ်ယောက်ဖြစ်နေမှာပါ။

 

source - lifestyle myanmar