Tuesday, 08 October 2019 16:52

"လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ကြားရန် အကူအညီလိုအပ်ပါက ပညာသင်ဆုလျှောက်ထားနိုင်"

<<< Zawgyi >>>

လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ကြားရန် အကူအညီလိုပါက ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း

Thursday, 12 September 2019 17:26

"Scholarship အတွက် ပြင်ဆင်ရာတွင်အထောက်အကူ ဖြစ်စေမည့် နည်းလမ်း (၈) ခု"


စကော်လားရှစ်လျှောက်ချင်သူများတွက် စကော်လားရှစ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံလိုအပ်ချက်တစ်ချို့ပါ။

Tuesday, 27 August 2019 10:35

IELTS/TOEFL ဖြေလိုက်တာနဲ့  Scholarship ရပြီလား?

ဒီမေးခွန်းဟာ အမေးများပြီး နိုင်ငံတကာပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားတော်တော်များများလည်း သိချင်ကြတဲ့ မေးခွန်းတစ်ခုပါ။

Friday, 16 November 2018 17:00

သင့်ရည်မှန်းချက်ကို ဈေးမဆစ်ပါနဲ့!

အကောင်းဆုံးကို ရည်မှန်းပါ … ပြီးတဲ့ သင့်ရဲ့ အကောင်းဆုံးကိုသာ ပေးပါ … သာမန်လောက် မလုပ်ပါနဲ့ …။

ဘ၀မှာ ကြောက်စရာ အကောင်းဆုံးကိစ္စတစ်ခုက သာမန်လောက်နဲ့ နေပြီး သာမန်လောက်နဲ့ သေသွားရမှာပဲ ဖြစ်တယ် …။

လူတွေ ရလဒ်ကောင်းတွေ မရကြတာဟာ ရည်မှန်းချက်ကို မြင့်မြင့်ထားပြီး မရကြလို့မဟုတ်ဘူး …။

ရည်မှန်းချက် နိမ့်နိမ့်လေးထားပြီး အဲဒါကို ရတာကို အောင်မြင်မှုလို့ ထင်နေကြလို့ ဖြစ်တယ် …။

အဲဒါကြောင့် ရည်မှန်းချက်ကို မြင့်မြင့်ထားဖို့လိုတယ် ...။

ဒါ့အပြင် စဉ်းစားကြည့်ပါ …။

စဉ်းစားကြည့်ပါ …။

အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အများနဲ့ နည်းတူလောက်ပဲ ကြိုးစားပြီး လုပ်တာကိုင်တာ ရှိနိုင်တယ် …။

နောက်တစ်မျိုးကတော့ အချိန်၊ ငွေ၊ ရင်းနှီးမြှုပ်နှံမှု၊ အားအင် စတဲ့ ကိုယ်တတ်နိုင်တဲ့အရာတွေ အားလုံးကို ပုံအောပြီး အသားကုန် လုပ်တာ ကိုင်တာရှိနိုင်တယ် …။

အဲဒါကြောင့် အလုပ်တစ်ခုခု လုပ်ပြီဆိုရင် သာမန်လောက်ပဲ လုပ်မှာလား၊ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်မှာလားဆိုတာ သင့်ကိုယ်သင် မေးမှရမယ် …။

လုပ်ငန်းခွင်မှာ နေရာလိုချင်တယ်၊ လစာတိုးချင်တယ်၊ အခွင့်အရေးတွေ လိုချင်တယ် … လုပ်ရင်တော့ တော်ရိရော်ရိပဲဆိုရင် ဒါမဟုတ်ဘူး …။

လုပ်ငန်းလုပ်ရင်လည်း အမြတ်ငွေတော့များချင်တယ် …ထုတ်လုပ်တဲ့နေရာ၊ ၀န်ဆောင်မှုပေးတဲ့နေရာ၊ အရည်အသွေးကို ထိန်းတဲ့နေရာ၊ ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားတဲ့နေရာ စတဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်က သာမန်လောက် လုပ်နေလို့ မရဘူး …။

သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့လုပ်ငန်းကို လူတွေက ရွေးချယ်လေ့ မရှိကြဘူး ...။

ငါဘာကိုပဲ လုပ်ပေး လုပ်ပေး အကောင်းဆုံး ဖြစ်ရမယ် …။

ငါ့အထက်လူကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ငါ့ကို ကျေနပ်အားရနေရမယ် …။

ငါဘာကိုပဲ လုပ်လုပ် အဲဒီအချိန်မှာ ရှိတဲ့ ငါ့ရဲ့ ၁၀၀ ရာခိုင်နှုန်း BEST ကို ပေးမယ်ဆိုတာမျိုးဟာ ဦးဆောင်သူဖြစ်ချင်တဲ့သူတိုင်း ထားရှိသင့်တဲ့ ခံယူချက်တွေ ဖြစ်တယ် …။

ထပ်ပြီး ပြောရရင် ဘာကိုပဲ လုပ်လုပ် သာမန်လောက် မရည်မှန်းပါနဲ့ … သာမန်လောက် မလုပ်ပါနဲ့ …။

သာမန်လောက် ရည်မှန်းတဲ့သူ၊ သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့ လုပ်ငန်းကို လူတွေက တန်ဖိုးကြီးကြီးပေးလေ့ မရှိကြဘူး ...။

အမြဲတမ်း၊ အမြဲတမ်း၊ အမြဲတမ်း အကောင်းဆုံးကို ရည်မှန်းပါ … သင့်ရဲ့ BEST ကိုသာ အမြဲတမ်းပေးပါ ...။

သင့်ရည်မှန်းချက်တွေကို ဘယ်တော့မှ ဈေးမဆစ်မိပါစေနဲ့...။

Credit; naingwinaung

Friday, 16 November 2018 13:13

အချိန်ဆွဲသည့်အကျင့်ကို ဖျောက်ဖျက်နိုင်မည့် နည်းလမ်းများ

အောင်မြင်လိုသူတွေအတွက် အခက်ခဲဆုံးစိန်ခေါ်မှုတစ်ခုကတော့ လုပ်ငန်းအစီအစဉ်တစ်ခု စတင်ဖို့ ပထမဆုံးခြေတစ်လှမ်း လှမ်းရမှာကို တွန့်ဆုတ်နေပြီး အချိန်ဆွဲနေတတ်တာပဲဖြစ်ပါတယ်။

Thursday, 15 November 2018 14:13

ဘွဲ့ရပြီး အလုပ်ခွင်ဝင်မည့် သူတိုင်း သိထားသင့်သည့် အချက်(၅)ခု

တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီး လက်တွေ့လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြသူတိုင်း တစ်ခါတည်း လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်း ခွင်အောင်မြင်မှုကို ရရှိနိုင်ကြတာမဟုတ်ပါဘူး။ ဘာတက္ကသိုလ်ဖြစ်ဖြစ်၊ ဘာပညာရပ်ဆိုင်ရာဘွဲ့ဖြစ်ဖြစ် လက်တွေ့လောကရဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ လိုပါသေးတယ်။

Thursday, 08 November 2018 13:53

စာကို ထပ်ကာတစ်လဲလဲ ဖတ်ဖို့မလိုပဲ အလွယ်မှတ်မိ စေမည့် နည်း(၆)မျိုး

စာကျက်ပေမယ့် ရသလို မရသလိုဖြစ်ပြီး မေ့မေ့သွားတဲ့ ခံစားချက်မျိုး ကြုံဖူးတယ်မို့လား....။ စာဆိုတာ ကျက်ရုံနဲ့ မပြီးပါဘူးနော်၊ မှတ်မိဖို့အတွက် ဘာတွေ လုပ်မလဲဆို ဖော်ပြပေးလိုက်ပါတယ်နော်...။

Thursday, 08 November 2018 10:47

ဘဝမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာ.. ဘယ်အရာကို ရွေးချယ်သင့်လဲ...

ဒီလို အခြေအနေမျိုးကို လူတော်တော်များများရဲ့ဘဝမှာ ကြုံကြိုက်ဖူးကြလိမ့်မယ်။ အထူးသဖြင့် ဘဝကို အကောင်းမွန်ဆုံး တည်ဆောက်ချင်တဲ့ သူတွေရဲ့ဘဝမှာ ကြုံဖြစ်လိမ့်မယ်။

Monday, 05 November 2018 12:04

စာသင်နေစဉ်အတွင်း ကျောင်းသားတွေ ဂနာမငြိမ် ဖြစ်နေပြီလား

သင်ဆရာတစ်ယောက်ဆိုရင်တော့ ဒီ post ကို ဖတ်ဖြစ်အောင်ဖတ်ပါ။

မျောက်ရှုံးအောင် ကစားတဲ့ ကလေးတွေနဲ့ ကြုံဖူးမယ်ထင်ပါတယ်၊ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ဆူဆူ၊ ဘယ်လောက်ရိုက်ရိုက် ကစားမြဲ ကစားတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာ စိတ်ပါအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ ကို ဖော်ပြပေး လိုက်ပါတယ်နော်....။

Thursday, 01 November 2018 11:04

ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း

အချိန်သည်လည်း အကုန်မြန်၏။ လူတို့သည်လည်း အပြောင်းအလဲမြန်၏။ စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

၁. Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Page 1 of 12