Friday, 30 August 2019 15:36

"အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ"

UNICODE

အင်္ဂလိပ်စာကို လေ့လာနေသူတွေအတွက် ဖုန်းထဲကနေ အလွယ်တကူလေ့လာနိုင်မယ့် application လေးတွေကို ညွှန်းပေးချင်ပါတယ်။

Tuesday, 27 August 2019 17:01

အင်္ဂလိပ်စာ လေ့လာသူများ အင်္ဂလိပ်အသံထွက် အနိမ့်အမြင့် မှန်ကန်တိုးတက်အောင် ဘယ်လိုလုပ်မလဲ???

အသံအနိမ့်အမြင့်ဆိုတာ ဘာသာစကားလုံးရဲ့ အသံထွက်ပုံထွက်နည်းပုံစံပဲ ဖြစ်ပါတယ်။

Thursday, 22 August 2019 17:02

"တစ်ကိုယ်တည်း အင်္ဂလိပ် စကားပြော လေ့လာနိုင်တဲ့ နည်းလမ်း (၈) သွယ်"

<<< Unicode >>>

စာရေးတာ၊ ဖတ်တာ၊ နားထောင်တာ စတဲ့ စွမ်းရည်တွေ အားလုံးက တစ်ယောက်တည်း လေ့လာဖို့ လွယ်ကူပါတယ်။

Friday, 16 August 2019 16:11

"သင်တန်းမတက်ပဲ အလွယ်ကူဆုံး အင်္ဂလိပ်စာ လေ့လာနည်း"

ZAWGYI

အလုပ်တွေမအားလို့ ပဲဖြစ်ဖြစ်၊ ကျောင်းကမအားလို့ ပဲဖြစ်ဖြစ်၊ သင်တန်းတွေမတက်ချင်လို့ ပဲ ဖြစ်ဖြစ် 

Saturday, 29 June 2019 15:07

"အင်္ဂလိပ်စာတိုးတက်ဖို့ အရေးကြီးဆုံးအရာ"

အင်္ဂလိပ်စာကောင်းဖို့ဆိုတာ Self-Study အရမ်း အရေးကြီးပါတယ်။

တစ်ချို့အင်္ဂလိပ်စာသင်တဲ့ လူငယ်လေးတွေက အင်္ဂလိပ်စာတိုးတက်ချင်တယ် ပြောနေပေမယ့်လည်း သင်တန်းမှာပဲ လေ့လာတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။

တကယ် အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် Self-Study မလုပ်သ၍ ဘယ်တော့မှ အင်္ဂလိပ်စာ ကောင်းလာမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာ ကောင်းချင်တယ်လို့ အော်နေရုံနဲ့မပြီးပါဘူး။ ကိုယ်ဖြစ်ချင်တာအတွက် ကိုယ်တာဝန်ယူရဲရပါ့မယ်။

အရင်တုန်းက မရဖူးတဲ့အရာတွေကို လိုချင်ရင် အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရပါ့မယ်။

အရင်တုန်းက ညဘက် Facebook လေးဖွင့်လိုက်၊chatလိုက်၊ Game လေး ဆော့လိုက်နဲ့ဆိုရင်တော့

အင်္ဂလိပ်စာတိုးတက်လာမှာ မဟုတ်ပါဘူး။

အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ time table လေး တစ်ခုဆွဲပြီး အင်္ဂလိပ်စာကို လေ့လာကြပါ။

အင်္ဂလိပ်စာမှ မဟုတ်ပါဘူး ဘယ်ပညာမဆို ကိုယ်က လေးလေးစားစား လေ့လာမှ ကျွမ်းကျင်တာပါ။

အင်္ဂလိပ်စာကို စာလို့သဘောမထားပါနဲ့။ ဘ၀မှာ အောင်မြင်ချင်တဲ့ လူငယ်တိုင်းအတွက်
မရှိမဖြစ် လိုအပ်တဲ့အရာလို့ သဘောထားပါ။

ပြီးတော့ အင်္ဂလိပ်စာကို ၀န်ထုပ်ဝန်ပိုး လို့ သဘောမထားပါနဲ့။

တကယ်တော့ အင်္ဂလိပ်စာက လေ့လာရတာပျော်စရာကောင်းပါတယ်။ လေ့လာတတ်ဖို့ပဲလိုတာပါ။ စာအုပ်ကြီး အမြဲတမ်း ဖတ်နေမှ လေ့လာတာမဟုတ်ပါဘူး။

တစ်ခါတလေ Joke ကလေးတွေဖတ်၊ Short Story လွယ်လွယ်လေးတွေဖတ်၊ ရုပ်ရှင်ကြည့်ပြီး လေ့လာပါ။

ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲရှိလဲ စကားပြောလေ့ကျင့်ပါ။ သူများမြင်မှာဆိုးရင် ဖုန်းလေးကို နားမှာကပ်ပြီး တစ်ယောက်ထဲပြောတဲ့ နည်းကို သုံးပါ။

တကယ်တော့ ဘယ်အရာဖြစ်ဖြစ် ရူးရူးမူးမူးစွဲလမ်းမှ တိုးတက်တာပါ။ အဲလို ရူးရူးမူးမူးစွဲလမ်းတာကို မရှက်ပါနဲ့။

သင့်ကို ဘိုရူးဆိုပြီး ရယ်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ တစ်နေ့ကျရင် ဒီစာလုံးလေး ဘယ်လိုအသံထွက်လဲဟင်တို့ ငါမနက်ဖြန်အင်တာဗျူးရှိလို့ ငါ့ကို

အင်္ဂလိပ်စာလေး နည်းနည်းလောက် သင်ပေးပါလားတို့နဲ့ သင့်ကို လာအောက်ကျခံပါလိမ့်မယ်။

 

sayar.com.mm

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသောဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင် ရှာဖွေ ချင်ရင်တော့

ဤလင့်ခ် English ( Academics) ,  English ( Languages)   လေးတွေကို နှိပ် လိုက်ပါ။

 

Friday, 05 April 2019 18:30

အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုရှိရှိ ပြောနိုင်စေဖို့အတွက် နည်းလမ်းကောင်းများ

အခုချိန်မှာ ပြည်ပကုမ္ပဏီများ အများအပြားဝင်ရောက်လာသလို နိုင်ငံခြားသားများနှင့်လည်း တွဲဖက် အလုပ်လုပ်ရတာမျိုးတွေ ရှိလာပြီး အင်တာဗျူးတဲ့အခါမှာလည်း နိုင်ငံခြားသားများမှ တိုက်ရိုက်ဗျူးတာတွေလည်း ရှိပါတယ်။