Friday, 06 September 2019 15:43

"ရန္ကုန္ျမိဳ ့တြင္းမွ စာအုပ္အေဟာင္းဆိုင္မ်ား"

(၁) ၃၈ လမ္းထိပ္ ( Asia Plaza နံေဘး )

အသက္ ၆၀ ဝန္းက်င္ ဘိုးေတာ္ သုံးေယာက္ ေရာင္းပါတယ္။ ရွားပါးစာအုပ္ အေဟာင္းေတာ့ သိပ္မရွိပါဘူး။ တိုက္က် ေလးေတြ နဲ ့စာအုပ္အေဟာင္း အနာ ေလးေတြ။
အဂၤလိပ္စာအုပ္ ေလးေတြ။ Diegest အေဟာင္းေလးေတြ ေရာင္းပါတယ္။ ေစ်းကေတာ့ခ်ိဳ ပါတယ္။ ေစ်းလည္းသင့္ပါတယ္။

ဖြင့္ ခ်ိန္ကေတာ့ ညေန ႏွစ္နာရီ ေလာက္ကေန ေျခာက္ခြဲေလာက္အထိ ဖြင့္ ပါတယ္။ စာအုပ္မဝယ္ပဲနဲ ့လည္း
အဲ့ဘိုးေတာ္ေတြနဲ ့ အာလူးထိုင္ဖုတ္ေနလို ့ရပါတယ္။ လမ္းေဘးမွာ စာအုပ္ေရာင္းေနေပမယ့္ ဘိုးေတာ္ သုံးေယာက္စလုံးက ပညာတတ္ေတြၾကီးပါပဲ။ ခင္မင္ႏွစ္လို ဖြယ္ရာလည္း လြန္စြာေကာင္းပါတယ္။

 

(၂) ၃၇ လမ္း ( တစ္ေလ်ွာက္ )

၃၇ လမ္းထဲမွာ စုစုေပါင္း စာအုပ္အေဟာင္းဆိုင္ ခုႏွစ္ဆိုင္ရွစ္ဆိုင္ရွိပါတယ္။ အေနာ္ရထာ လမ္းဘက္ကေန စဝင္သြားရင္ ပထမ ဦးဆုံးေတြ ့ရမွာကေတာ့ အျမင္သစ္စာအုပ္ဆိုင္ပဲျဖစ္ပါတယ္။

ျပီးတာနဲ ့ဗႏၶဳလ လမ္းကို ျဖတ္ျပီး တည့္တည့္ ဆက္ဆင္းသြားရင္ ပုဂံစာအုပ္ဆိုင္ကိုေတြ ့ရမွာျဖစ္ပါတယ္။ ျပီးတာနဲ ့အုန္းေစာ စာအုပ္ဆိုင္ပါပဲ။ သူ ့နံေဘးမွာ ေအာင္သူ စာအုပ္ဆိုင္ပါ။

သူ နံေဘးမွာေတာ့ ထီးမိုးျပီးေရာင္းေနတဲ့ကိုေနမန္းစာေပကိုေတြ ့ရပါလိမ့္မယ္။ ကိုေနမန္းဆိုင္ကေတာ့ အေဟာင္းမေရာင္းပါဘူး ။ အသစ္ေတြေရာင္းတာပါ။

ျပီးတာနဲ ့ဆက္သြားရင္ လမ္းေဘးမွာ ထီးေတြ မိုးျပီးေတာ့ ေရာင္းေနတဲ့ ဆိုင္ေတြ ့ကို ေတြ ့ရမွာပဲျဖစ္ပါတယ္။ ေအာင္ေအာင္ ။ ဖက္တီး။ ဦးတင္ျမင့္။ ဦးေက်ာ္ဝင္း။

ရခိုင္ ။ အပိန္မ ။ မိေပါက္ စသျဖင့္ အေဟာင္းေတြကိုေရာင္းခ်ေနတဲ့သူေတြရဲ့ နာမည္ေတြပါ။ စာအုပ္သမားေတြ။ စာေရးဆရာေတြ ဆုံေနရာ ဗဟိုခ်က္မ လို ျဖစ္ေနတဲ့ ၃၇ လမ္း ဟာ တနည္းအားျဖင့္ ေလထန္ကုန္းပါပဲ။

Read More >>> "စာဖတ္ျပီး ဘာလို႔ မတုိးတက္တာလဲ"

 

(၃) ပန္းဆိုးတန္း ( လမ္းမတစ္ေလ်ွာက္ )

ပန္းဆိုးတန္းလမ္းမ တစ္ေလ်ွာက္မွာ ျမင္ေတြ ့ရမယ္ဆိုင္မ်ားကေတာ့ ဗႏၶလ ဘက္ကေန တည့္တည့္ဆက္သြားရင္။ ကနဦး အရင္ဆုံးေတြ ရမယ့္ဆိုင္ကေတာ့ အုန္းေစာ
စာေပ ၂ ပါပဲ။ ေစ်းကေတာ့ အျပင္မွာ ႏွစ္ေထာင္ေပါက္ရင္ သူ ့ဆီမွာ ေလးေထာင္ပါပဲ :၃ အဲ့သလိုကုို ေစ်းခ်ိဳတာပါ။ ဆက္သြားရင္ ေကာင္ေလးႏွစ္ေကာင္ေရာင္းေနတဲ့ ဆိုင္ကိုေတြ ့ရပါလိမ့္မယ္။

အဂၤလိပ္စာအုပ္အေဟာင္းေတြ ကပိုမ်ားပါတယ္။ ခက္တာက သူ တို ဆီက စာအုပ္ေတြက အနာေတြမ်ားပါတယ္။ ဆက္သြားရင္ ကိုဖိုးေဇာ္ စာအုပ္ဆိုင္ကိုေတြ ့ပါလိမ့္မယ္။

ပန္းဆိုးတန္းမွာ သက္တမ္းရွည္ၾကာစြာ စာအုပ္ေရာင္းေနတဲ့ ကိုဖိုးေဇာ္ ဆိုင္ကေတာ့ ေစ်းခ်ိဳပါတယ္။ ေပါက္ေစ်းထက္ မပိုပါဘူး။

ဆက္သြားရင္ ကိုဖိုးေဇာ္ ဆိုင္နံေဘးမွာပဲ ကိုပိုင္ စာအုပ္ဆိုင္ကိုေတြ ့ရပါလိမ့္မယ္။ သူကေတာ့ သူ ့ကတတ္ နဲ ့သူ ေခၚေရာင္းတာမ်ားပါတယ္။ အျပင္မွာကေတာ့ ခပ္ေပါေပါစာအုပ္ေတြကိုပဲ တင္ထားတတ္ပါတယ္။

ဆက္သြားရင္ ကိုျမင့္ေအာင္ စာအုပ္ဆိုင္ကိုေတြ ့ရပါလိမ့္မယ္ ။ အဂၤလိပ္စာအုပ္ ေတြ အေတာ္စုံပါတယ္။ ျမန္မာစာအုပ္လည္း သူ ့လိုင္းနဲ ့သူ ပုံျပီးေတာ့ ခ်ေရာင္းထားပါတယ္။ သူ ့လိုင္းနဲ ့သူဆိုတာ တစ္ေထာင္ပုံ ။ႏွစ္ေထာင္ပုံ။ ငါးရာပုံ

စသျဖင့္ကိုေျပာတာပါ။ ဆက္သြားရင္ ကိုျမင့္ေအာင္ ဆိုင္နဲ ့ကပ္လ်က္ လမ္းေဘးမွာပဲ ခ်ေရာင္းေနတဲ့ အရုပ္စာအုပ္ဆိုင္ကိုေတြ ့ပါလိမ့္မယ္။

စာအုပ္ေကာင္း ေတာ့မရွိပါ။ အပုံလိုင္းကိုပဲ အဓိကထားေရာင္းပါတယ္။ အပုံလိုင္းဆိုင္တာ တစ္ေထာင္ဖိုးသုံးအုပ္။ တစ္အုပ္ငါးရာ စတာေတြ ကိုေျပာတာပါ။

 

( ၄ ) ၃၅လမ္းထိပ္ ( ဗိုလ္ခ်ဳပ္လမ္းမတစ္ေလ်ွာက္ )

၃၅လမ္းထိပ္မွာ အပုံလိုင္းေတြ ကို အဓိကထားေရာင္းတဲ့
သူေတြ မ်ားပါတယ္။ ေနာက္ျပီး။ သတင္းစာ ဂ်ာနယ္ အေဟာင္းေတြကိုလည္း ေရာင္းပါတယ္။ စာအုပ္ေကာင္းလိုခ်င္ရင္ေတာ့ မသြားပါနဲ ့။ စာအုပ္ေကာင္းကို ခ်မေရာင္းပါဘူး။

သူ ့အဆက္နဲ ့သူပဲ ေခၚေရာင္းတာမ်ားပါတယ္။
ေရာင္းေနတာကေတာ့ အဲ့နားမွာတင္ သုံးေလးဦးရွိပါတယ္။ အားလုံးက ေမာင္ညိဳမိုွူင္း။ မင္းျမတ္သူရ ။ လြန္းထားထား စတာေတြကို ေရာင္းေနတာခ်ည္းပါပဲ။

သူ တိုအေနနဲ ့ အဲ့ေနရာမွာ အဲ့လိုစာအုပ္ေတြကိုေရာင္းတာ သဘာဝက်ပါတယ္။ ဘာလို ့လည္းဆို ေသာက္ေပါက္ ကားေတြကို လာၾကည့္တဲ့ က်ပ္မျပည့္တဲ့ ေစာက္ရူးမွန္သမ်ွက သြင္မွာ ေစာက္ေပါက္ကားဝင္ၾကည့္ျပီးတာနဲ့ လြန္းထားထား ။

ပုညခင္။ လမင္းမိုမို တို ့ရဲ့စာအုပ္ေတြကို အမ်ားၾကီးဝယ္သြားတတ္တာ ျမင္ ေတြ ့ဖူးလို ့ပါ။ အဲ့ေတာ့ သူ ေန ရာနဲ ့သူ ေရာင္းတာ သဘာဝက်ပါတယ္။ Key ကိုက္ပါတယ္။ အဲ့ေဘးလမ္း ၃၅ လမ္းဆိုတာကလည္း ျမန္မာျပည္သူေတြ ၾကည့္ရွူ ဖို ့အတြက္ ေစာက္တလြဲ ဇတ္ကားေတြ ထုတ္ေဝေနတဲ့ ဗီဒီယိုရုပ္ရွင္ ထုတ္ေဝေရးတိုက္ေတြ ရွိတဲ့ ေနရာပဲမဟုတ္လား။

အဲ့ေတာ့ ေစာက္တလြဲရွိတဲ့ ေနရာမွာ ေစာက္တလြဲေတြေရာင္းတာ ဒိ႒ဓမၼ သိပ္က်တာပဲေလ :၃

Read More >>> "၂၁ ရာစု စာဖတ္နည္း"

 

( ၅ ) ၃၁ လမ္း ( အေပၚဘေလာက္ )

လမ္းထဲကိုဝင္သြားတာနဲ ့အပုံလိုင္းေတြ လမ္းေဘးမွာ တာလပတ္ မိုးျပီးခ်ေရာင္းေနတဲ့ သူေတြ ကိုေတြ ့ရပါလိမ့္မယ္။ စာအုပ္ေကာင္းေတာ့မရတာမ်ားပါတယ္။

ကာတြန္းရုပ္ျပနဲ ့တာရာမင္းေဝ ။ မင္းခိုက္စိုးစန္။ လူေန။ သိုးေဆာင္း။ တြြတ္ပီ စတာေတြ ေလာက္ပဲ ေပါပါတယ္။ ေစ်းကေတာ့ တာရာမင္းေဝဆို ေထာင့္ငါးရာ တြတ္ပီ ဆို ရွစ္ရာတစ္ေထာင္ အဲ့ေလာက္ပါပဲ။ ဒါ့အျပင့္ တခ်ိဳ ့ဆိုင္ေတြမွာ တစ္ခါတစ္ေလ မဂၢဇငိးအေဟာင္းနဲ ့ေရႊေသြး တြဲျပဳတ္ေတြကိုလည္း ေတြ ့ရတတ္ပါတယ္။ အျမဲဝင္ထြက္သြားလာ ေစာင့္ၾကည့္ေနရင္ေတာ့ စာအုပ္ေကာင္းရပါတယ္။

လမ္းၾကဳံလို ဝင္ရုံသက္သက္နဲ ့ေတာ့ မရႏိုင္ပါဘူး

 

( ၆ ) သမိုင္း ( ဘုရားလမ္း & လမ္းဆုံ )

သမိုင္းမွာ အေဟာင္းေရာင္းတာ ႏွစ္ ေနရာရာရွိပါတယ္။
ႏွစ္ေနရာမွာ ေရာင္းတာကေတာ့ သုံးဦးပါပဲ။
တစ္ေနရာကေတာ့ ဘုရားလမ္းဆုံပါပဲ။ ဘုန္းၾကီးေက်ာင္းေရွ ့ကားမွတ္တိုင္တည့္တည့္ မွာ တာလပတ္မိုးျပီးေႊာင္းတာပါ။ နာမည္ကေတာ့ ေက်ာ္ရွိန္ပါ။ ဆံပင္အရွည္နဲ ့ဘိုးေတာ္ပါ။

စာအုပ္ေကာင္းလိုခ်င္ရင္ေတာ့ ဖုန္းနံပ့တ္ေပးျပီးေတာ့မွာ ထားခဲ့လို ရပါတယ္။ ေစ်းကေတာ့ တန္ပါတယ္။

စကားေတာ့ အလြန္မ်ားပါတယ္။ သူ ေျပာသမ်ွ ဆုံးေအာင္နားေထာင္ေနရင္ အနည္းဆုံး ေလးငါးနာရီၾကာပါတယ္။ ဆိုင္ဖြင့္ခ်ိန္ကေတာ့ မနက္ကိုးနာရီေလာက္ကေန ညေန ငါးခြဲေလာက္အထိ ဖြင့္ပါတယ္။ ေနာက္တစ္ေနရာကေတာ့ လမ္းဆုံတည့္တည့္မွာဖြင့္တဲ့ ကိုေက်ာ္ညႊန္ ့ပါပဲ။ ညေန ငါးခြဲေလာက္ကေန ညကိုးနာရီ ဆယ္နာရီေလာက္အထိ ဖြင့္ပါတယ္။ စာအုပ္ကေတာ့ တိုက္က်မ်ားပါတယ္။

အေဟာင္းရွားပါးလည္း ရတတ္ပါတယ္။ စာအုပ္ေကာင္းလိုခ်င္ရင္ ဖုန္းနံပါတ္ေပးျပီးမွာထားခဲ့လို ့ရပါတယ္။ ညဘက္မွ ဖြင့္တဲ့အတြက္ လမ္းမီးတိုင္ေအာက္မွာ လက္ဖက္ရည္ေသာက္ရင္းစကားေျပာရင္းစာအုပ္ဝယ္ရတာလည္း အရသာတစ္မ်ိဳးပါပဲ။ ေစ်းကေတာ့ သင့္ပါတယ္။ စာအုပ္အေဟာင္းလည္း ေပါက္ေစ်းပါပဲ။

ပိုမေတာင္းပါဘူး။ ခုေနာက္ပိုင္းေတာ့ စာအုပ္အေဟာင္းရွာမရလို ့ဆိုျပီး စာအုပ္အသစ္ေတြ တိုက္ကေန ယူေရာင္းေနတာ ေတြ ့ရပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ သူ ့အေရွ ့နားေလးမွာ ဖြင့္ထားတဲ့ ကိုတရုတ္ပါပဲ။ အသားျဖဴ ျဖဴ ေလးနဲ ့ပါ။ စာအုပ္ေကာင္းေတာ့မရွိပါဘူး။ စက္ဘီးေလးနဲ ့စာအုပိထုတ္ေလးေတြတင္ျပီး ညေနေစာင္းရင္ လာဖြင့္ျပီး ညကိုးနာရီေလာက္ဆို ျပန္သိမ္းသြားပါတယ္။

အဂၤလိပ္စာအုပ္ေလး ဆယ့္ေလးငါးအုပ္။ တျခား ဘာသာေရးစာအုပ္ေလး ဆယ္ေးငါးအုပ္ နဲ ့။ တျခားေသာင္းေျပာင္းေထြ လာ စာအုပ္ေလး အုပ္ေလးငါးဆယ္ေလာက္နဲ ့ပဲ တစ္ပိုင္တစ္နိုင္ လာေရာင္းပါတယ္။ ေစ်းကေတာ့ ခ်ိဳ ပါတယ္။ လမ္းၾကဳံတဲ့အခါ ဝင္ဝယ္ၾကည့္ဖို ့တိုက္တြန္းပါရေစ။ က်ေနာ္ကေတာ့ တစ္ပတ္ ႏွစ္ေခါက္ေလာက္ ပုံမွန္ေရာက္ျဖစ္ပါတယ္။

စာအုပ္မဝယ္လည္း စကားသြားေျပာရင္း ရုံးဆင္းခ်ိန္တိုင္း လမ္းေလၽွာက္သြားတတ္ပါတယ္။

Read More >>> "အေမရိကန္ မီလ်ံနာေတြဖတ္ေလ့ရွိတဲ့ စာအုပ္အမ်ိဳးစားမ်ား"

 

( ၇ ) Book Plaza ( ပြၾကီးစာေပ )

ေနရာကေတာ့ ငါးလႊာသံေစ်းပါပဲ။ စာအုပ္အေဟာင္းအေတာ္မ်ားပါတယ္။ မဂၢဇင္း။ ရုပ္ျပ။ ဝတၱဳ ။ အဂၤလိပ္။ စသျဖင့္ အေဟာင္းမွန္သမ်ွ အေတာ္ေလးစုံပါတယ္။

သူ ့ဆိုင္မွာမရတာဆို လုိ ့မိန္းမ အေဟာင္းပဲရွိပါတယ္။ သူ ကိုယ္တိုင္လည္း မိန္းမ အေဟာင္းမစုပါဘူး။ စတာပါ ေစ်းကေတာ့ လူခ်င္းမရင္းႏွီးရင္ အေတာ္ေလးတီးပါတယ္။ ရင္းႏွီးသြားရင္ ေကာ္ဖီလည္းတိုက္ စာအုပ္လည္းဟအလကားေပး တတ္ပါတယ္။

ရုပ္ေခ်ာတဲ့သူေတြဆို မရင္းႏွီးလည္း ေစ်းေလ်ွာ့ပါတယ္။ ရုပ္ဆိုးပန္းဆိုး ဆိုရင္ ေစ်းပို ေတာင္းတတ္ပါတယ္။

 

(၈) လသာ ( အေဟာင္းဆိုင္ )

တည္ေနရာကေတာ့ စာအုပ္ပလာဇာကိုသြားရာ
၁၇ လမ္းနဲ့ ၁၈ လမ္းၾကားမွာရွိပါတယ္။
အေနာ္ရထာလမ္းမၾကီးေပၚမွာ ပါ။
ေရာင္းတဲ့သူက ကတုံးအဘိုးၾကီးပါ ။
လမ္းေဘးမွာခ်ေရာင္းသူဆိုေတာ့ ဖြင့္တစ္ခ်က္
မဖြင့္တစ္ခ်င္ပါပဲ ။ သူ့ဆီကလည္း ရွားပါးစာအုပ္
အေကာင္းေလးေတြ တစ္ခါတစ္ေလရတတ္ပါတယ္။

Read More >>> "အားလပ္ခ်ိန္မွာ စာဖတ္ျခင္းျဖင့္ ရရွိႏိုင္မည့္ အက်ိဳးေက်းဇူးမ်ား"

Ps :
တျခား အေဟာင္းဆိုင္မ်ား က်န္ခဲ့ပါအုံးမည္။
သိသူမ်ား ဝယ္ဖူးသူမ်ား သြားဖူးလာဖူးသူမ်ား
လမ္းၾကံ၍ အပန္းမၾကီးလ်ွင္ ေျပာေပးခဲ့ေစခ်င္သည္။

 

>>> Unicode ဖြင့်ဖတ်ရန် <<<

 

(၁) ၃၈ လမ်းထိပ် ( Asia Plaza နံဘေး )

အသက် ၆၀ ဝန်းကျင် ဘိုးတော် သုံးယောက် ရောင်းပါတယ်။ ရှားပါးစာအုပ် အဟောင်းတော့ သိပ်မရှိပါဘူး။ တိုက်ကျ လေးတွေ နဲ့စာအုပ်အဟောင်း အနာ လေးတွေ။
အင်္ဂလိပ်စာအုပ် လေးတွေ။ Diegest အဟောင်းလေးတွေ ရောင်းပါတယ်။ ဈေးကတော့ချို ပါတယ်။ ဈေးလည်းသင့်ပါတယ်။

ဖွင့် ချိန်ကတော့ ညနေ နှစ်နာရီ လောက်ကနေ ခြောက်ခွဲလောက်အထိ ဖွင့် ပါတယ်။ စာအုပ်မဝယ်ပဲနဲ့လည်း
အဲ့ဘိုးတော်တွေနဲ့ အာလူးထိုင်ဖုတ်နေလို့ရပါတယ်။ လမ်းဘေးမှာ စာအုပ်ရောင်းနေပေမယ့် ဘိုးတော် သုံးယောက်စလုံးက ပညာတတ်တွေကြီးပါပဲ။ ခင်မင်နှစ်လို ဖွယ်ရာလည်း လွန်စွာကောင်းပါတယ်။

 

(၂) ၃၇ လမ်း ( တစ်လျှောက် )

၃၇ လမ်းထဲမှာ စုစုပေါင်း စာအုပ်အဟောင်းဆိုင် ခုနှစ်ဆိုင်ရှစ်ဆိုင်ရှိပါတယ်။ အနော်ရထာ လမ်းဘက်ကနေ စဝင်သွားရင် ပထမ ဦးဆုံးတွေ့ရမှာကတော့ အမြင်သစ်စာအုပ်ဆိုင်ပဲဖြစ်ပါတယ်။

ပြီးတာနဲ့ဗန္ဓုလ လမ်းကို ဖြတ်ပြီး တည့်တည့် ဆက်ဆင်းသွားရင် ပုဂံစာအုပ်ဆိုင်ကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့အုန်းစော စာအုပ်ဆိုင်ပါပဲ။ သူ့နံဘေးမှာ အောင်သူ စာအုပ်ဆိုင်ပါ။

သူ နံဘေးမှာတော့ ထီးမိုးပြီးရောင်းနေတဲ့ကိုနေမန်းစာပေကိုတွေ့ရပါလိမ့်မယ်။ ကိုနေမန်းဆိုင်ကတော့ အဟောင်းမရောင်းပါဘူး ။ အသစ်တွေရောင်းတာပါ။

ပြီးတာနဲ့ဆက်သွားရင် လမ်းဘေးမှာ ထီးတွေ မိုးပြီးတော့ ရောင်းနေတဲ့ ဆိုင်တွေ့ကို တွေ့ရမှာပဲဖြစ်ပါတယ်။ အောင်အောင် ။ ဖက်တီး။ ဦးတင်မြင့်။ ဦးကျော်ဝင်း။

ရခိုင် ။ အပိန်မ ။ မိပေါက် စသဖြင့် အဟောင်းတွေကိုရောင်းချနေတဲ့သူတွေရဲ့ နာမည်တွေပါ။ စာအုပ်သမားတွေ။ စာရေးဆရာတွေ ဆုံနေရာ ဗဟိုချက်မ လို ဖြစ်နေတဲ့ ၃၇ လမ်း ဟာ တနည်းအားဖြင့် လေထန်ကုန်းပါပဲ။

Read More >>> "စာဖတ်ပြီး ဘာလို့ မတိုးတက်တာလဲ"

 

(၃) ပန်းဆိုးတန်း ( လမ်းမတစ်လျှောက် )

ပန်းဆိုးတန်းလမ်းမ တစ်လျှောက်မှာ မြင်တွေ့ရမယ်ဆိုင်များကတော့ ဗန္ဓလ ဘက်ကနေ တည့်တည့်ဆက်သွားရင်။ ကနဦး အရင်ဆုံးတွေ ရမယ့်ဆိုင်ကတော့ အုန်းစော
စာပေ ၂ ပါပဲ။ ဈေးကတော့ အပြင်မှာ နှစ်ထောင်ပေါက်ရင် သူ့ဆီမှာ လေးထောင်ပါပဲ :၃ အဲ့သလိုကို ဈေးချိုတာပါ။ ဆက်သွားရင် ကောင်လေးနှစ်ကောင်ရောင်းနေတဲ့ ဆိုင်ကိုတွေ့ရပါလိမ့်မယ်။

အင်္ဂလိပ်စာအုပ်အဟောင်းတွေ ကပိုများပါတယ်။ ခက်တာက သူ တို ဆီက စာအုပ်တွေက အနာတွေများပါတယ်။ ဆက်သွားရင် ကိုဖိုးဇော် စာအုပ်ဆိုင်ကိုတွေ့ပါလိမ့်မယ်။

ပန်းဆိုးတန်းမှာ သက်တမ်းရှည်ကြာစွာ စာအုပ်ရောင်းနေတဲ့ ကိုဖိုးဇော် ဆိုင်ကတော့ ဈေးချိုပါတယ်။ ပေါက်ဈေးထက် မပိုပါဘူး။

ဆက်သွားရင် ကိုဖိုးဇော် ဆိုင်နံဘေးမှာပဲ ကိုပိုင် စာအုပ်ဆိုင်ကိုတွေ့ရပါလိမ့်မယ်။ သူကတော့ သူ့ကတတ် နဲ့သူ ခေါ်ရောင်းတာများပါတယ်။ အပြင်မှာကတော့ ခပ်ပေါပေါစာအုပ်တွေကိုပဲ တင်ထားတတ်ပါတယ်။

ဆက်သွားရင် ကိုမြင့်အောင် စာအုပ်ဆိုင်ကိုတွေ့ရပါလိမ့်မယ် ။ အင်္ဂလိပ်စာအုပ် တွေ အတော်စုံပါတယ်။ မြန်မာစာအုပ်လည်း သူ့လိုင်းနဲ့သူ ပုံပြီးတော့ ချရောင်းထားပါတယ်။ သူ့လိုင်းနဲ့သူဆိုတာ တစ်ထောင်ပုံ ။နှစ်ထောင်ပုံ။ ငါးရာပုံ

စသဖြင့်ကိုပြောတာပါ။ ဆက်သွားရင် ကိုမြင့်အောင် ဆိုင်နဲ့ကပ်လျက် လမ်းဘေးမှာပဲ ချရောင်းနေတဲ့ အရုပ်စာအုပ်ဆိုင်ကိုတွေ့ပါလိမ့်မယ်။

စာအုပ်ကောင်း တော့မရှိပါ။ အပုံလိုင်းကိုပဲ အဓိကထားရောင်းပါတယ်။ အပုံလိုင်းဆိုင်တာ တစ်ထောင်ဖိုးသုံးအုပ်။ တစ်အုပ်ငါးရာ စတာတွေ ကိုပြောတာပါ။

 

( ၄ ) ၃၅လမ်းထိပ် ( ဗိုလ်ချုပ်လမ်းမတစ်လျှောက် )

၃၅လမ်းထိပ်မှာ အပုံလိုင်းတွေ ကို အဓိကထားရောင်းတဲ့
သူတွေ များပါတယ်။ နောက်ပြီး။ သတင်းစာ ဂျာနယ် အဟောင်းတွေကိုလည်း ရောင်းပါတယ်။ စာအုပ်ကောင်းလိုချင်ရင်တော့ မသွားပါနဲ့။ စာအုပ်ကောင်းကို ချမရောင်းပါဘူး။

သူ့အဆက်နဲ့သူပဲ ခေါ်ရောင်းတာများပါတယ်။
ရောင်းနေတာကတော့ အဲ့နားမှာတင် သုံးလေးဦးရှိပါတယ်။ အားလုံးက မောင်ညိုမိုှူင်း။ မင်းမြတ်သူရ ။ လွန်းထားထား စတာတွေကို ရောင်းနေတာချည်းပါပဲ။

သူ တိုအနေနဲ့ အဲ့နေရာမှာ အဲ့လိုစာအုပ်တွေကိုရောင်းတာ သဘာဝကျပါတယ်။ ဘာလို့လည်းဆို သောက်ပေါက် ကားတွေကို လာကြည့်တဲ့ ကျပ်မပြည့်တဲ့ စောက်ရူးမှန်သမျှက သွင်မှာ စောက်ပေါက်ကားဝင်ကြည့်ပြီးတာနဲ့ လွန်းထားထား ။

ပုညခင်။ လမင်းမိုမို တို့ရဲ့စာအုပ်တွေကို အများကြီးဝယ်သွားတတ်တာ မြင် တွေ့ဖူးလို့ပါ။ အဲ့တော့ သူ နေ ရာနဲ့သူ ရောင်းတာ သဘာဝကျပါတယ်။ Key ကိုက်ပါတယ်။ အဲ့ဘေးလမ်း ၃၅ လမ်းဆိုတာကလည်း မြန်မာပြည်သူတွေ ကြည့်ရှူ ဖို့အတွက် စောက်တလွဲ ဇတ်ကားတွေ ထုတ်ဝေနေတဲ့ ဗီဒီယိုရုပ်ရှင် ထုတ်ဝေရေးတိုက်တွေ ရှိတဲ့ နေရာပဲမဟုတ်လား။

အဲ့တော့ စောက်တလွဲရှိတဲ့ နေရာမှာ စောက်တလွဲတွေရောင်းတာ ဒိဋ္ဌဓမ္မ သိပ်ကျတာပဲလေ :၃

Read More >>> "၂၁ ရာစု စာဖတ်နည်း"

 

( ၅ ) ၃၁ လမ်း ( အပေါ်ဘလောက် )

လမ်းထဲကိုဝင်သွားတာနဲ့အပုံလိုင်းတွေ လမ်းဘေးမှာ တာလပတ် မိုးပြီးချရောင်းနေတဲ့ သူတွေ ကိုတွေ့ရပါလိမ့်မယ်။ စာအုပ်ကောင်းတော့မရတာများပါတယ်။

ကာတွန်းရုပ်ပြနဲ့တာရာမင်းဝေ ။ မင်းခိုက်စိုးစန်။ လူနေ။ သိုးဆောင်း။ တွတ်ပီ စတာတွေ လောက်ပဲ ပေါပါတယ်။ ဈေးကတော့ တာရာမင်းဝေဆို ထောင့်ငါးရာ တွတ်ပီ ဆို ရှစ်ရာတစ်ထောင် အဲ့လောက်ပါပဲ။ ဒါ့အပြင့် တချို့ဆိုင်တွေမှာ တစ်ခါတစ်လေ မဂ္ဂဇငိးအဟောင်းနဲ့ရွှေသွေး တွဲပြုတ်တွေကိုလည်း တွေ့ရတတ်ပါတယ်။ အမြဲဝင်ထွက်သွားလာ စောင့်ကြည့်နေရင်တော့ စာအုပ်ကောင်းရပါတယ်။

လမ်းကြုံလို ဝင်ရုံသက်သက်နဲ့တော့ မရနိုင်ပါဘူး။

 

( ၆ ) သမိုင်း ( ဘုရားလမ်း & လမ်းဆုံ )

သမိုင်းမှာ အဟောင်းရောင်းတာ နှစ် နေရာရာရှိပါတယ်။
နှစ်နေရာမှာ ရောင်းတာကတော့ သုံးဦးပါပဲ။
တစ်နေရာကတော့ ဘုရားလမ်းဆုံပါပဲ။ ဘုန်းကြီးကျောင်းရှေ့ကားမှတ်တိုင်တည့်တည့် မှာ တာလပတ်မိုးပြီးေွှာင်းတာပါ။ နာမည်ကတော့ ကျော်ရှိန်ပါ။ ဆံပင်အရှည်နဲ့ဘိုးတော်ပါ။

စာအုပ်ကောင်းလိုချင်ရင်တော့ ဖုန်းနံပ့တ်ပေးပြီးတော့မှာ ထားခဲ့လို ရပါတယ်။ ဈေးကတော့ တန်ပါတယ်။

စကားတော့ အလွန်များပါတယ်။ သူ ပြောသမျှ ဆုံးအောင်နားထောင်နေရင် အနည်းဆုံး လေးငါးနာရီကြာပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်ကိုးနာရီလောက်ကနေ ညနေ ငါးခွဲလောက်အထိ ဖွင့်ပါတယ်။ နောက်တစ်နေရာကတော့ လမ်းဆုံတည့်တည့်မှာဖွင့်တဲ့ ကိုကျော်ညွှန့်ပါပဲ။ ညနေ ငါးခွဲလောက်ကနေ ညကိုးနာရီ ဆယ်နာရီလောက်အထိ ဖွင့်ပါတယ်။ စာအုပ်ကတော့ တိုက်ကျများပါတယ်။

အဟောင်းရှားပါးလည်း ရတတ်ပါတယ်။ စာအုပ်ကောင်းလိုချင်ရင် ဖုန်းနံပါတ်ပေးပြီးမှာထားခဲ့လို့ရပါတယ်။ ညဘက်မှ ဖွင့်တဲ့အတွက် လမ်းမီးတိုင်အောက်မှာ လက်ဖက်ရည်သောက်ရင်းစကားပြောရင်းစာအုပ်ဝယ်ရတာလည်း အရသာတစ်မျိုးပါပဲ။ ဈေးကတော့ သင့်ပါတယ်။ စာအုပ်အဟောင်းလည်း ပေါက်ဈေးပါပဲ။

ပိုမတောင်းပါဘူး။ ခုနောက်ပိုင်းတော့ စာအုပ်အဟောင်းရှာမရလို့ဆိုပြီး စာအုပ်အသစ်တွေ တိုက်ကနေ ယူရောင်းနေတာ တွေ့ရပါတယ်။ နောက်တစ်ယောက်ကတော့ သူ့အရှေ့နားလေးမှာ ဖွင့်ထားတဲ့ ကိုတရုတ်ပါပဲ။ အသားဖြူ ဖြူ လေးနဲ့ပါ။ စာအုပ်ကောင်းတော့မရှိပါဘူး။ စက်ဘီးလေးနဲ့စာအုပိထုတ်လေးတွေတင်ပြီး ညနေစောင်းရင် လာဖွင့်ပြီး ညကိုးနာရီလောက်ဆို ပြန်သိမ်းသွားပါတယ်။

အင်္ဂလိပ်စာအုပ်လေး ဆယ့်လေးငါးအုပ်။ တခြား ဘာသာရေးစာအုပ်လေး ဆယ်ေးငါးအုပ် နဲ့။ တခြားသောင်းပြောင်းထွေ လာ စာအုပ်လေး အုပ်လေးငါးဆယ်လောက်နဲ့ပဲ တစ်ပိုင်တစ်နိုင် လာရောင်းပါတယ်။ ဈေးကတော့ ချို ပါတယ်။ လမ်းကြုံတဲ့အခါ ဝင်ဝယ်ကြည့်ဖို့တိုက်တွန်းပါရစေ။ ကျနော်ကတော့ တစ်ပတ် နှစ်ခေါက်လောက် ပုံမှန်ရောက်ဖြစ်ပါတယ်။

စာအုပ်မဝယ်လည်း စကားသွားပြောရင်း ရုံးဆင်းချိန်တိုင်း လမ်းလျှောက်သွားတတ်ပါတယ်။

Read More >>> "အမေရိကန် မီလျံနာတွေဖတ်လေ့ရှိတဲ့ စာအုပ်အမျိုးစားများ"


( ၇ ) Book Plaza ( ပွကြီးစာပေ )

နေရာကတော့ ငါးလွှာသံဈေးပါပဲ။ စာအုပ်အဟောင်းအတော်များပါတယ်။ မဂ္ဂဇင်း။ ရုပ်ပြ။ ဝတ္တု ။ အင်္ဂလိပ်။ စသဖြင့် အဟောင်းမှန်သမျှ အတော်လေးစုံပါတယ်။

သူ့ဆိုင်မှာမရတာဆို လို့မိန်းမ အဟောင်းပဲရှိပါတယ်။ သူ ကိုယ်တိုင်လည်း မိန်းမ အဟောင်းမစုပါဘူး။ စတာပါ ဈေးကတော့ လူချင်းမရင်းနှီးရင် အတော်လေးတီးပါတယ်။ ရင်းနှီးသွားရင် ကော်ဖီလည်းတိုက် စာအုပ်လည်းဟအလကားပေး တတ်ပါတယ်။

ရုပ်ချောတဲ့သူတွေဆို မရင်းနှီးလည်း ဈေးလျှော့ပါတယ်။ ရုပ်ဆိုးပန်းဆိုး ဆိုရင် ဈေးပို တောင်းတတ်ပါတယ်။

 

(၈)လသာ ( အဟောင်းဆိုင် )

တည်နေရာကတော့ စာအုပ်ပလာဇာကိုသွားရာ
၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာရှိပါတယ်။
အနော်ရထာလမ်းမကြီးပေါ်မှာ ပါ။
ရောင်းတဲ့သူက ကတုံးအဘိုးကြီးပါ ။
လမ်းဘေးမှာချရောင်းသူဆိုတော့ ဖွင့်တစ်ချက်
မဖွင့်တစ်ချင်ပါပဲ ။ သူ့ဆီကလည်း ရှားပါးစာအုပ်
အကောင်းလေးတွေ တစ်ခါတစ်လေရတတ်ပါတယ်။

Read more >>> "အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ"

Ps :
တခြား အဟောင်းဆိုင်များ ကျန်ခဲ့ပါအုံးမည်။
သိသူများ ဝယ်ဖူးသူများ သွားဖူးလာဖူးသူများ
လမ်းကြံ၍ အပန်းမကြီးလျှင် ပြောပေးခဲ့စေချင်သည်။

 

 

စာအုပ္ဇာတ္လမ္းမ်ား စုစည္းမႈ႕ (ကြိဳင္)

sayar.com.mm