Tuesday, 06 October 2020 11:37
အောင်မြင်မှုအတွက် သော့ချက်(၉)ချက်
9 Tips for More Success
အောင်မြင်မှုအတွက် သော့ချက်(၉)ချက်
- Why is one man successful and another man is not? (လူတစ်ယောက်က အောင်မြင်ပြီး အခြားတစ်ယောက်က ဘာကြောင့်မအောင်မြင်တာလဲ?
- Maybe one is in luck, and another out. (တစ်ယောက်က ကံကောင်းပြီး ကျန်းတစ်ယောက်က ကံမလိုက်တာ ဖြစ်ချင်ဖြစ်မယ်)
- Is that the only reason? (အဲဒါဟာ အကြောင်းအရင်းတစ်ခုပဲလား)
- We can’t say that, we cannot blame only luck for our failure. (အဲဒီလိုလဲ မပြောနိုင်ဘူး၊ ဆုံးရှုံးရတာကို ကံစ်ခုထဲကြောင့်ရယ်လို့ အပြစ်ပြောလို့မရဘူး)
- If it is not due to luck, would you say that unsuccessful people don’t work hard enough? (ကံကြောင့်မဟုတ်ရင်၊ မအောင်မြင်တဲ့သူတွေဟာ လိုအပ်သလောက် အလုပ်မလုပ်ကြတာကြောင့်လို့ ပြောမလား?)
- Well, we can’ say that either. (အင်း … အဲ့သလိုလဲ ပြောလို့မရပါဘူး)
- Then? (ဒါဆိုရင်)
- There is no sure formula for success. (အောင်မြင်ရေးအတွက် သေချာပေါက် နည်းလမ်းမရှိပါ)
- I’ve something I read sometime ago. (တစ်ခါက ဖတ်ထားတာတစ်ခုတော့ရှိတယ်)
- I call it 9 tips for more success. (ပိုပြီးအောင်မြင်ဖို့ အချက်ကိုးချက်ပါတဲ့ တွန်းအားတစ်ခုလို့ ဆိုချင်ပါတယ်)
- Where did you get the thing? (အဲဒါကို ဘယ်ကနေ ရတာပါလဲ)
- H’m, from a Reader’s Digest . . . it’s already more than ten years old. (Reader’s Digest အဟောင်းတစ်ခုထဲကပါ။ ၁၀ နှစ်ကျော်သွားပြီ)
- Oh, haven’t the ideas become out of date. (အတွေးအခေါ်တွေက မဟောင်းမသွားဘူးလား)
- Let’s se. Here they are (ဒီမှာဖတ်ကြည့်)
(1) If you are successful, you will win false friends and true enemies. (အောင်မြင်လာပြီဆိုရင် အတုအယောင်မိတ်ဆွေတွေရလာမယ်၊ ရန်သူအစစ်အမှန်တွေ တိုးလာမယ်)
Success anyway. (ဒါပေမယ့် . . . အောင်မြင်အောင်သာလုပ်ပါ)
(2) People are unreasonable, illogical and self-center. (လူတွေဟာ ကျိုးကြောင်းမဆင်ခြင် - မတွေးကြ၊ မမြင်ကြတဲ့အတွက် ကိုယ်ကျိုးကိုသာ ကြည့်လွန်းတယ်
Love them anyway. (ဒါပေမယ့်သူတို့ကိုချစ်ပါ)
(3) If you do good, people will accuse you of selfish ulterior movies. (သင်ကောင်းတာလုပ်ရင် အကျိုးလိုလို့ ညောင်ရေလောင်းတယ်လို့ ပြောကြမယ်။
Do good, anyway (ဘာဖြစ်ဖြစ် ကောင်းအောင်လုပ်ပါ၊ ဆက်လုပ်ပါ)
(4) Honesty and frankness make you vulnerable. (ရိုးဖြောင့်ပွင်းလင်းတာဟာ တိုက်ခိုက်ရလွယ်တယ်။ ထိတာနဲ့ပေါက်ကွဲလွယ်တယ်)
Be honest and frank anyway. (ဘာပဲဖြစ်ဖြစ် ရိုးဖြောင့်ပါ၊ ပွင့်လင်းပါ။
(5) The good you do today will be forgotten tomorrow. (သင်ဒီနေ့လုပ်ဖြစ်သွားတဲ့ ကောင်းတာတစ်ခုကို မနက်ဖြန် မေ့သွားလိမ့်မယ်)
Do good anyway. (ဘာဖြစ်ဖြစ် ကောင်းတာလုပ်ပါ)
(6) The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. (အကျိုးပြု အတွေးအခေါ်ကြီးကြီးမားမား လူပုဂ္ဂိုလ်ကြီးကို အတွေးအခေါ်သေးသိမ်တဲ့ လူအသေးစားတွေက အလဲထိုးနိုင်တယ်)
Think big anyway. (ဘာပဲဖြစ်ဖြစ် အကျိုးပြုအတွေး ကြီးကြီးမားမား တွေးပါ)
(7) People favor underdogs, but follow topdogs. (လူတွေက အနှိမ်ခံလူတန်းစားကို အသနားပိုတယ်။ အဲ - အခွင့်ထူးခံလူတန်းစားတွေနောက်ကတော့ တပည့်ခံလိုက်တတ်ကြတယ်)
Fight for some underdogs anyway. (ဘာပဲဖြစ်ဖြစ် အနှိမ်ခံလူတန်းစားဘက်က တိုက်ပွဲဝင်ပါ)
(8) When you spend years building may be destroyed overnight. (အနှစ်နှစ် အလလ တည်ဆောက်ခဲ့တာတွေကို တစ်ညအတွင်းမှာ ဖျက်ဆီးခံရနိုင်တယ်)
Built anyway. (ဘာဖြစ်ဖြစ် တည်ဆောက်ပါ)
(9) Give the world the best you have and you’ll be kicked in the teeth. (သင့်မှာရှိတဲ့ထဲက အကောင်းဆုံးကိုပေးပါ။ ဒါပေမယ့်လည်း ကျေးဇူးကန်းခံရနိုငပါတယ်။ (မျက်နှာကိုအကန်ခံရနိုင်ပါတယ်)
Give the world the best you’ve got anyway. (ဘာပဲဖြစ်ဖြစ် သင့်မှာရှိတဲ့ထဲက အကောင်းဆုံးကိုပေးပါ)
9 Tips for More Success
- Then? (ဒါဆိုရင်)
Sayar Ba Moe (The Light English - No.62, Feb: 2000)
Saturday, 21 March 2020 15:58
First Impression ကောင်းစေမဲ့နည်းလမ်းများ
စိတ်ပညာရှင်တွေရဲ့ ပြောစကားအရ first impression ဟာအလွန်အရေကြီးပါတယ်။ ဒါပေမဲ့ first impression ဟာ သင်ဘယ်လိုလူမျိုးလည်းဆိုတာနဲ့ လားလားမျှမဆိုင်ပါဘူး။
first impression ဟာ ခန္ဓာကိုယ်ဟန်ပန် အနေအထား၊ ပြုမူနေထိုင်ပုံ တွေနဲ့ပဲသက်ဆိုင်ပါတယ်။
ချက်ခြင်းမပြုံးပါနဲ့
လူတစ်ယောက်ကို တွေ့တာနဲ့ ပြုံးပြလိုက်တာက ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်စေတယ်ဆိုတာ လူတွေသိထားကြတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တွေ့ပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ မျက်နှာကို အရင်ကြည့်ပါ။ ချက်ခြင်းမပြုံးပြလိုက်ပါနဲ့။ ၂-၃ စက္ကန့်လောက်ကြာမှ ပြုံးပြလိုက်တာက အကျိုးသက်ရောက်မူ ပိုရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြေားထားကြတယ်။
မျက်လုံးခြင်းအကြာကြီး မဆုံမိစေနဲ့
အမျိုးသားတစ်ယောက်အနေနဲ့ အခြားအမျိုးသားတစ်ယောက်ရဲ့မျက်လုံးကို အကြာကြီးစိုက်ကြည့်နေတာဟာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ လူတစ်ယောက်နဲ့တွေဆုံတဲ့အချိန်ရဲ့ ၆၀ ရာခိုင်နှုန်းသာ မျက်လုံးချင်းစုံအောင် ကြည့်သင့်ပါတယ်။ ဒီစည်းကမ်းချက်ဟာ အမျိုးသားအမျိုးသားချင်းတွေမှာတင်မကပဲ အမျိုးသားအမျိုးသမီးတွေ မှာလည်းလည်း သက်ရောက်မူရှိပါတယ်။
ကိုယ်ဟန်အနေအထား
နိူင်ငံခေါင်းဆောင်ကြီးတွေ အောင်မြင်နေတဲ့ အားကစားသမားတွေကို ကြည့်လိုက်ပါ။ သူတို့ ရဲ့ ပခုံးဒါမှမဟုတ် မျက်လုံးကို အောက်ချပြီး ထားတာတွေ့ရမှာမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ်ဟန်အနေအထား မှန်မှန်ကန်ကန်နေတတ်ပြီး ပြုံးနေလေ့ရှိကြတယ်။
သူတို့ဟာ မိမိကိုယ်ကို ယုံကြည်မူအပြည့်ရှိတတ်ပြီး လူအများကလည်းသူတို့ကို နှစ်သက်ကြပါတယ်။
စိတ်ဝင်စားမူပြပါ
လူစိမ်းတွေနဲ့တွေ့ရတဲ့အခါမှာ လူတိုင်းနီးပါး မိမိကိုယ်ကိုမေးကြတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ “ငါသူတို့ကို ကြိုက်ရဲ့လာ။ သူတို့ကကော ငါ့ကိုကြိုက်ရဲ့လာ။” ဆိုတဲ့မေးခွန်းပါပဲ။
တစ်ခြားတစ်ယောက်ဆီက First Impression ကောင်းကောင်းရချင်တယ်ဆိုရင် အဆိုပါလူရဲ့ပြောစကားတွေကို စိတ်ဝင်တစားနာထောင်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ပဲ ကိုယ်ကချည်း စကားတွေပြောနေရင် ဒါမှမဟုတ် စကားလုပြောနေရင် တစ်ခြားလူအမြင်မှာ မောက်မာတဲ့သူ ဖြစ်သွားပါလိမ့်မယ်။
တစ်ဖက်လူပြောတာကို စိတ်ဝင်စားကြောင်း ပြုံးတာဖြစ်ဖြစ် သူတို့ဖက်လှည့်ကာ နားထောင်ပေးတာဖြစ်ဖြစ် လုပ်ပြနိူင်ပါတယ်။
Credit - Kwee
(zawgyi)
ကိုယ်ဟန်အနေအထား
စိတ်ဝင်စားမူပြပါ
တစ်ဖက်လူပြောတာကို စိတ်ဝင်စားကြောင်း ပြုံးတာဖြစ်ဖြစ် သူတို့ဖက်လှည့်ကာ နားထောင်ပေးတာဖြစ်ဖြစ် လုပ်ပြနိုင်ပါတယ်။
Credit - Kwee
Saturday, 14 March 2020 11:22
လူတိုင်းကို သင့်ရဲ့အစစ်အမှန်ကိုသာ ချပြခြင်းဟာ သင့်ထံကိုလည်း အစစ်အမှန်တွေသာ ရောက်လာစေပါတယ်။
Wednesday, 11 March 2020 16:40
“Emotional dependence (စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရခြင်း)”
စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ဘဝမှာ ဘယ်သူတွေကို မှီခိုနေရပါသလဲ။
Monday, 20 January 2020 14:20
“စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း” (Emotional management)"
စိတ်ခံစားချက် ဆိုတာမှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်၊ နောက်တစ်ပိုင်းက သူတစ်ပါးရဲ့ စိတ်ခံစားချက်။
Monday, 20 January 2020 13:12
စွန့်ခွာသင့်သောလူ (၄) မျိုး
သင်မဖြစ်မနေ စွန့်ခွာသင့်တဲ့လူတွေရှိကိုရှိပါတယ်နော်။ အားနာလို့၊ သံယောဇဉ်ကြီးလို့၊ အရင်းအချာဖြစ်နေလို့ စသဖြင့် အကြောင်းတရားအမျိုးမျိုးကို ထောက်ငဲ့ပြီး သင်မစွန့်ခွာခြင်းဟာ သင့်ကိုသာ ထိခိုက်စေမှာဖြစ်ပါတယ်။
Monday, 30 December 2019 13:53
2020 အထိမခေါ်သွားသင့်ဘဲ 2019 မှာပဲ ထားခဲ့သင့်တဲ့အရာများ
မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ၂၀၂၀ ကို ဖြတ်သန်းကြရတော့မှာပါ။ နှစ်သစ်တစ်ခုကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် သင့်ကိုယ်တိုင်လဲဘယ်လိုအရာတွေနဲ့ ကူးပြောင်းမယ် ဘယ်လိုအရာတွေကို ထားခဲ့မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်တွေ ချထားသင့်ပါတယ်။
Saturday, 27 April 2019 16:13
ဥာဏ်ထိုင်းစေမည့် ဘဝနေထိုင်မှုပုံစံ ၁၀ မျိုး
ဥာဏ်ထိုင်းစေတဲ့ အပြုအမှု နေထိုင်မှုပုံစံတွေက လူ့ပတ်ကျင်းနဲ့ ဆက်သွယ်ပြောဆိုရမယ်အချိန်မှာ အလွန်အခက်အခဲ ဖြစ်စေတတ်ပါတယ်။ ဒီလို နေထိုင်မှုပုံစံတွေ သင့်မှာရှိနေပြီဆိုရင်တော့ အမြန်ဆုံးပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်။
 အောက်ပါအချက်တွေထဲမှာ ကိုယ်ကဘယ်အချက်တွေနဲ့ ကိုက်ညီနေလဲဆိုတာ သိအောင် တိုက်ကြည့်လိုက်ပါအုံးခင်ဗျ။
၁. မနက်စာ မစားခြင်း။
မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို
လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။
၂. အအိပ်လွန်ခြင်း။
အိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။
၃. အိပ်ချိန်နည်းခြင်း။
သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏတွင် မအိပ်ပဲ နေပါက ဦးနှောက်သွေးဆီးမှု နှေးကွေးမှုကြောင့် ဥာဏ်ထိုင်းစေပါတယ်။
၎. အိပ်နေစဉ် ခေါင်းခြုံ ခြင်း။
ခေါင်းခြုံပြီး အိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။
ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။
၅. ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း။
ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတမ်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက
စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေမယ့်
အမူအကျင့်တွေပါ။
၆. တွေးခေါ်မှုနည်းခြင်း။
တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။
တွေးခေါ်မှု နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။
၇. စကားနည်းခြင်း။
ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။
လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊
ကျဗန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက်ကို ကောင်းစေပါတယ်။ ထိုသို့ မပြု လုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။
၈. ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။
၉. သကြားဓာတ် အများအပြား စားသုံးခြင်း။
သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။
အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့
သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။
၁၀. လေမသန့် ခြင်း။
ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ ပေါင်းစုံနေပြီး လေကောင်းလေသန့်
ရှုရှိုက်ရမှုနည်းရင်လည်း အောက်ဆီဂျင်ရရှိမှု နှုန်းနည်းတဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။
Source: May Dim’s Note Book