Wednesday, 01 April 2020 15:19

ဘယ်လို လူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်သင့်ဘူးလဲ

ဘယ်လို လူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်သင့်ဘူးလဲ

လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့ အမျိုးဖြစ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု မရှိဘဲလောကကြီးမှာ နေထိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ သင့်ဘဝပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း ကလည်း အဲ့ဒီ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အပေါင်းအသင်းတွေဟာ သင့်ကိုရှေ့ကိုတွန်းပို့ပေးနိုင်သလို၊ အပေါင်းအသင်းတွေကပဲ သင့်ကိုဆွဲချ နိုင်ပါတယ်။ အပေါင်းအသင်း မကောင်းရင်တော့ သင့်ဘဝဟာတိုးတတ်မှာ မဟုတ်ပါဘူး။ အခုဖော်ပြမဲ့ အပေါင်းအသင်းမျိုး သင့်မှာရှိရင်တော့ သတိထားပေါင်းသင့်ပါတယ်။

(၁) အပျော်အပါးမက်လွန်းသော အပေါင်းအသင်း

သူ့ဘာသာ အပျော်အပါးမက်တာကိစ္စ မရှိပါဘူး။ ဒါပေမဲ့ အပျော်အပါး ကိစ္စကြီး အမြဲခေါ်နေတဲ့ အပေါင်းအသင်းမျိုးကိုတော့ သတိထားဖို့ လိုပါတယ်။ သူတို့ကချမ်းသာလို့ အမြဲအပျော်အပါးကိစ္စ လုပ်နိုင်တာလည်း ရှိတတ်ပါတယ်။ ကိုယ်က ဘဝမှာ ကြိုးစားဖို့ လိုနေသေးသူဆိုရင် ကိုယ့်အခြေအနေ မမေ့သင့်ပါဘူး။ သူတို့လိုအမြဲ အပျော်အပါးလိုက်နေမယ် ဆိုရင်တော့ သင့်ဘဝပဲ ပျက်စီးရမှာပါ။

 

(၂) အဆိုးမြင်သော အပေါင်းအသင်း

နောက်ထပ် သတိထားပြီးပေါင်းသင့်သည့် အပေါင်းအသင်းကတော့ Negative မြင်တတ်တဲ့ အပေါင်းအသင်းမျိုးဖြစ်ပါတယ်။ အမြဲလိုလို တစ်ခုမဟုတ်တစ်ခု အပြစ်အမြဲမြင်နေတတ်ပါတယ်။ တကယ်တော့ အဲ့လိုလူမျိုးတွေက ဘယ်လောက်ပဲကောင်းတဲ့ အရာဖြစ်ဖြစ် အဆိုးမြင်လေ့ရှိတတ်ကြပါတယ်။ အဲ့လို လူတွေဘေးမှာ အနေများရင် မွန်းလဲမွန်းကြပ်သလို သူတို့ရဲ့ အဆိုးမြင်စိတ်တွေလည်း ကူးစက်လာတတတ်ပါတယ်။

 

(၃) သင့်ကို လိုမှသုံးတဲ့ အပေါင်းအသင်း

ဒီလို အပေါင်းအသင်းမျိုးကတော့ သင့်ဆီကို သူတို့တစ်ခုခု လိုချင်မှပဲ ရောက်လာလေ့ရှိပါတယ်။ သင့်ကို မလိုအပ်တော့ချိန်ကျရင် သူတို့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပါလိမ့်မယ်။ Single ဘဝတုန်းကတော့ အရေးလုပ်ပြီး Couple ဘဝရောက်သွားတဲ့ အချိန်မှာတော့ သင့်ကိုအဖက်လုပ်တော့မှာ မဟုတ်ပါဘူး။ ငွေရေး၊ ကြေးရေးအဆင်မပြေခါမှ လာပေါင်းတဲ့ သူငယ်ချင်းမျိုးလည်း ရှိတတ်ပါသေးတယ်။ ဘဝမှာ ပျော်ရွှင်ချင်ရင် အားနားသင့်တဲ့ အရာတွေကိုပဲ အားနာပြီး ပြတ်သားသင့်တဲ့အခါ ပြတ်သားဖို့ လိုအပ်ပါတယ်။

 

(၄) တစ်ကိုယ်ကောင်းဆန်တဲ့ အပေါင်းအသင်း

ဒီအပေါင်းအသင်းမျိုးကတော့ သင့်ဘက်ကို လုံးဝတွေးပေးမှာ မဟုတ်ပါဘူး။ သူတို့အတွက်က လွဲပြီး အခြားအရာတွေ စိတ်မဝင်စားကြပါဘူး။ သူတို့ကောင်းဖို့ ဆိုရင် သူများကိုလည်း ခြေနင်းချရမှာ မကြောက်သူတွေ ဖြစ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးကိုလည်း သတိထားပေါင်းသင့်ပါတယ်။

(Zaw Gyi)

90251442 832926683874316 4730726126572273664 n

 

 

 

register

ဘယ္လို လူမ်ိဳးေတြနဲ႔ အေပါင္းအသင္းမလုပ္သင့္ဘူးလဲ

လူဆိုတာ အသိုင္းအ၀ိုင္းနဲ႔ ေနတတ္တဲ့ အမ်ိဳးျဖစ္ပါတယ္။ လူေတြနဲ့ ေပါင္းသင္းဆက္ဆံမႈ မရွိဘဲေလာကၾကီးမွာ ေနထိုင္ဖို႔ မလြယ္ကူပါဘူး။ ဒါေပမဲ့ သင့္ဘ၀ေပ်ာ္ရႊင္ျခင္း၊ မေပ်ာ္ရႊင္ျခင္း ကလည္း အဲ့ဒီ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ အေပါင္းအသင္းေတြဟာ သင့္ကိုေရွ့ကိုတြန္းပို့ေပးႏိုင္သလို၊ အေပါင္းအသင္းေတြကပဲ သင့္ကိုဆြဲခ် ႏိုင္ပါတယ္။ အေပါင္းအသင္း မေကာင္းရင္ေတာ့ သင့္ဘ၀ဟာတိုးတတ္မွာ မဟုတ္ပါဘူး။ အခုေဖာ္ျပမဲ့ အေပါင္းအသင္းမ်ိဳး သင့္မွာရွိရင္ေတာ့ သတိထားေပါင္းသင့္ပါတယ္။

 

(၁) အေပ်ာ္အပါးမက္လြန္းေသာ အေပါင္းအသင္း

သူ့ဘာသာ အေပ်ာ္အပါးမက္တာကိစၥ မရွိပါဘူး။ ဒါေပမဲ့ အေပ်ာ္အပါး ကိစၥၾကီး အျမဲေခၚေနတဲ့ အေပါင္းအသင္းမ်ိဳးကိုေတာ့ သတိထားဖို႔ လိုပါတယ္။ သူတို့ကခ်မ္းသာလို႔ အျမဲအေပ်ာ္အပါးကိစၥ လုပ္ႏိုင္တာလည္း ရွိတတ္ပါတယ္။ ကိုယ္က ဘ၀မွာ ၾကိဳးစားဖို႔ လိုေနေသးသူဆိုရင္ ကိုယ့္အေျခအေန မေမ့သင့္ပါဘူး။ သူတို့လိုအျမဲ အေပ်ာ္အပါးလိုက္ေနမယ္ ဆိုရင္ေတာ့ သင့္ဘ၀ပဲ ပ်က္စီးရမွာပါ။

 

(၂) အဆိုးျမင္ေသာ အေပါင္းအသင္း

ေနာက္ထပ္ သတိထားျပီးေပါင္းသင့္သည့္ အေပါင္းအသင္းကေတာ့ Negative ျမင္တတ္တဲ့ အေပါင္းအသင္းမ်ိဳးျဖစ္ပါတယ္။ အျမဲလိုလို တစ္ခုမဟုတ္တစ္ခု အျပစ္အျမဲျမင္ေနတတ္ပါတယ္။ တကယ္ေတာ့ အဲ့လိုလူမ်ိဳးေတြက ဘယ္ေလာက္ပဲေကာင္းတဲ့ အရာျဖစ္ျဖစ္ အဆိုးျမင္ေလ့ရွိတတ္ၾကပါတယ္။ အဲ့လို လူေတြေဘးမွာ အေနမ်ားရင္ မြန္းလဲမြန္းၾကပ္သလို သူတို့ရဲ႔ အဆိုးျမင္စိတ္ေတြလည္း ကူးစက္လာတတတ္ပါတယ္။

 

(၃) သင့္ကို လိုမွသံုးတဲ့ အေပါင္းအသင္း

ဒီလို အေပါင္းအသင္းမ်ိဳးကေတာ့ သင့္ဆီကို သူတို့တစ္ခုခု လိုခ်င္မွပဲ ေရာက္လာေလ့ရွိပါတယ္။ သင့္ကို မလိုအပ္ေတာ့ခ်ိန္က်ရင္ သူတို႔ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားပါလိမ့္မယ္။ Single ဘ၀တုန္းကေတာ့ အေရးလုပ္ျပီး Couple ဘ၀ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ သင့္ကိုအဖက္လုပ္ေတာ့မွာ မဟုတ္ပါဘူး။ ေငြေရး၊ ေၾကးေရးအဆင္မေျပခါမွ လာေပါင္းတဲ့ သူငယ္ခ်င္းမ်ိဳးလည္း ရွိတတ္ပါေသးတယ္။ ဘ၀မွာ ေပ်ာ္ရႊင္ခ်င္ရင္ အားနားသင့္တဲ့ အရာေတြကိုပဲ အားနာျပီး ျပတ္သားသင့္တဲ့အခါ ျပတ္သားဖို႔ လိုအပ္ပါတယ္။

 

(၄) တစ္ကိုယ္ေကာင္းဆန္တဲ့ အေပါင္းအသင္း

ဒီအေပါင္းအသင္းမ်ိဳးကေတာ့ သင့္ဘက္ကို လံုး၀ေတြးေပးမွာ မဟုတ္ပါဘူး။ သူတို႔အတြက္က လြဲျပီး အျခားအရာေတြ စိတ္မ၀င္စားၾကပါဘူး။ သူတို့ေကာင္းဖို႔ ဆိုရင္ သူမ်ားကိုလည္း ေျခနင္းခ်ရမွာ မေၾကာက္သူေတြ ျဖစ္ပါတယ္။ ဒီလိုအေပါင္းအသင္းမ်ိဳးကိုလည္း သတိထားေပါင္းသင့္ပါတယ္။