×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 09 November 2018

သူများထက် ခေါင်းတစ်လုံးမသာရင်တောင် ခေါင်းငုံ့မနေရအောင်

တစ်ချို့အရာတွေက အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်းလဲသွားတတ်ပြီး တစ်ခါတစ်လေ ကိုယ်တောင် သတိမထားမိလိုက်ပဲ အဆင်သင့်လက်သင့်ခံလိုက်ရနိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ဘာတစ်ခုမှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ မရှိခဲ့ဘူးဆိုရင်တော့ လောကဓံဆိုတဲ့အရာကြီးရဲ့ ထိုးနှက်ချက်ကို ကျွန်မတို့ ခံစားကြရပါလိမ့်မယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကလေးကနေ တစ်ဆင့်မြင့်ပြီး လူငယ်ဖြစ်လာတဲ့အချိန်က ပြောင်းလဲမှုအကြီးဆုံးနဲ့ အရှိန်အပြင်းဆုံးအချိန်ပါပဲ။

သင်ဟာ မကြာခင်မှာ အသက် ၂၀ပြည့်တော့မယ်။ မကြာခင်မှာပဲ ဆယ်ကျော်သက်အရွယ်ကနေ လူငယ်တစ်ယောက်ဘ၀ကို ကူးပြောင်းရတော့ မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်နဲ့ခန္ဓာကို အပြည့်အ၀ပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

၁. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ပြင်ဆင်ထားပါ။

များသောအားဖြင့် ဆယ်ကျော်သက်အရွယ်လေးတွေဟာ ကျောင်းတက်နေဆဲကလေးတွေဖြစ်နေကြလို့ ငွေကြေးနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေမှာ မိသားစုတွေက ၀င်ရောက်ထိန်းကျောင်းပေးကြတာ များပါတယ်။ ဒါပေမယ့် သင် လူငယ်တစ်ယောက်ဖြစ်သွားပြီဆိုရင်တော့ ကျောင်းတွေပြီး အလုပ်လုပ်တဲ့အခါ အဖက်ဖက်က မမျှော်လင့်ပဲဝင်ရောက်လာမယ့် အခက်အခဲနဲ့ ပြဿနာအများစုကို သင့်ဘာသာသင် ဆုံးဖြတ်ရမယ်။ ငွေရေးကြေးရေးဆိုရင်လည်း သင့်ဘာသာသင် ရှာဖွေရတော့မယ်ဆိုတာကို မမေ့ထားပါနဲ့။ အခုကတည်းက တဖြည်းဖြည်းချင်းဆီ သင့်ခြေထောက်ပေါ်သင်ရပ်နိုင်အောင် ကြိုတင်လေ့ကျင့်ထားပါ။

၂. အသည်းကွဲဖို့ အချိန်မရှိတော့ဘူး။

အရင်ကထက် အလုပ်ရှုပ်လာမယ့် လူငယ်ဘ၀မှာ ပညာတွေလည်း လိုအပ်တဲ့နေရာတွေမှာ ဆက်လက် သင်ကြားရမယ်။ တဖက်ကလည်း အလုပ်တစ်ခု ခိုင်ခိုင်မာမာရရှိအောင် ကြိုးစားရမယ်။ ဒါ့အပြင် ကိုယ်ပိုင် Self Study လုပ်ရင်း လေ့လာရမယ့်အကြောင်းအရာတွေလည်း များပြားလာပြီဖြစ်လို့ သင့်ရဲ့ နှလုံးသားရေးရာကို သင့်တစ်ဘ၀လုံးစာ ဖုံးအုပ်ထားဖို့ အချိန်မရှိတော့ပါဘူး။ ဒါကို ကြိုတင်သိထားလိုက်ပါ။ ဒီလိုမှမဟုတ်ပဲ တစ်ဘ၀လုံးစာအတွက် အချစ်ကိုပဲ ပုံပေးနေဦးမယ်ဆိုရင်တော့ နောက် ဆယ်နှစ်နေရင် သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ သင့်ရဲ့ Level ဟာ ထင်သလောက် တိုးတိုးတက်တက်မြင့်မားလာတာကို တွေ့ရမှာ မဟုတ်ပါဘူး။

၃. သင်ဟာ ဘယ်သူလဲ

သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာကို စဉ်းစားတွေးတောရမယ့်အရွယ်ကို ရောက်နေပါပြီ။ အသက် ၂၀ကျော် လူငယ်ဘ၀တစ်ခုကို ဖြတ်သန်းတဲ့အချိန်မှာ သင် ဘယ်သူလဲဆိုတာ သင့်ကိုယ်သင် သိရှိထားပြီးမှသာ ဘ၀ကို ပျော်ရွှင်ကောင်းမွန်စွာ လျှောက်လှမ်းနိုင်မှာပါ။

ငယ်စဉ်ဆယ်ကျော်သက်ဘ၀တုန်းကတော့ မိသားစုတွေရဲ့ ထောက်ပံ့ပေးမှုနဲ့ လူ့ပတ်ဝန်းကျင်မှာ အုတ်ရောရောကျောက်ရောရော နေလာခဲ့ပေမယ့် သင့်ခြေထောက်ပေါ်သင်ရပ်တည်ဖို့ ကြိုးစားတဲ့အခါ သင့်ရဲ့ ရည်မှန်းချက်နဲ့ ၀ါသနာက ဘာလဲ။

သင့်ရဲ့ ငွေကြေးပြည့်စုံမှုက ဘယ်လိုအနေအထားမှာရှိနေသလဲဆိုတာကို သင် ပြတ်ပြတ်သားသားသိရှိထားမှသာလျှင် လူ့ပတ်ဝန်းကျင်မှာ အမှီအခိုကင်းကင်း၊ စိတ်အနှောင့်အယှက်ကင်းကင်း နေထိုင်နိုင်မှာဖြစ်ပါတယ်။

၎. မိတ်ဆွေတိုင်းဟာ သူငယ်ချင်းမဟုတ်တော့ဘူး

ဆယ်ကျော်သက်အရွယ်မှာ မိတ်ဆွေဆိုတာ မရှိပါဘူး။ သူငယ်ချင်းတွေပဲရှိတာပါ။ တွေ့ဆုံခင်မင်ပြီး သွားပြီဆိုရင် ဒါ ပြောမနာဆိုမနာ တစ်ယောက်အိမ်တစ်ယောက်ကူးလူးပြီး ချစ်ခင်ကြတဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါပြီ။

သင် အသက် ၂၀ကျော်တဲ့အထိ အဲဒီ့လိုပဲ ပေါင်းသင်းဆက်ဆံနေဦးမယ်ဆိုရင်တော့ တအားမှားယွင်းသွားပါလိမ့်မယ်။ လုပ်ငန်းခွင်ထဲမှာတွေ့ဆုံခင်မင်တဲ့သူတိုင်း၊ အကြောင်းအရာတစ်ခုခုကြောင့် တွေ့ဆုံသိကျွမ်းရတဲ့သူတိုင်းဟာ သင့်ရဲ့သူငယ်ချင်းမဟုတ်ပါဘူး။

မတွေ့ရတော့မယ့်အချိန်တွေ၊ မပြောရမယ့်လျှို့ဝှက်ချက်တွေနဲ့ အပေါ်ယံပြုံးပြနှုတ်ဆက်ရုံပဲ ပေါင်းသင်းလို့ရနိုင်မယ့် မိတ်ဆွေတွေချည်းပဲ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သူငယ်ချင်းဆိုတာမရှိတော့ဘူးဆိုတာကို သတိပြုရပါလိမ့်မယ်။

တကယ်တော့ ဆယ်ကျော်သက်အရွယ်ကနေ လူငယ်အဖြစ်ကို ပြောင်းလဲသွားချိန်မှာ သင် ဂရုစိုက်ရမယ့် အချက်တွေ၊ ပြောင်းလဲပြင်ဆင်ရမယ့် အချက်တွေ နည်းတာတော့မဟုတ်ပါဘူး။

ဒါပေမယ့် အဲဒါတွေအားလုံးကိုခြုံကြည့်ပြီး ယေဘူယျအားဖြင့်တော့ အခုပြောပြထားတဲ့အချက်လေးတွေကို သတိထားရှင်သန်မယ်ဆိုရင် အသက် ၃၀ကျော် လူလတ်ပိုင်းအရွယ်ရောက်သွားတဲ့အခါ သူများတွေထက် ခေါင်းတစ်လုံးပိုမမြင့်တောင် သူများတွေအောက် ခေါင်းငုံ့ရမယ့်အဖြစ်ကိုတော့ ရှောင်လွဲနိုင်မှာ သေချာပါတယ်။

အပြောင်းအလဲလုပ်ရတာ သိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကောင်းသောအပြောင်းအလဲဖြစ်ဖို့ကတော့ သင်ကိုယ်တိုင်ကြိုးစားအား ထုတ်ရပါလိမ့်မယ်။

Source; Moda Magazine

Read times Last modified on Wednesday, 29 January 2020 15:11
Rate this articles
(0 votes)