×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 29 May 2017

သင့်ဦးနှောက် စွမ်းရည် ကောင်းအောင် ပြုလုပ်နိုင်သည့် နည်းလမ်း (၇) နည်း

သင့်ဦးနှောက် စွမ်းရည် ကောင်းအောင် ပြုလုပ်နိုင်သည့် နည်းလမ်း (၇) နည်း Google.com

မှတ်ဥာဏ် ပိုကောင်းချင်သလား ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကို ပိုပြီး ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

၁. သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ။

- အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာ ဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။

- Laptop သို့မဟုတ် Tablet တို့၊ I-pad တို့ထဲမှာ စာရိုက်ကာ မှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။

- ဘောပင်ကို စာရွက်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိ သင်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၂. လက်ဟန် ခြေဟန်ကိုလည်း သုံးပါ။

- လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကို ပိုမှတ်မိတတ်ပါတယ်။

၃. မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ။

- နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကို သတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။

- စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာ ကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။

- ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။

၎. အပေါင်းအသင်းများလေကောင်းလေ

- သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကို သိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။

၅. ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ။

- အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကို သက်သာစေပါတယ်။

၆. ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။

- ကော်ဖီမှာ သကြားထည့်သောက်ပါ။ ကဖင်းနဲ့ သကြားတွဲပြီး စားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေပါတယ်။

၇. အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ။

- ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီး ထွက်ရှိစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: thutakabar

Read times Last modified on Saturday, 28 December 2019 11:47
Rate this articles
(4 votes)