အောင်မြင်ခြင်းနဲ့ သတ္တိ
အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။ သတ္တိအရင်ရှိတာပါ။
သူများမစဉ်းစားရဲတာကို စဉ်းစားရဲတယ်၊ သူများမလုပ်ရဲတာကို စလုပ်ရဲတယ်။
မစွန့်စားကြည့်ပဲနဲ့ သင်မဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုလို့ သိတာလဲ၊
သတ္တိရှိတဲ့ ပထမခြေလှမ်းဟာ ဘ၀ကွာခြားမှုရဲ့ အစပါ။
မစွန်းစားရဲခြင်းဟာ အကြီးမားဆုံးစွန့်စားခြင်းဖြစ်တယ်။
ဆုံးရူံးမှုကို စိုးရွှံ့ ခြင်းဟာ အောင်မြင်မူကို ငြင်းဆိုခြင်းဖြစ်တယ်။
ရေဆိုတာ အနံ့အရသာ မရှိဘူးလို့ သိပ္ပံဘာသာက ဆိုပါတယ်။ ရေမှာ အရသာရှိပါတယ်။
ရေတွင်းတစ်တွင်းနဲ့ တစ်တွင်း၊ ရေချောင်းတစ်ချောင်းနဲ့ တစ်ချောင်း၊ အရသာလုံးဝကွာခြားပါတယ်။ ရေရဲ့ အရသာ ရှင်းပြရတာ ခက်ပါတယ်၊ သင်ကိုယ်တိုင် သောက်ကြည့်မှ သိနိုင်မှာပါ။
အခွင့်အရေးနဲ့ ပြတ်သားခြင်း
ယုံကြည်အားထားရတဲ့ ဦးဆောင်သူမှာ ချီတုံချတုံ မရှိပါ။ ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါတယ်။
အချိန်ဆွဲတတ်တဲ့အကျင့်ဟာ မကောင်းဆုံးအကျင့်ထဲမှာ ပါပါတယ်။
ကိုယ်နဲ့ မဆိုင်တဲ့အလုပ်လည်း ကူလုပ်တတ်ပြီဆိုရင် အခွင့်အရေး ကျရောက်လာပါတော့မယ်။
ပါးနပ်လိမ္မာတဲ့ လူအဖို့ ကိစ္စတစ်ခု ကြုံရတိုင်း အခွင့်အရေး ဖြစ်သွားတတ်ပါတယ်။
“ တကယ်လို့များ” ဆိုတဲ့ အတွေးနဲ့ သင့်ရဲ့ ပြတ်သားမူကို မတားဆီးမိပါစေနဲ့၊ တစ်ခါတစ်လေ မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်ဟာ မဆုံးဖြတ်တာထက် သာပါတယ်။
အခွင့်အရေးဆိုတာ အချိန်တိုင်းမှာ ရှိပါတယ်။ အသက်ရှင်နေသေးသ၍ ရှိနေမှာပါ။
Ref: we chat
Aung Ko Latt(AIS)