×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 08 June 2017

အမြဲတမ်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း (၇) ခု

အမြဲတမ်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း (၇) ခု Google.com

၁. ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း

ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်းအမျိုးမျိုးရှိတဲ့အတွက် တေးသီချင်းတွေ နဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့်လည်း မှတ် ဥာဏ်ကောင်းစေပါတယ်။

၂. ဦးနှောက်ကောင်းစေသည့် ဂိမ်းလေ့လာခြင်း

စကားလုံးတွေကို ဆက်ပြီး ကစားရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးပြီး မှတ်ဥာဏ်ထက် မြက်စေပါတယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ်ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည်ညဏ်သွေးကို ကောင်းမွန်စေပါတယ်။

၃. မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ။

ဂိမ်းကို အလွန်အကျွံကစားတာ၊ တီဗီကို အချိန်ကြာကြာ ကြည့်တာတို့သည် မှတ်ဥာဏ်ထုံထိုင်းခြင်းကို ဖြစ်စေပါတယ်။ ထိုအပြုအမူများကို အကြာကြီးထိုင်ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက်နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၎. ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့အတွက် ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးများကို စားပေးပါ။ ဒီအစာတွေကို စားတာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ် အသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက်ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့်လည်း များများလိုအပ်ပါတယ်။

၅. အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း

ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက် စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်ညဏ်လုပ် ငန်းဆောင်တာကို နှေးစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တားပေးပါတယ်။

၆. ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကားအသစ်ကို သင်ယူလေ့လာတာကလည်း ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာသာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင်နိုင်စွမ်း ပိုကောင်းလာ တာကို သင်သတိ ပြုမိမှာပါ။

၇. အနားယူရန် သင်ယူခြင်း

စိတ်ဖိစီးမှုနဲ့ ပူပင် သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေပြီး ကျန်းမာရေးအပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများတာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: lwanmapyay

Read times Last modified on Saturday, 28 December 2019 11:49
Rate this articles
(7 votes)